ငြိမ်းချမ်းရေးအတွက် မြန်မာအမျိုးသမီးများ၏အသံ စာအုပ် ထုတ်ဝေ

ငြိမ်းချမ်းရေးအတွက် မြန်မာအမျိုးသမီးများ၏အသံ စာအုပ် ထုတ်ဝေ
by -
မဇ္ဈိမ
မြန်မာ့ငြိမ်းချမ်းရေး ဖြစ်စဉ်တွင် အမျိုးသမီးများ ပါဝင်လာနိုင်ရေးအတွက် ရည်ရွယ်ပြီး ငြိမ်းချမ်းရေးအတွက် မြန်မာအမျိုးသမီးများ၏ အသံ စာအုပ်ကို ထုတ်ဝေခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံ ကျား/မ ရေးရာ လေ့လာရေး သိပ္ပံ (Myanmar Institute of Gender Studies) မှ ဦးဆောင် ထုတ်ဝေသည့် ငြိမ်းချမ်းရေးအတွက် မြန်မာအမျိုးသမီးများ၏ အသံ စာအုပ်မိတ်ဆက်ပွဲကို စက်တင်ဘာလ ၂၁ ရက်နေ့တွင် ရန်ကုန်မြို့၊ Green Hill ဟိုတယ်၌ ပြုလုပ်ခဲ့သည်။

အဆိုပါ စာအုပ်တွင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် အမျိုးသမီးများ ရင်ဆိုင်နေရသည့် စိန်ခေါ်မှု၊ အမျိုးသမီးများ ပါဝင်မှု၊ အမျိုးသမီးများအတွက် ပဋိပက္ခများကို ကြိုတင်ကာကွယ်ခြင်း၊ ကာကွယ်စောင့်ရှောက် ခြင်း၊ ပြန်လည်ကုစားမှုနှင့် ပြန်လည်ထူထောင်ရေး လိုအပ်ချက်များကို နယ်အသီးသီးမှာ အမျိုးသမီးများက ဆွေးနွေးထားသည့် အကြောင်းအရာများ ပါဝင်သည်။

အဆိုပါ အကြောင်းအရာများမှာ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီး တို့မှ အမျိုးသမီးနှင့် ငြိမ်းချမ်းရေး၊ လုံခြံုရေး သင်တန်း တက်ရောက်ခဲ့သည့် အမျိုးသမီး ၄၂၀ ဦးတို့၏ အသံများကို စုစည်းဖော်ပြထားခြင်း ဖြစ်သည်။

ငြိမ်းချမ်းရေးအတွက် မြန်မာအမျိုးသမီးများ၏ အသံ စာအုပ်၌ အခန်း ၈ ခန်း ပါဝင်ပြီး ငြိမ်းချမ်းရေး တည်ဆောက်မှုလုပ်ငန်းစဉ်များ၊ စေ့စပ်ဆွေးနွေးပွဲများတွင် အမျိုးသမီးများ၏ အခန်းကဏ္ဍ အရေးကြီးသည့် အကြောင်းအရာ၊ ပြည်ထောင်စု အဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ပူးတွဲစောင့်ကြည့်ရေး ကော်မတီတွင် အမျိုးသမီး မပါဝင်သော်လည်း ပြည်နယ်အဆင့်များတွင် အမျိုးသမီးကိုယ်စားလှယ်များ ပါဝင်လာနိုင်သည့် အကြောင်းအရာများလည်း ထည့်သွင်း ရေးသားထားသည်။

စာအုပ်ကို ၂၀၁၆ ခုနှစ် အောက်တိုဘာလမှ ၂၀၁၇ ခုနှစ် စက်တင်ဘာလ အထိ တစ်နှစ်တာ စီမံကိန်းဖြင့် ပြုစုခဲ့သည်ဟု Myanmar Institute of Gender Studies အဖွဲ့မှ သိရသည်။

May 1, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့၏ ဧပြီ ၃၀  ရက် လွတ်ငြိမ်းတွင် “နိုင်ငံရေးအကျဉ်း သား (...
April 30, 2026
မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်ရှိ ဇီးဖြူကောင်း ရွာနှင့် ရေပုတ်ရွာများရှိ...
April 29, 2026
Zee Tee — အာရက္ခတပ်တော် (AA)နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့...
April 28, 2026
မောင်ခက်နွေ — အမျိုးသားစာပေဆုရှင်၊ အငြိမ်းစားကျောင်းဆရာနှင့် နာမည်ကျော် "ရိုးမပေါ်ကျတဲ့မျက်ရည်"...