ဖားကန့် လုံးခင်း စစ်တပ်ဂိတ်တိုက်ခိုက်ခံရပြီး စစ်ကောင်စီအထိနာ

ဖားကန့် လုံးခင်း စစ်တပ်ဂိတ်တိုက်ခိုက်ခံရပြီး စစ်ကောင်စီအထိနာ

ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအဝင်ရှိ လယ်ပြင် စစ်ကောင်စီ စစ်ဆေးဂိတ် ယနေ့နံနက်ပိုင်း ၂ နာရီဝန်းကျင်အချိန်တွင် တိုက်ခိုက်ခံရပြီး စစ်ကောင်စီဘက်က အထိနာခဲ့ကြောင်းသိရသည်။

ဖားကန့်မြို့အထွက် လုံးခင်းကျေးရွာအဝင် စစ်ကောင်စီအဖွဲ့ တပ်ချထားသည့် လုံးခင်းစစ်ဆေးရေးဂိတ် (ဒေသအခေါ် လယ်ပြင်ဂိတ်) ကို KIA တပ်ရင်း ၆ တပ်ဖွဲ့များ သွားရောက်တိုက်ခဲ့ကြသည်ဟု အမျိုးသမီးတစ်ဦးက KNG ကိုပြောသည်။

”လယ်ပြင်ဂိတ်ခေါ်တာပေါ့ အဲ့မှာစစ်သားတွေအမြဲထိုင်ထားတယ် စစ်ဆေးရေးတွေလုပ်တယ် အဲ့တာကို ဒီမနက်သွားပစ်တာ တိုက်ပွဲကတော့အကြာကြီးပဲဖြစ်တယ် အခုဏက ၈နာရီခွဲထိတောင် ပစ်ခတ်သံတွေကြားနေရတုန်း စကစ (စစ်ကောင်စီ) ဘက်ကအတော်လည်းအထိနာသွားတယ်။ ဒါပေမယ့် ထိခိုက်မှုက အသေးစိတ်မသိရသေးဘူး”ဟုပြောသည်။

လယ်ပြင်ဂိတ်တိုက်ခိုက်ခံရမှုတွင် စစ်ကောင်စီ တပ်ဘက်က အကျအဆုံးရှိခဲ့သည့်အပြင် KIA ဘက်မှ လက်နက်ပစ္စည်းအချို့ကိုလည်း သိမ်းဆည်းရရှိခဲ့သည်ဟု သိရသော်လည်း ဆက်လက်အတည်ပြုနေဆဲဖြစ်သည်။

”လက်နက်ကြီးကတော့ မနေ့ညကတည်းကပစ်နေတာ ဘုရားကုန်းတို့ ပြီးရင်တခြားနေရာကနေရောပဲ ညကလည်းလက်နက်ကြီးတွေတိုက်ပွဲ မဖြစ်ပဲပစ်တာ ။အခုမနက်တိုက်ခိုက်ခံရတော့ သူတို့တပ်စွဲထားတဲ့နေရာတွေ ကနေရမ်းပစ်တော့တာပဲ ကိုးနာရီလောက်ထိကို”ဟုလုံးခင်းမှ အခြားဒေသခံတစ်ဦးကပြောသည်။

လယ်ပြင်စစ်ဆေးရေးဂိတ်သည် အာဏာသိမ်းသည့်နောက်မှ ထိုင်ထားသည့်ဂိတ်ဖြစ်ကြောင်းသိရပြီး စစ်သားအင်အား ၃၀ အထက်နှင့် လိုင်စင်အကြောင်းပြကာ ကုန်တင်ကားများအပါအဝင် လူအဝင်အထွက် စစ်ဆေးခြင်း ပုံမှန်ပြုလုပ်သည့် စစ်ဆေးရေးဂိတ်တစ်ခုဖြစ်သည်။

Most read this week

ဓာတ်ပုံ - (စစ်အုပ်စုတပ် စစ်ကြောင်းတစ်ခုအား တွေ့ရစဉ် / ပုံဟောင်း - Crd)
August 24, 2026
ကချင်ပြည်၊ မြစ်ကြီးနားမြို့နယ်၊ မြစ်ဆုံစီမံကိန်း နေရာတစ်ဝိုက်သို့ စစ်အုပ်စုတပ်ဖွဲ့ဝင်များ စစ်ကား...
August 22, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်အတွင်း ဩဂုတ်လ ၂၀ ရက်နေ့အထိ စစ်အုပ်စုတပ်၏ လေကြောင်းတိုက်ခိုက်မှုများ...
ဓာတ်ပုံ –  KIA နှင့် ပြည်သူများကြား ညှိနှိုင်းမှုများ ပြုလုပ်နေစဉ်။
August 21, 2026
ရှမ်းပြည် မြောက်ပိုင်း၊ မူဆယ်-နမ့်ခမ်းသွား လမ်းပေါ်ရှိ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ဂိတ်ကို...
မန္တလေး-မြစ်ကြီးနား လမ်းပိုင်း၊ အင်းတော်မြို့နယ်အတွင်း မော်တော်ယာဉ်များ ပိတ်ဆို့နေသည့် မြင်ကွင်း။
August 21, 2026
မန္တလေး - မြစ်ကြီးနား လမ်းပိုင်း၊ အင်းတော်မြို့နယ်အတွင်း ယာဉ်များ ပုံမှန် အသုံးပြုနေသည့်...