နန်းဟူးတွေတိုက်ပွဲမှာ KNDF တပ်ရင်း ၁၀ က ဒုတပ်ခွဲမှူး ကျဆုံးခဲ့

နန်းဟူးတွေတိုက်ပွဲမှာ KNDF တပ်ရင်း ၁၀ က ဒုတပ်ခွဲမှူး ကျဆုံးခဲ့

ကရင်နီပြည် ဒီးမော့ဆိုမြို့ နန်းဟူးတွေ တိုက်ပွဲမှာ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် ( KNDF ) တပ်ရင်း ၁၀ က ဒုတပ်ခွဲမှူး ဖိုးချိုမီရယ် ကျဆုံးခဲ့တယ်လို့ KNDF တပ်ရင်း ၁၀ က ယမန်နေ့ (ဇန်နဝါရီလ ၂၄ရက်နေ့) မှာ ထုတ်ပြန်ထားပါတယ်။

ဇန်နဝါရီလ ၂၃ရက်နေ့က စစ်ကောင်စီနဲ့ ဖြစ်ပွားတဲ့ တိုက်ပွဲအတွင်း ကျဆုံးခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ဒီးမော့ဆိုမြို့ နန်းဟူးတွေကျေးရွာမှာ တိုက်ပွဲဖြစ်ပွားခဲ့တာလို့ ကရင်နီပြည်ထဲရေး ဝန်ကြီး ခူညေးရယ်က ဇန်နဝါရီလ ၂၄ရက်နေ့ မှာ ပြောပါတယ်။

“မနေ့က နေ့လည်မှာ သူတို့ လာပစ်တယ်။ အဲဒီဖြစ်တာကတော့ မနက်ပိုင်းပေါ့။ မနက်သူတို့ ခြေလျင်နဲ့လာတယ်။ အဲဒီနန်းဟူးတွေမှာ ကျနော်တို့ KNDF တပ်က တပ်ရင်း ၉ ပေါ့။ အဲဒီမှာ ရှိနေတဲ့အခါကျတော့ အဲဒီမှာ ထပ်တိုက်ရင်ဆိုင်တိုက်ပွဲဖြစ်တော့ တိုက်ပွဲ မနက်ပိုင်းကတော့ ငြိမ်သွားပြီးတော့မှ နေ့လည်လောက်မှာ သူတို့ လေယာဉ်နဲ့ လာပစ်တယ်။ ဟိုး ၁၀၂၊ ၄၂၇ ကနေပြီးတော့ လက်နက်ကြီးတွေနဲ့ ထုတာတို့ အဲဒီလိုမျိုးတွေတော့ရှိတယ်။”

တိုက်ပွဲအတွင်း စစ်ကောင်စီက လေကြောင်းပါအသုံးပြုတိုက်ခိုက်ခဲ့တဲ့အတွက် ကရင်နီဒေသခံကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဘက်က သုံးဦးထိခိုက်ကျဆုံးနိုင်ပြီးအသေးစိတ်ကိုတော့ မသိရသေးဘူးလို့ ခူညေးရယ်က ဆိုပါတယ်။

ကရင်နီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ( KPDF ) ကလည်း ဇန်နဝါရီလ ၂၃ရက်နေ့ မှာ ဒီးမော့ဆိုတိုက်ပွဲတစ်နေရာအတွင်း ရဲဘော်နှစ်ဦး ကျဆုံးခဲ့ရတယ်လို့ ထုတ်ပြန်ထားပါတယ်။ အဲဒီတိုက်ပွဲဖြစ်စဉ်နဲ့ပတ်သက်ပြီး အသေးစိတ်ကို ကန္တာရဝတီတိုင်း( မ် ) အနေနဲ့ စုံစမ်းနေဆဲဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၂ ရက်နေ့မှာလည်း ဒီးမော့ဆို အရှေ့ဘက်ခြမ်းက စစ်ရှောင်အိမ်မှာနေထိုင်တဲ့ သားအမိ သုံးဦး စစ်ကောင်စီ ပစ်ခတ်တဲ့ လက်နက်ကြီးကြောင့် ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

ဒီးမော့ဆိုအရှေ့ဘက်ခြမ်းမှာလည်း ဇန်နဝါရီလ ၂၅ ရက်‌နေ့မှာ တိုက်ပွဲပြင်းထန်နေပြီး လက်နက်ကြီး ပစ်ခတ်မှုတွေရှိနေတဲ့အတွက် စစ်ရှောင်တချို့က ပြောင်းရွေ့နေထိုင်ကြရပါတယ်။

ပုံဟောင်းအသုံးပြုထားသည်။ ( Photo - RFA )
April 30, 2026
ကဆုန်လပြည့်နေ့ အထိမ်းအမှတ်အနေဖြင့် မြန်မာနိုင်ငံတဝှမ်းက အကျဉ်းထောင်အသီးသီးမှာ အကျဉ်းကျခံနေတဲ့...
April 30, 2026
မိုးဦးမိုးဖျား စတင်ရွာသွန်းလာချိန်နဲ့အတူ ကရင်နီပြည်ရှိ လယ်သမားများက စိုက်ပျိုးရာသီသစ်အတွက်...
အမှတ် ၁ - အယ်လ်ဖာစစ်ဒေသ/ မိုးဗြဲနယ် ထုတ်ပြန်သည့် စစ်ရေးပြအခမ်းအနားကို တွေ့ရစဉ်
April 29, 2026
မိုးဗြဲဒေသက ကရင်နီလက်နက်ကိုင်တပ်ဖွဲ့တွေကြား ပစ်ခတ်မှုကြောင့် ၉ဦး သေဆုံးသွားတဲ့အမှုကို...
ဓါတ်ပုံ - Karenni Hope
April 28, 2026
ကရင်နီပြည်၊ နန်းမယ်ခုံမြို့နယ်အတွင်းက ကျေးရွာတရွာမှာ စစ်အုပ်စုရဲ့ လက်နက်ကြီးနဲ့ ဒရုန်း...