ယမ်းဂိုဒေါင်ပေါက်ကွဲမှုကြောင့် ကူညီထောက်ပံ့မှုမရရှိသေးတဲ့ နေအိမ် ၁၀ လုံးကျော် ကျန်ရှိနေသေး

ယမ်းဂိုဒေါင်ပေါက်ကွဲမှုကြောင့် ကူညီထောက်ပံ့မှုမရရှိသေးတဲ့ နေအိမ် ၁၀ လုံးကျော် ကျန်ရှိနေသေး

- ရှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကောင်းတပ်ရွာက တအာင်းတပ် TNLA ရဲ့ ယမ်းဂိုဒေါင်ပေါက်ကွဲမှုကြောင့် ကူညီထောက်ပံ့မှုမရရှိသေးတဲ့ ပြည်သူနေအိမ် ၁၀ လုံးကျော် ကျန်ရှိနေသေးတယ်လို့ ဆိုပါတယ်။

- ရှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့အတွင်း ဒုစရိုက်သမားတွေများလာတာကြောင့် စီးပွားရေးလုပ်ငန်းရှင်တွေ လက်နက်ကိုင်ဆောင်ခွင့်ရရှိဖို့ စစ်အုပ်စုလက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ထဲကိုဝင်ရောက်ဖို့  အာဏာပိုင်တွေက ဖိအားပေးနေတယ်လို့ ဆိုပါတယ်။

- ကိုးကန့်တပ် MNDAA ထိန်းချုပ်ထားတဲ့ ရှမ်းပြည်မြောက်ပိုင်း သိန္နီနဲ့ ကွတ်ခိုင်မြို့နယ်တွေမှာ လျှပ်စစ်မီးပြန်လည်ရရှိနေပြီဆိုပေမဲ့ မီတာခဈေးနှုန်းတွေမြင့်တက်နေတာကြောင့် ပြည်သူတွေက မီတာခဈေးနှုန်းလျော့ကောက်ဖို့ တောင်းဆိုနေပါတယ်။

September 14, 2026
- စစ်အုပ်စုက ‘၄၉၂၆ စစ်ဆင်ရေး’ ဆိုတဲ့ နာမည်နဲ့ နေရာ ၅ ခုထက်မနည်းကနေ အပြင်းအထန် ထိုးစစ်ဆင်နေပေမဲ့...
September 14, 2026
- မွန်လူငယ်တွေအနေနဲ့ နိုင်ငံရေးမှာပါဝင်မှုမရှိစေရေးအတွက် စစ်အုပ်စုက မူးယစ်ဆေးဝါးနဲ့...
September 13, 2026
- အာရက္ခပြည်က အသက်မပြည့်သေးတဲ့ ကလေးငယ်တွေဟာ မိဘတွေမသိဘဲ ဘာကြောင့် AA ဆီ ဝင်ရောက်လိုကြတာလဲ...
September 12, 2026
- လမ်းပျက်စီးမှု ဆိုးဝါးနေတဲ့ မော်လမြိုင်မှာ ပြုပြင်မယ့်အစီအစဉ်မရှိဘဲ စစ်အစိုးရက...