ဒီးမော့ဆိုအရှေ့ဖက်ခြမ်းကို စစ်ကောင်စီတပ်မှ မီးကျည်လက်နက် အသုံးပြုပြီး တိုက်ခိုက်

ဒီးမော့ဆိုအရှေ့ဖက်ခြမ်းကို စစ်ကောင်စီတပ်မှ မီးကျည်လက်နက် အသုံးပြုပြီး တိုက်ခိုက်

စစ်ကောင်စီတပ်ကနေ ဒီးမော့ဆိုအရှေ့ဖက်ခြမ်းမှာ အဆောက်အဦးတွေကို လောင်ကျွမ်းစေနိုင်တဲ့ မီးကျည် လက်နက် အသုံးပြုပြီး တိုက်ခိုက်လာတာကို တွေ့ရှိရတယ်လို့ ကရင်နီပြည်အစိုးရ ပြည်ထဲရေးဝန်ကြီးဌာနမှ ဝန်ကြီး ခူညေးရယ်က ပြောပါတယ်။

“ အဲ့မီးကျည်က အဆောက်အဦးတွေ ဘာတွေ လောင်တယ်ပေါ့။ နောက်ပြီးတော့ နောက်ပိုင်းကျတော့ အဲ့ဒီ ထွက်လာတဲ့ အခိုးအငွေ့တွေက ဓါတုတွေ ပါနိုင်တာပေါ့။ ဒါပေမယ့် အတိအကျတော့ မသိဘူးပေါ့နော။ ဘယ်လိုပြောမလဲ စခန်းတို့ အဆောက်အဦးတွေအပေါ် မီးလောင်အောင်ပစ်တဲ့ မီးကျည်မျိုးဖြစ်မှာပေါ့။ အခု အခြေအနေက အဲ့လိုမျိုး သူ သုံးလာတယ်လို့တော့ တွေ့ရတယ်။ “ လို့ ကရင်နီပြည်အစိုးရ ပြည်ထဲရေးဝန်ကြီးဌာနမှ ဝန်ကြီး ခူညေးရယ်က ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၅ရက်နေ့မှာ ဒီးမော့ဆို အရှေ့ဖက်ခြမ်း တစ်နေရာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီပစ်ခတ်တဲ့ မီးကျည် လက်နက်ဟာ ပဲစဉ်းငုံစိုက်ခင်း ထဲကျပြီး တစ်ခင်းလုံး မီးလောင်ခဲ့တယ်လို့ မျက်မြင်ဒေသခံတွေက ပြောပါတယ်။ အဲ့ဒီအနီးတစ်ဝိုက်မှာ မီးကျည်လက်နက် ၃လုံးအထက် ကျရောက်တာ တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။

ကာကွယ်ရေးတပ်ဖွဲ့တွေက ဇန်နဝါရီလ ၂၆ ရက်နေ့မှာ သွားရောက် တူးထုတ်ခဲ့ကြပြီး မြေအောက်မှာ မီးလောင်ကျွမ်းနေဆဲအခြေအနေကို တွေ့ရှိခဲ့ရတယ်လို့ ပြောပါတယ်။ အဲ့ဒီလက်နက်ကနေ ထွက်လာတဲ့ အငွေ့တွေကလည်း ချောင်းဆိုးစေပြီး ၆၀ မမ လက်နက်ကြီး ပုံစံမျိုး ဖြစ်တယ်လို့ မျက်မြင်ဒေသခံတွေက ဆိုကြပါတယ်။

စစ်ကောင်စီတပ်ကနေ အဆိုပါ မီးကျည်လက်နက်အသုံးပြုပြီး ပစ်ခတ်မှုကို ၂၀၂၂ နှစ်ကုန်မှာ ပိုမို အသုံးပြုလာတာကို တွေ့ရှိရတယ်လို့ ဝန်ကြီး ခူညေးရယ်က ဆက်ပြောပါတယ်။

“ ပြီးခဲ့တဲ့ ၂၀၂၂ အလယ် နှစ်လယ်ပိုင်းလောက်မှာ မိုးဗြဲနဲ့ ဖယ်ခုံတောင်ဖက်၊ ဒီးမော့ဆိုအနောက်ခြမ်းတွေ ထိုးစစ်ဆင်လာတဲ့အခါမှာ အဲ့လို လက်နက်သုံးလာတာတော့ အဲ့ကတည်းက ပါပဲ။ ဒါပေမယ့် အဲ့တုန်းကတော့ ခပ်ကျဲကျဲပဲပေါ့။ တခြား လက်နက်ကြီးတွေတော့ ခပ်စိပ်စိပ်ပေါ့။ ဒီနောက်ပိုင်းကတော့ မီးလောင်ကျွမ်းတဲ့ ဗုံးတွေ ၊ မီးကျည်တွေ ပိုပြီးတော့မှ သုံးလာတာတွေ့ရတယ်ပေါ့။ ဒီနှစ်ကုန်လောက်ကနေစပြီးတော့။ “ လို့ ၎င်းက ပြောပါတယ်။

မီးကျည်လက်နက်ကို အာဏာသိမ်းပြီး တိုက်ပွဲ စဖြစ်တဲ့ ကာလမှာ အသုံးပြုတာ မတွေ့ရပေမယ့် ၂၀၂၂ခုနှစ်နောက်ပိုင်းမှာ ပိုမိုအသုံးပြု တိုက်ခိုက်လာတာဟာ လူထိခိုက်သေဆုံးမှုအပြင် ပတ်ဝန်းကျင်ကိုလည်း မီးလောင်ကျွမ်းမှုဖြစ်ပေါ်အောင် လုပ်ဆောင်ခြင်းဖြစ်တယ်လို့ ဝန်ကြီး ခူညေးရယ်က ပြောပါတယ်။

မီးကျည် လက်နက်ကို ညဖက်တွေမှာ အများစု သုံးကြပြီး နေအိမ် အဆောက်အဦးကို လောင်ကျွမ်းစေဖို့ အသုံးပြုတာ ဖြစ်နိုင်တယ်လို့ ၎င်းက သုံးသပ်ထားပါတယ်။

ပုံဟောင်းအသုံးပြုထားသည်။ ( Photo - RFA )
April 30, 2026
ကဆုန်လပြည့်နေ့ အထိမ်းအမှတ်အနေဖြင့် မြန်မာနိုင်ငံတဝှမ်းက အကျဉ်းထောင်အသီးသီးမှာ အကျဉ်းကျခံနေတဲ့...
April 30, 2026
မိုးဦးမိုးဖျား စတင်ရွာသွန်းလာချိန်နဲ့အတူ ကရင်နီပြည်ရှိ လယ်သမားများက စိုက်ပျိုးရာသီသစ်အတွက်...
အမှတ် ၁ - အယ်လ်ဖာစစ်ဒေသ/ မိုးဗြဲနယ် ထုတ်ပြန်သည့် စစ်ရေးပြအခမ်းအနားကို တွေ့ရစဉ်
April 29, 2026
မိုးဗြဲဒေသက ကရင်နီလက်နက်ကိုင်တပ်ဖွဲ့တွေကြား ပစ်ခတ်မှုကြောင့် ၉ဦး သေဆုံးသွားတဲ့အမှုကို...
ဓါတ်ပုံ - Karenni Hope
April 28, 2026
ကရင်နီပြည်၊ နန်းမယ်ခုံမြို့နယ်အတွင်းက ကျေးရွာတရွာမှာ စစ်အုပ်စုရဲ့ လက်နက်ကြီးနဲ့ ဒရုန်း...