ကသာနယ်တွင် စစ်ကောင်စီ ဗုံးကျဲတိုက်ခိုက်မှုကြောင့် အပြစ်မဲ့ ပြည်သူ ၇ ဦးသေဆုံးပြီး ၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိ

ကသာနယ်တွင် စစ်ကောင်စီ ဗုံးကျဲတိုက်ခိုက်မှုကြောင့် အပြစ်မဲ့ ပြည်သူ ၇ ဦးသေဆုံးပြီး ၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိ

စစ်ကိုင်းတိုင်းဒေသ ကသာမြို့နယ် မိုးတားလေးကျေးရွာကို စစ်ကောင်စီတပ် ဂျက်လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့သည့်အတွက် ဒေသခံ ၇ ဦးသေဆုံးပြီး ၅ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှသိရသည်။

ဇန်နဝါရီလ ၁၈ ရက်နေ့ ညနေပိုင်း ၄ နာရီဝန်းကျင်တွင် စစ်ကောင်စီတပ်သည် ထိတွေ့တိုက်ပွဲဖြစ်ပွားနေသည့် ၃ မိုင်ခန့်အကွာရှိ မိုးတားလေးကျေးရွာကို ရှည်ရွယ်ချက်ရှိရှိ လာရောက်ဗုံးကျဲတိုက်ခိုက်ခဲ့သည်ဟု ဒေသခံသတင်းအရင်းအမြစ် တစ်ဦးက KNG ကိုပြောသည်။

“တိုက်ပွဲဖြစ်တာက မိုးတားလေးရွာနဲ့ ၃မိုင်ကျော်လောက်မှာပဲဖြစ်တာ။ အဲ့နေရာမှာလည်း ဗုံးလာကျဲသွားတယ် ပြီးရင် ဘာမှမဆိုင်တဲ့ ရွာထဲကိုလည်း လာကျဲသွားတဲ့အတွက် အလှူလုပ်နေတဲ့ အိမ်မှာထိသွားတာဟုတ်တယ်”ဟုပြောသည်။

စစ်ကောင်စီ၏ ဗုံးကျဲတိုက်ခိုက်မှုကြောင့်  အပြစ်မဲ့ပြည်သူများဖြစ်ကြသည့် မစန်းမြင့်၊ ဒေါ်တင်ငြိမ်း၊ မအေးခိုင်၊ ဒေါ်ညို၊ မခင်မာကြည်၊ မဥ နှင့် ကိုမောင်လွင်တို့သည် ဗုံးစထိမှန်သေဆုံးသွားပြီး အဆိုပါ သေဆုံးမှုတွင် အမျိုးသမီး ၆ ဦးနှင့် အမျိုးသား တစ်ဦးပါဝင်သည်။

သေဆုံးမှုရှိခဲ့သည့်အနက်  ဒဏ်ရာပြင်းထန်ရရှိသွားသူများမှာ ဦးဝေလင်းထွန်း၊ မကြူနွယ်နှင့် သူ၏ သမီးဖြစ်သူ အပါအဝင် အမည်မသိ ၂ ဦးနှင့် စုစုပေါင်း ၅ ဦးအထိရှိကြောင်းသိရသည်။

“အခုမနက်ထိတော့ သေတဲ့စာရင်းကအတည်ပြုနိုင်တာ ၇ ယောက်ပါ။ တစ်ချို့တွေက မီးထဲပါသွားတာတော့ ရုပ်ကြည့်မရဖြစ်သွားတယ်။ နောက်ပြီး အိမ်မွေးတိရိတ္ဆန်တွေလည်း သေတာများတယ်”ဟုသတင်းအရင်းမြစ်ကဆက်ဆိုသည်။

ကသာမြို့နယ် မိုးတားတိုက်နယ်နှင့် အင်းရွာတိုက်နယ်တစ်လျှောက် ရွာနှင့် ၃ မိုင်ခန့်ဝေးသည့်နေရာတွင် ယခုရပိုင်း စစ်ကောင်စီတပ်နှင့် ကျောင်းသားတပ် ABSDF ၊ ပြည်သူ့ကာကွယ်ရေးတပ်တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ထိုတိုက်ပွဲတွင် စစ်ကောင်စီတဘက်အထိနာခဲ့သည့်အတွက် ယခုလို လေကြောင်းလိုင်းဖြင့် တန်ပြန်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟုသိရသည်။

လက်ရှိတွင် အဆိုပါ တိုက်ပွဲဖြစ်ပွားနေသည့် နေရာတစ်လျှောက်တွင် စစ်ရေးတင်းမာလျက်ရှိနေကြောင်း ဒေသခံပြည်သူများ၏ ပြောပြချက်အရသိရသည်။

ကသာမြို့နယ်တွင် စစ်ကောင်စီတပ်၏ လေကြောင်းပစ်ခတ်တိုက်ခိုက်မှုသည် ပြီးခဲ့သောနှစ် ၂၀၂၂ ခုနှစ်တွင် ၈ ကြိမ်ထက်မနည်းရှိခဲ့ပြီး တိုက်ပွဲရှောင် ကျေးရွာ ၇ ခန့်မှ ပြည်သူများ ဘေးလွတ်ရာသို့ တိမ်းရှောင်လျက်ရှိနေပါသည်။

ဓာတ်ပုံ - (စစ်အုပ်စုတပ် စစ်ကြောင်းတစ်ခုအား တွေ့ရစဉ် / ပုံဟောင်း - Crd)
August 24, 2026
ကချင်ပြည်၊ မြစ်ကြီးနားမြို့နယ်၊ မြစ်ဆုံစီမံကိန်း နေရာတစ်ဝိုက်သို့ စစ်အုပ်စုတပ်ဖွဲ့ဝင်များ စစ်ကား...
August 22, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်အတွင်း ဩဂုတ်လ ၂၀ ရက်နေ့အထိ စစ်အုပ်စုတပ်၏ လေကြောင်းတိုက်ခိုက်မှုများ...
ဓာတ်ပုံ –  KIA နှင့် ပြည်သူများကြား ညှိနှိုင်းမှုများ ပြုလုပ်နေစဉ်။
August 21, 2026
ရှမ်းပြည် မြောက်ပိုင်း၊ မူဆယ်-နမ့်ခမ်းသွား လမ်းပေါ်ရှိ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ဂိတ်ကို...
မန္တလေး-မြစ်ကြီးနား လမ်းပိုင်း၊ အင်းတော်မြို့နယ်အတွင်း မော်တော်ယာဉ်များ ပိတ်ဆို့နေသည့် မြင်ကွင်း။
August 21, 2026
မန္တလေး - မြစ်ကြီးနား လမ်းပိုင်း၊ အင်းတော်မြို့နယ်အတွင်း ယာဉ်များ ပုံမှန် အသုံးပြုနေသည့်...