မိုးကောင်းတွင် SNA ခေါင်းဆောင်အပါအဝင် အဖွဲ့ ၉ ဦးကို ဖမ်းဆီးရမိကြောင်း မိုးကောင်း PDF ထုတ်ပြန်

မိုးကောင်းတွင် SNA ခေါင်းဆောင်အပါအဝင် အဖွဲ့ ၉ ဦးကို ဖမ်းဆီးရမိကြောင်း မိုးကောင်း PDF ထုတ်ပြန်

ကချင်ပြည်နယ် မိုးကောင်းမြို့နယ်တွင် စစ်ကောင်စီ နှင့် အတူ ပူးပေါင်းလုပ်ဆောင်နေသည့်  ရှမ်းနီအမျိုးသားတပ်မတော် SNA ခေါင်းဆောင်အပါအဝင် ၉ ဦးကို မိုးကောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ UG BLACK-K က ဖမ်းဆီးခဲ့ကြောင်း ထုတ်ပြန် ပြောဆိုထားသည်။

ပြီးခဲ့သော ဇန်နဝါရီလ ၂၄ ရက်နေ့ မိုးကောင်းမြို့ အလယ်ရပ်ကွက်တွင်နေထိုင်သည့် SNA ခေါင်းဆောင် ဦးကျော်စိုး(ခ) မင်းမင်းလှိုင်ခေါ်သူ နှင့် အဖွဲ့ဝင်အချို့ကို လခေါင်ကျေးရွာ အနောက်ဘက်ခြမ်းရှိ ပဲစိုက်ခင်းအတွင်း ဖမ်းဆီးရမိနိုင်ခဲ့ကြောင်း  UG BLACK-K မှတာဝန်ရှိသူတစ်ဦးက KNG ကို အတည်ပြုပြောဆိုသည်။

“သူက SNA ခေါင်း‌ဆောင်ပြည်သူ့စစ်ဆိုတာကို ကျနော်တို့စုံစမ်းရရှိထားတယ် ၂၄ ရက်နေ့ ည ၉နာရီလောက်မှာပဲ လခေါင်ရွာအနောက်ဘက်မှာ သူတို့ဟန်ပြလုပ်ထားတဲ့ ပဲခင်းကနေ ဖမ်းဆီးခဲ့တယ်။  သူက ကျနော်တို့ရဲ့ တော်လှန်ရေး လှုပ်ရှားမူတွေကိုလည်း နှောင့်ယှက်တားဆီးတာတွေလုပ်ဆောင်တယ်။ သူကိုယ်တိုင်လည်းထွက်ဆိုထားတယ်။ သူနဲ့ ပါတဲ့အဖွဲ့ကလည်း SNA ဖြစ်ကြောင်းဝန်ခံပါတယ်”ဟုပြောသည်။

SNA အဖွဲ့ ၉ ဦးကို ဖမ်းဆီးရမိခဲ့သည့်အပြင် ၎င်းတို့၏ စစ်ယူနီဖောင်းများကိုလည်း သိမ်းဆည်းရခဲ့ကြောင်းနှင့် လက်ရှိတွင် ဖမ်းဆီးခံရသော သူများကို စစ်ဆေးမေးမြန်းမှုများ ပြုလုပ်နေသေးကြောင်း သူက ဆက်ဆိုသည်။

အဆိုပါ SNA ခေါင်းဆောင် ကျော်စိုး(ခ)မင်းမင်းလှိုင်အဖွဲ့၏ ထွက်ဆိုချက်အပေါ်အခြေခံ၍ ကွင်းဆက်ကို လိုက်လံ စစ်ဆေးခဲ့ရာတွင်  ဇန်နဝါရီလ၂၈ရက်နေ့ နေ့လည် ၁၂နာရီဝန်းကျင် ဖားကန့် – မြစ်ကြီးနားလမ်းတစ်နေရာတွင် ဗန်းမော်အခြေစိုက် တပ်မ ၄၇ မှ ထောက်လှမ်းရေး ဗိုလ်ကြီး ပိုင်သူစိုး(ခ)မင်းစစ်နိုင် ခေါ်သူအား UG BLACK-K မှ ထပ်မံဖမ်းဆီးနိုင်ခဲ့သည်ဟု သိရသည်။

သို့သော် အဆိုပါ ဗန်းမော်အခြေစိုက် တပ်မ ၄၇ မှ ထောက်လှမ်းရေး ဗိုလ်ကြီး ပိုင်သူစိုး(ခ)မင်းစစ်နိုင် ဆိုသူကို စစ်ဆေးမေးမြန်းနေစဉ်အတွင်း သေဆုံးသွားကြောင်းသိရသည်။

အဆိုပါ သေဆုံးသွားသည့် ဗိုလ်ကြီး ပိုင်သူစိုးဆိုသူသည် မိုးကောင်းနှင့် မြစ်ကြီးနားနယ်တစ်လျှောက် အငှားကားသမားဟန်ဆောင်ကာ  သတင်းထောက်လှမ်းလျက်ရှိနေပြီး အမျိုးသမီငယ်တစ်ဦးအား အဓမ္မပြုကျင့်ခဲ့သည့်အပြင် PDF ၂၁ ဦးကို ဖမ်းဆီးခံရအောင် လုပ်ဆောင်ခဲ့ကြောင်းလည်း သူက စစ်ဆေးမေးမြန်းရာတွင် ဝန်ခံပြောဆိုခဲ့သည်ဟု UG BLACK-K အဖွဲ့ ကပြောသည်။

ယခုလို စစ်ကောင်စီအဖွဲ့ဝင်များ ဖမ်းဆီးခံရမှုကြောင့် မိုးကောင်းမြို့တွင်း မြို့ပြင် စစ်ကောင်စီအဖွဲ့က စစ်အင်အားအများအပြားဖြင့် လုံခြုံရေးတင်းကြပ်ထားကာ စစ်ဆေးမေးမြန်းမှုများရှိ နေကြောင်းသိရသည်။

Most read this week

ဓာတ်ပုံ - (စစ်အုပ်စုတပ် စစ်ကြောင်းတစ်ခုအား တွေ့ရစဉ် / ပုံဟောင်း - Crd)
August 24, 2026
ကချင်ပြည်၊ မြစ်ကြီးနားမြို့နယ်၊ မြစ်ဆုံစီမံကိန်း နေရာတစ်ဝိုက်သို့ စစ်အုပ်စုတပ်ဖွဲ့ဝင်များ စစ်ကား...
August 22, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်အတွင်း ဩဂုတ်လ ၂၀ ရက်နေ့အထိ စစ်အုပ်စုတပ်၏ လေကြောင်းတိုက်ခိုက်မှုများ...
ဓာတ်ပုံ –  KIA နှင့် ပြည်သူများကြား ညှိနှိုင်းမှုများ ပြုလုပ်နေစဉ်။
August 21, 2026
ရှမ်းပြည် မြောက်ပိုင်း၊ မူဆယ်-နမ့်ခမ်းသွား လမ်းပေါ်ရှိ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ဂိတ်ကို...
မန္တလေး-မြစ်ကြီးနား လမ်းပိုင်း၊ အင်းတော်မြို့နယ်အတွင်း မော်တော်ယာဉ်များ ပိတ်ဆို့နေသည့် မြင်ကွင်း။
August 21, 2026
မန္တလေး - မြစ်ကြီးနား လမ်းပိုင်း၊ အင်းတော်မြို့နယ်အတွင်း ယာဉ်များ ပုံမှန် အသုံးပြုနေသည့်...