လွိုင်ကော်မြို့ ဖာ့တီမာမယ်တော်ဂူအနီးမှာ သုံးရက်ဆက် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ထိခိုက်ကျဆုံးမှုရှိ

လွိုင်ကော်မြို့ ဖာ့တီမာမယ်တော်ဂူအနီးမှာ သုံးရက်ဆက် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ထိခိုက်ကျဆုံးမှုရှိ

ကရင်နီပြည် လွိုင်ကော်မြို့ ဖာ့တီမာ မယ်တော်ဂူမှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီနဲ့ ဒေသခံပူးပေါင်းတပ်ဖွဲ့တို့ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၉ ရက်နေ့ကနေ ၂၁ရက်နေ့အထိ သုံးရက်ဆက် တိုက်ပွဲဖြစ်ပွားခဲ့ပြီး နှစ်ဖက်် ထိခိုက်ကျဆုံးမှု ရှိခဲ့တယ် KNDF သတင်းနှင့် ပြန်ကြားရေး တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

အဲဒီတိုက်ပွဲအတွင်း KNDF B-12 က ရဲဘော်တစ်ဦး၊ လွိုင်ကော် PDF ကရဲဘော်တစ်ဦးကျဆုံးခဲ့ပြီး စစ်ကောင်စီဘက်က သေဆုံးမှု ရှိခဲ့ပေမယ့် အတိအကျ မသိရသေးဘူးလို့ ဆိုပါတယ်။ လက်ရှိမှာတော့ စစ်ကောင်စီက ပြန်လည်ဆုတ်ခွာသွားပေမယ့် အဲဒီအနီးအနားကျေးရွာထဲက နေအိမ်တွေ၊ ဆိုင်ကယ်တွေကို ဖျက်စီးသွားတာတွေ့ရတယ်လို့ ဆိုပါတယ်။

“စစ်ကောင်စီကတော့ ဖာ့တီမာနဲ့ ဖာ့တီမာရယ် လွယ်ထွဲရွာရယ် အဲဒီအနီးအနားမှာတော့ ရှိနေသေးတယ်ပေါ့နော။ ဒါပေမယ့် အဲဒီမယ်တော်ဂူနားတစ်ဝိုက်ကိုတော့ ကျနော်တို့ ရှင်းလင်းရေး လုပ်နိုင်ခဲ့တယ်ပေါ့နော။ ကျနော်တို့ ဘက်ကနေပြီးတော့။ “ လို့ KNDF သတင်းနှင့် ပြန်ကြားရေး တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားနေတဲ့အတွက် လူထုတွေအနေနဲ့ အသွားအလာ မပြုလုပ်ကြဖို့ KNDF B-02 က ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၀ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

“လွိုင်ကော်မှာတော့ ဒီမနက်ပိုင်းမှာ လက်နက်ကြီး ပစ်ခတ်တာတွေရှိတယ်။ အခုတော့ မကြားရတော့ဘူး။ မြို့ထဲမှာလည်း စစ်သားတွေအပြည့် တင်ထားတဲ့ စစ်ကားတစ်စီး ပတ်နေတာတွေ့တယ်။ ဟတ်စကီးလည်း ဝဲနေတယ်။” လို့ လက်ရှိ လွိုင်ကော်မြို့လက်ရှိ အခြေအနေနဲ့ ပတ်သက်ပြီး ဒေသခံ တစ်ဦးက ပြောပါတယ်။

လက်ရှိမှာလည်း စစ်ကောင်စီက လွယ်ထွဲကျေးရွာဘက်ကို စစ်ကားလေးစီးနဲ့ အင်အားဖြည့်နေတဲ့အတွက် တိုက်ပွဲတွေ ထပ်မံဖြစ်ပွားနိုင်ပြီး ဒေသခံတွေအနေနဲ့ သွားလာလှုပ်ရှားမှုတွေ မပြုလုပ်သေးဖို့ KNDF သတင်းနှင့် ပြန်ကြားရေး တာဝန်ရှိသူတစ်ဦးက တိုက်တွန်းထားပါတယ်။

ပုံဟောင်းအသုံးပြုထားသည်။ ( Photo - RFA )
April 30, 2026
ကဆုန်လပြည့်နေ့ အထိမ်းအမှတ်အနေဖြင့် မြန်မာနိုင်ငံတဝှမ်းက အကျဉ်းထောင်အသီးသီးမှာ အကျဉ်းကျခံနေတဲ့...
April 30, 2026
မိုးဦးမိုးဖျား စတင်ရွာသွန်းလာချိန်နဲ့အတူ ကရင်နီပြည်ရှိ လယ်သမားများက စိုက်ပျိုးရာသီသစ်အတွက်...
အမှတ် ၁ - အယ်လ်ဖာစစ်ဒေသ/ မိုးဗြဲနယ် ထုတ်ပြန်သည့် စစ်ရေးပြအခမ်းအနားကို တွေ့ရစဉ်
April 29, 2026
မိုးဗြဲဒေသက ကရင်နီလက်နက်ကိုင်တပ်ဖွဲ့တွေကြား ပစ်ခတ်မှုကြောင့် ၉ဦး သေဆုံးသွားတဲ့အမှုကို...
ဓါတ်ပုံ - Karenni Hope
April 28, 2026
ကရင်နီပြည်၊ နန်းမယ်ခုံမြို့နယ်အတွင်းက ကျေးရွာတရွာမှာ စစ်အုပ်စုရဲ့ လက်နက်ကြီးနဲ့ ဒရုန်း...