အင်းတော်တွင် PDF နှင့် ဆက်သွယ်သည်ဟုဆိုကာ တစ်ပတ်အတွင်းပြည်သူ ၃ ဦးဖမ်းဆီးခံထားရ

အင်းတော်တွင် PDF နှင့် ဆက်သွယ်သည်ဟုဆိုကာ တစ်ပတ်အတွင်းပြည်သူ ၃ ဦးဖမ်းဆီးခံထားရ

ကချင် စစ်ကိုင်းနယ်စပ် အင်းတော်မြို့တွင် PDF နှင့် ဆက်သွယ်သည်ဟု စွပ်စွဲ၍ ယခုတစ်ပတ်အတွင်း ဒေသခံ ပြည်သူ ၃ ဦး ဖမ်းဆီးခံထားရကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီသည် အင်းတော်မြို့ အောင်မေတ္တာရပ်ကွက်မှ ဦးချစ်ကိုကို(ခ) ဦးဖိုးစီ၊ အောင်မဂ်လာ ရပ်ကွက်မှ လင်မယားနှစ်ဦးဖြစ်သည့် ဦးမြဝင်း(ခ) ကံထူးအောင်နှင့် ဇနီးဖြစ်သူ ဒေါ်သစ်ဆုံတို့ကို PDF နှင့် ဆက်သွယ်ခြင်း၊ NUG ကိုထောက်ပံ့ခြင်းများ လုပ်ဆောင်နေသည်ဟုဆိုကာ ယခုတစ်ပတ်အတွင်း ဖမ်းဆီးခဲ့ကြောင်း Indaw Revolution-IR မှ တာဝန်ရှိသူတစ်ဦး က KNG ကို ပြောသည်။

”သူတို့ကို အမှုဖွင့်မယ်ကြားတယ် အမှုတောင် ဖွင့်လိုက်ပြီလားမသိဘူး။ အခုသူတို့သုံးယောက်လုံးကို အင်းတော်ရဲအချုပ်ခန်းမှာ ထိန်းသိမ်းထားတယ်။ ဟိုလင်မယားကိုတော့ PDF နဲ့ ဆက်သွယ်တယ်ဆိုပြီး ဖမ်းတာ ဦးချစ်ကိုကို ကျတော့ NUG ကျောင်းတွေ မှာ စာအုပ်တွေလှူဒါန်းပေး နေတယ်ဆိုပြီးစွပ် စွဲဖမ်းသွားတာသူကတော့ စာအုပ်ဆိုင်ဖွင့်ထားတာဟုတ်တယ်။ တဖက်သက်စွပ်စွဲပြီးဖမ်းသွားတာဗျ”ဟုပြောသည်။

ဦးချစ်ကိုကိုခေါ်သူသည် ဇန်နဝါရီလ ၂၃ ရက်နေ့ မနက် ၇နာရီအချိန်တွင် စာအုပ်ဆိုင်အတွင်းရှိနေစဥ် ဝင်ရောက်ဖမ်းဆီးခံလိုက်ရပြီး လင်မယားနှစ်ဦးဖြစ်သည့် ဦးမြဝင်းနှင့် ဒေါ်သစ်ဆုံတို့မှာ ဇန်နဝါရီလ ၂၄ ရက်နေ့ မနက်ကိုးနာရီတွင် ထမင်းဆိုင်၌ရှိနေစဥ် ဖမ်းခံလိုက်ရခြင်း ဖြစ်သည်။

အထက်ပါ လင်မယားနှစ်ဦးသည် အင်းတော်တွင် ဒလံဟု နာမည်ကြီးနေသည့် ကိုဝင်းမိုးသူ ယင်းလင်မယားနှစ်ဦး၏ ထမင်းဆိုင်ရှေ့၌ အဖမ်းခံရသည့်နောက် စစ်ကောင်စီ ယင်းလင်မယားနှစ်ဦးကို လာရောက်ဖမ်းဆီးခဲ့သည်။

အင်းတော်တွင် လက်ရှိအချိန်ထိ စစ်ကောင်စီက အကြောင်းအမျိူးမျိုးပြ၍ ဖမ်းဆီးထားသည့် အရပ်သားပြည်သူ ၆၀ နီးပါးအထိ ရှိလာပြီဖြစ်ပြီး ၄၀ ဦးခန့်် လက်ရှိအချိန်ထိ အင်းတော် ရဲအချုပ်ခန်းတွင် ထိမ်းသိမ်းထားခံရဖြစ်ပြီသည်။

July 16, 2026
ကချင်ပြည်အတွင်းရှိ မြို့နယ် ၃ ခုတွင် ယခုရက်ပိုင်းအတွင်း စစ်ရေးတင်းမာမှုများ ရှိနေသည့်အပြင်...
July 16, 2026
ကချင်ဒေသရှိ စစ်ဘေးရှောင်စခန်းများတွင် အမျိုးသမီးများ ကိုယ်တိုင် ဝင်ငွေရှာဖွေနိုင်မည့်...
July 15, 2026
မန္တလေး - မြစ်ကြီးနား ပြည်ထောင်စုလမ်းမကြီး၏ ကသာ–နဘားလမ်းပိုင်းတွင် မော်တော်ယာဉ်အချို့ ပြန်လည်...
July 14, 2026
စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်အတွင်း ဧရာဝတီမြစ်ကူး ဇက်ဆိပ်များကို စစ်တပ်က တစ်ပတ်ကျော်ကြာ ပိတ်ထား...