ဖရူဆိုတွင် စစ်တပ်က ဒရုန်းဖြင့် ဗုံးကြဲသဖြင့် ၅ လသား ကလေးငယ်အပါအဝင် ၅ ဦး သေဆုံး

ဖရူဆိုတွင် စစ်တပ်က ဒရုန်းဖြင့် ဗုံးကြဲသဖြင့် ၅ လသား ကလေးငယ်အပါအဝင် ၅ ဦး သေဆုံး
ထွန်းမြန်မာဒိုနေးရှင်း
ထွန်းမြန်မာဒိုနေးရှင်း

ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ ကျေးရွာတစ်ရွာကို စစ်တပ်က ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ၅ လသား ကလေးငယ်အပါအဝင် အရပ်သား ၅ ဦး ထိမှန်သေဆုံးခဲ့ကြောင်း ဒေသခံများက ပြောသည်။

ဩဂုတ်လ ၄ ရက်နေ့၊ ညနေ ၆ နာရီကျော်အချိန်တွင် စစ်တပ်၏ ဒရုန်းဗုံး ၂ လုံးဖြင့် တိုက်ခိုက်မှုကြောင့် အမျိုးသား ၃ ဦး ပွဲချင်းပြီး သေဆုံးခဲ့ပြီး ဆေးကုသမှုခံယူရင်း ၂ ဦး ထပ်မံသေဆုံးခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများ က ဆိုသည်။

ဒေသခံတစ်ဦးက “ဒရုန်းနဲ့ လာကြဲတာ၊ နှစ်လုံးကြီးကျတော့ ရွာသားတချို့ ထိသွားတယ်” ဟု ပြောသည်။

သေဆုံးသူများထဲတွင် ၅ လသားအရွယ် မိန်းကလေးငယ်တစ်ဦး၊ အသက် ၄၈ နှစ်အရွယ် အမျိုးသမီးတစ်ဦး၊ အသက် ၆၅ နှစ်အရွယ် အမျိုးသားတစ်ဦးနှင့် အသက်အရွယ် အတည်မပြုနိုင်သေးသည့် အမျိုးသား နှစ်ဦးတို့ ပါဝင်သည်။

အဆိုပါ တိုက်ခိုက်မှုကြောင့် အခြားထိခိုက်ဒဏ်ရာရရှိသူများလည်း ရှိနေပြီး ဆေးကုသမှု ခံယူနေရဆဲ ဖြစ်သည်။

ထို့ပြင် ဩဂုတ်လ ၃ ရက်နေ့ နေ့လယ်ပိုင်းကလည်း ဖရူဆိုမြို့နယ် အရှေ့ဘက်ခြမ်းရှိ မြေပဲစိုက်ပျိုးနေသည့် ဒေသခံပြည်သူများကိုပါ စစ်အုပ်စုက ဒရုန်းဖြင့် ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့သေးသည်။ အဆိုပါ ဒဏ်ရာရရှိခဲ့သည့် အမျိုးသမီးမှာ အသက်အန္တရာယ် စိုးရိမ်စရာမရှိကြောင်း ဆိုသည်။

ကေးလျားမြို့နယ် တာဝန်ရှိသူတစ်ဦးက “ထိခိုက်သွားသူကတော့ အသက် ၄၀ နီးပါးအရွယ် အမျိုးသမီးတစ်ဦး ဖြစ်ပြီး သူ့ရဲ့ နောက်ကျောနည်းနည်း ရယ်၊ ခြေသလုံးပါ ထိခိုက်သွားတယ်” ဟု ကန္တာရဝတီတိုင်း(မ်)သို့ ပြောသည်။

ဖရူဆိုမြို့နယ်အတွင်း ယခုရက်ပိုင်း၌ စစ်အုပ်စုက ဒရုန်းဖြင့် တိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေသဖြင့် သေဆုံးသူနှင့် ထိခိုက်ဒဏ်ရာရသူ များပြားလာကာ ဒေသခံပြည်သူများမှာ စိုးရိမ်ထိတ်လန့်နေကြရသည်။

လက်ရှိတွင် ဒီးမော့ဆို-ဖရူဆို-ဘောလခဲ လမ်းမကြီးကို စစ်အုပ်စုက ဆက်လက်ထိန်းချုပ်ထားပြီး ဒေသခံများနှင့် စစ်ဘေးရှောင်များ ရှိရာနေရာများဘက်သို့ ဒရုန်းများ၊ လက်နက်ကြီးများဖြင့် မကြာခဏ ပစ်ခတ်လျက်ရှိခြင်း ကြောင့် ထိခိုက်သေဆုံးမှုများ ဆက်လက် ဖြစ်ပွားနေကြောင်း မြေပြင်သတင်းရင်းမြစ်များက ဆိုသည်။

KNPP ပါတီ၏ ပထမဆုံး အမျိုးသမီး အတွင်းရေးမှူး (၂) ဖြစ်လာသူ မော်သဲမာ။ / Credit
September 15, 2026
ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP) ၏ လစ်လပ်တာဝန်များ ပြန်လည်ရွေးချယ်ခန့်အပ်ရာတွင်...
September 15, 2026
ကရင်နီပြည်၊ နန်းမယ်ခုံမြို့နယ်ရှိ ကျေးရွာတစ်ရွာကို စစ်အုပ်စုတပ်က အသေခံဒရုန်း (Suicide Drone)...
ကြွက်ဖျက်ဆီးမှုကြောင့် ပျက်စီးသွားသည့် ဖရူဆိုမှ စစ်ဘေးရှောင်များ၏ ပြောင်းခင်းတစ်ခု။ / Crd
September 14, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းတစ်ခုတွင် ယခုနှစ်၌ တစ်ပိုင်တစ်နိုင်...
ဓါတ်ပုံ – (ဒီးမော့ဆိုမြို့နယ် အရှေ့ပိုင်းရှိ စစ်ဘေးရှောင် စာသင်ကျောင်းတစ်ကျောင်းကို တွေ့ရစဉ်။)
September 10, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် (အရှေ့ပိုင်း) ဒေသအတွင်း ဖွင့်လှစ်ထားသည့် စာသင်ကျောင်းအချို့ကို...