ဖားကန့်တွင် ကုမ္ပဏီဝင်းတစ်ခုအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းတစ်ခုကို KIA ၊ PDF ကသွားရောက်တိုက်ခိုက်

ဖားကန့်တွင် ကုမ္ပဏီဝင်းတစ်ခုအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းတစ်ခုကို KIA ၊ PDF ကသွားရောက်တိုက်ခိုက်

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ယူမာကျေးရွာ အဲဗားကုမ္ပဏီဝင်းအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းတစ်ခုကို KIA နှင့် PDF ပူးပေါင်းတပ်တို့က ယနေ့ နံနက်ပိုင်းတွင်သွားရောက် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယူမာကျေးရွာ၏ အနောက်ဘက်ကြော ရပ်ကွက်သုံးရှိ အဲဗားကုမ္ပဏီဝင်းတွင် ယခုရက်ပိုင်းအတွင်းမှလာရောက် တပ်စွဲ နေထိုင်နေသည့် စစ်ကောင်စီတပ်စခန်းကို KIA ၊ PDF တို့က ယနေ့ နံနက် ၄နာရီ ခန့်အချိန်တွင် သွားရောက်တိုက်ခိုက်ခဲ့ကြောင်း ဖားကန့် ဒေသခံ KIA နှင့် နီးစပ်သူအမျိုးသားတစ်ဦးက KNG သတင်းဌာနကိုပြောသည်။

”အဲ့ဒီကျောက်သွေးတောင်နဲ့ယူမာကြား ယူမာထဲက ကုမ္ပဏီရဲဲ့အဆောင်တွေမှာ သူတို့က တပ်စွဲနေထိုင် နေတာ အဲ့တာကိုသွားပစ်တာ ဒီဘက်ကပစ်တော့ သူတို့ဘက်ကလည်းပြန်ပစ်နဲ့ မိနစ်လေးဆယ်ကျော် ကျော်လောက်တော့ပစ်ကြတယ် ။အထိအခိုက်ကတော့ သေချာမသိရသေးဘူးစစ်ကောင်စီဘက်က ထိခိုက်တော့ရှိတယ်သိရတယ်စုံစမ်းနေတုန်း”ဟုအထက်ပါအမျိုးသားကပြောသည်။

စစ်သားအင်အား ၂၀ ကျော်သာရှိသည့် အဆိုပါ တပ်စခန်းသည် တပ်ထိုင်ထားသည်မှာ ၁၀ ရက်ကျော်အတွင်း တပ်စခန်းရှေ့ သွားလာသော ပြည်သူများကိုလည်း စစ်ဆေး ခြိမ်းလန့်မှုများရှိနေကြောင်း သိရသည်။

”ဒီကောင်တွေကအခုအဲ့မှာရှိတာလေး ယူမာနောက်ကြောဘက်ကျမယ် ယူမာတောင်ကြောပေါ့အဲ့မှာတပ်စွဲ ထားတာ ဒီကောင်တွေက အောက်ဆင်းဆင်းပြီးပြည် သူတွေကိုဒုက္ခပေးပေးတာ အခုတပ ဆုတ်သွား လာမဆုတ်သေးဘူးလားမသိရသေးဘူး မနက် ၆နာရီလောက်မှာတောင်သူတို့အဲ့ကနေ လက်နက်ငယ် တစ်ချက်တစ်ချက်ပစ်သေးတယ်”ဟုအခြားဒေသခံအမျိူးသားတစ်ဦးကပြောသည်။

KIA ၊ PDF သွားရောက်ပစ်ခတ်မှုကြောင့် စစ်ကောင်စီတပ်ဘက်ကကျဆုံးမှုရှိမရှိနှင့် တပ်ဆုတ်သွားခြင်းရှိမရှိကိုစုံစမ်းနေဆဲ ဖြစ်သည်။

စစ်ကောင်စီသည် ၂၀၂၂ ခုနှစ်ကတည်းက ဖားကန့်ဒေသရှိ ကျောက်စိမ်းလုပ်ကွက် ကုမ္ပဏီဝင်းများအတွင်းတပ်စွဲနေထိုင်ခြင်း၊ ကျောက်စိမ်းလုပ်သားများနှင့် ကုမ္ပဏီကိုယ်စားလှယ်များကို ဖမ်းဆီးခြင်း ၊ ငွေကြေးကောက်ခံခြင်းများပိုမိုပြုလုပ်လာသည်။

ဇန်နဝါရီလ ၂၁ရက်နေ့ညကလည်း ဖားကန့်မြို့ မှော်ဝှမ်းရပ်ကွက်ရှိ မြို့နယ်ထွေအုပ်ရုး လက်နက်ကြီးငါးလုံးဖြင့်ပစ်ခတ်တိုက်ခိုက်ခံရပြီး ထိခိုက်၊ပျက်စီးမှုများရှိခဲ့သည်။

ဓာတ်ပုံ - (စစ်အုပ်စုတပ် စစ်ကြောင်းတစ်ခုအား တွေ့ရစဉ် / ပုံဟောင်း - Crd)
August 24, 2026
ကချင်ပြည်၊ မြစ်ကြီးနားမြို့နယ်၊ မြစ်ဆုံစီမံကိန်း နေရာတစ်ဝိုက်သို့ စစ်အုပ်စုတပ်ဖွဲ့ဝင်များ စစ်ကား...
August 22, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်အတွင်း ဩဂုတ်လ ၂၀ ရက်နေ့အထိ စစ်အုပ်စုတပ်၏ လေကြောင်းတိုက်ခိုက်မှုများ...
ဓာတ်ပုံ –  KIA နှင့် ပြည်သူများကြား ညှိနှိုင်းမှုများ ပြုလုပ်နေစဉ်။
August 21, 2026
ရှမ်းပြည် မြောက်ပိုင်း၊ မူဆယ်-နမ့်ခမ်းသွား လမ်းပေါ်ရှိ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ဂိတ်ကို...
မန္တလေး-မြစ်ကြီးနား လမ်းပိုင်း၊ အင်းတော်မြို့နယ်အတွင်း မော်တော်ယာဉ်များ ပိတ်ဆို့နေသည့် မြင်ကွင်း။
August 21, 2026
မန္တလေး - မြစ်ကြီးနား လမ်းပိုင်း၊ အင်းတော်မြို့နယ်အတွင်း ယာဉ်များ ပုံမှန် အသုံးပြုနေသည့်...