စစ်တပ်ပစ်ခတ်လိုက်သည့် လက်နက်ကြီး‌ကြောင့် ကလေးငယ်တစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာပြင်းထန်

စစ်တပ်ပစ်ခတ်လိုက်သည့် လက်နက်ကြီး‌ကြောင့် ကလေးငယ်တစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာပြင်းထန်

ကသာမြို့နယ် ကျောက်ထုံးကြီးရွာဘက်သို့ စစ်ကောင်စီတပ်မှ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် ကလေးငယ်တစ်ဦး ပွဲချင်းပြီးသေဆုံးပြီး တစ်ဦးဒဏ်ရာပြင်းထန်စွာ ရရှိ‌ထားကြောင်း ဒေသခံများထံမှ သိရသည်။

ဇန်နဝါရီလ ၂၆ ရက်နေ့ မွန်းလွဲပိုင်း ၂ နာရီဝန်းကျင်တွင် စစ်ကောင်စီတပ်သည် ကသာမြို့ ရပ်ကွက် ၈ လယ်ကွင်းကျောက်ထုံးကြီး ကျေးရွာဘက်သို့ လက်နက်ကြီး ၆ ကြိမ်ထက်မနည်း ပစ်ခတ်ခဲ့ရာ အသက် ၁၂ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး‌ ပွဲချင်းပြီး‌သေဆုံးပြီး အသက် ၁၄ နှစ်အရွယ်ယောကျာ်းလေးတစ်ဦး ဒဏ်ရာပြင်းထန်စွာ ရရှိထားကြောင်း ဒေသခံများကပြောသည်။

“ဦးဆန်းလင်း အိမ်တည့်တည့်ကျတာ သမီးဖြစ်သူက ခေါင်းပွင့်ထွက်ပွဲချင်းပီးဆုံးတယ် အကိုဖြစ်သူက လက်မောင်း စုတ်ပြတ်သတ်ဖြစ်သွားတယ်“ဟုအမည်မဖော်လိုသည့် ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

လက်နက်ကြီးကျရောက်ပေါက်ကွဲချိန် ကလေးငယ်၏ မိဘ ၂ ပါး ဖြစ်သည့် ဦးဆန်းလင်း နှင့် ဒေါ်မျိုးသည် အိမ်အပြင်ခြံဝင်းတွင်း အလုပ်လုပ်ကိုင်နေပြီး ကလေး ၂ ဦးမှာ အိမ်ထဲစော့ကစားနေချိန် ဖြစ်ပွားခဲ့ကြောင်းသိရသည်။

သေဆုံသွားသူမှာ အသက် ၁၂ နှစ်အရွယ် မစန်းဒီလင်းခေါ်သူဖြစ်ပြီး အသက် ၁၄ နှစ်အရွယ် မောင်ဖြိုးသူရလင်းခေါ်သူမှာ လက်မောင်းတစ်ဖက် စုတ်ပြတ်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ယခုလို စစ်ကောင်စီတပ်ဘက်မှ  လက်နက်ကြီးရမ်းသမ်း ပစ်ခတ်နေခြင်းသည် အပြစ်မဲ့ပြည်သူများအား ပစ်မှတ်ထား တိုက်ခိုက်နေခြင်းသာဖြစ်ကြောင်း ဒေသခံများက‌ ပြောဆိုသည်။

“ကျောက်ထုံးကြီးကျေးရွာမှာ ဘာတိုက်ပွဲမှမရှိဘူး တမင်ပြည်သူတွေကို နှိပ်စက်နေတာ“ဟုဒေသခံတစ်ဦးက ပြောသည်။

လက်နက်ကြီးကျရောက်ပေါက်ကွဲသည့် ကျောက်ထုံးကြီးကျေးရွာသည် ကသာမြို့မှ မိုးတား‌လေးသို့သွားသည့် လမ်းမပေါ်တည်ရှိပြီး ကသာမြို့မှ ၁၀ မိုင်ခန့်အကွာတွင်ရှိသည့် ကျေးရွာဖြစ်သည်။

ကျောက်ထုံးကြီးကျေးရွာသို့ လက်နက်ကြီးပစ်ခတ်သည့် စစ်ကောင်စီတပ်သည် တပ်မ ၃၃ နှင့် ၃၀၉ တပ်ရင်းတို့ဖြစ်ကြောင်း ‌သိရသည်။

ထို့အပြင် ဒေသခံများ၏ ပြောပြချက်အရ စစ်ကောင်စီတပ်သည် နေ့စဉ် ကသာနယ်အတွင်းသို့ စစ်ကြောင်းအလုံးအရင်းဖြင့် စစ်အင်အားဖြည့်တင်းနေကြောင်း သိရသည်။

Most read this week

August 22, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်အတွင်း ဩဂုတ်လ ၂၀ ရက်နေ့အထိ စစ်အုပ်စုတပ်၏ လေကြောင်းတိုက်ခိုက်မှုများ...
ဓာတ်ပုံ –  KIA နှင့် ပြည်သူများကြား ညှိနှိုင်းမှုများ ပြုလုပ်နေစဉ်။
August 21, 2026
ရှမ်းပြည် မြောက်ပိုင်း၊ မူဆယ်-နမ့်ခမ်းသွား လမ်းပေါ်ရှိ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ဂိတ်ကို...
မန္တလေး-မြစ်ကြီးနား လမ်းပိုင်း၊ အင်းတော်မြို့နယ်အတွင်း မော်တော်ယာဉ်များ ပိတ်ဆို့နေသည့် မြင်ကွင်း။
August 21, 2026
မန္တလေး - မြစ်ကြီးနား လမ်းပိုင်း၊ အင်းတော်မြို့နယ်အတွင်း ယာဉ်များ ပုံမှန် အသုံးပြုနေသည့်...
ဓာတ်ပုံ - (မြစ်ကြီးနား - မန္တလေး ကားလမ်းပေါ်ရှိ မော်လူးဂိတ်)
August 19, 2026
မန္တလေးမြို့မှ မြစ်ကြီးနားမြို့သို့ ကုန်စည်သယ်ယူရာတွင် အသုံးပြုနေရသည့် ကွင်းလမ်းများ၌...