မြစ်ကြီးနားတွင် အမျိုသား ၂ ဦး အကြမ်းဖက် ဖမ်ဆီးခံရဟုဆို

မြစ်ကြီးနားတွင် အမျိုသား ၂ ဦး အကြမ်းဖက် ဖမ်ဆီးခံရဟုဆို

မြစ်ကြီးနားမြို့ သီတာရပ်ကွက် အဝိုင်းပတ်လမ်းတောင့်နေရာတွင် အမျိုးသား ၂ဦးကို စစ်ကောင်စီိအဖွဲ့က ယနေ့ မွန်းလွှဲ ၂ နာရီဝန်းကျင်အချိန် အကြမ်းဖက် ဖမ်းဆီးခေါ်ဆောင်သွားကြောင်းသိရသည်။

ဖမ်းဆီးခံရသည့် အမျိုးသား ၂ ဦးသည် ဆိုင်ကယ်စီးနင်းလာချိန် အရပ်ဝတ်ဖြင့် သေနတ်များကိုင်ဆောင်ထားသည့် လူ ၅ ဦးခန့်က  လမ်းပိတ်ဆို့ ဖမ်းဆီးကာ ကြိုးတုတ်ပြီး အိမ်စီးကားတစ်စီးပေါ်တွင် ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု မျက်မြင်တွေ့ရှိခဲ့သည့် ပြည်သူတစ်ဦးက KNG ကိုပြောဆိုခဲ့သည်။

“PDF တွေလားတော့ သေချာမသိရဘူး။ လူငယ်တစ်ယောက်နဲ့ လူလတ်ပိုင်းတစ်ယောက်ဟုတ်တယ်။ သူတို့လုပ်တဲ့ပုံစံက ကြောက်စရာကြီး တစ်ခါတည်း မရရအောင်ဖမ်းပြီးတော့ ခြေထောက်ကော လက် ၂ ဖက်ကော ကြိုတုတ်ပြီးတော့ တင်သွားတယ်။ ဖမ်းခံရတဲ့ ၂ ယောက် စီးလာတဲ့ ဆိုင်ကယ်ကတော့ ကားလမ်းမပေါ်မှာပဲ မောက်နေခဲ့တယ်။ ကြောက်လွန်းလို့ အဝေးကနေပဲ လှမ်းမြင်ရတယ်”ဟုပြောသည်။

စစ်ကောင်စီိအဖွဲ့၏ ဖမ်းဆီးခံရသည့် ၂ ဦးမှာ မည်သူမည်ဝါဖြစ်ကြောင်းအသေးစိတ်မသိရဘဲ လူငယ် ဖြစ်သူ တစ်ဦးနှင့် အသက် ၅၀ နှစ်အရွယ်ရှိသူများဖြစ်ကြသည်ဟုသိရသည်။

အဆိုပါ ဖမ်းဆီးခံရမှုနှင့်ပတ်သက်ပြီး မြစ်ကြီးနား PDF အဖွဲ့ကို KNG သတင်းဌာနမှ ဆက်သွယ်မေးမြန်းကြည့်ရာ PDF အဖွဲ့ဝင်များမဟုတ်ကြောင်း ငြင်းဆိုထားသည်။

ပြီးခဲ့သောနှစ်ကုန်ပိုင်း ဒီဇင်ဘာလအတွင်းမှ စစ်ကောင်စီအဖွဲ့သည် မြစ်ကြီးနားမြို့တွင်း မြို့ပြင် နေရာအနှံ့ ကင်းပုန်းများချထားကာ သွားလာသည့် ပြည်သူများကို စစ်ဆေးမှုများ ပိုမိုတင်းကြပ်ထားသည်ကို မြင်တွေ့ရကြောင်း ပြည်သူများပြောဆိုသည်။

စစ်ကောင်စီတပ်နှင့် ဆက်နွယ်မှုရှိသည့် သူများ၏ ပြောဆိုချက်အရ ဖေဖဝါရီလ ၁ ရက်နေ့မှစကာ မြစ်ကြီးနားမြို့တွင် ၅/ နှင့် ၈/ ကိုင်ဆောင်ထားသူများ လိုက်လံစစ်စစ်ဆေး ဖမ်းဆီးမှုများပြုလုပ်သွားမည်ဖြစ်ကြောင်းလည်း စုံစမ်းသိရှိထားရသည်။

May 23, 2026
ဂျာဘောက်ရာ — ရှမ်းမြောက် မိုးမိတ်နဲ့ မဘိမ်းကြားမှာရှိနေတဲ့ စစ်ဘေးရှောင်တွေကို...
May 22, 2026
အမိုး — စစ်တပ်ဘက်က ပြန်လည်သိမ်းပိုက်ထားတာမကြာသေးတဲ့ စစ်ကိုင်းနဲ့ကချင်အစပ်က...
May 21, 2026
နော်ထွယ့်(ဟူးကောင့်) — အာဏာသိမ်းစစ်တပ်က ဖားကန့်– ကားမိုင်း – နန့်ယားလမ်းပိုင်းကိုပိတ်ပြီး...
မြစ်ကြီးနားမြို့တွင်း မူးယစ်ဆေးဝါးသုံးစွဲနေတဲ့ တစ်ချို့လမ်းကြားနေရာတွေမှာတွေ့ရစဉ်။
May 20, 2026
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ရမ်ပူရပ်ကွက်မှာ မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲသူတွေကို...