လက်နက်အပြည့်အစုံနဲ့ CDM ပြုလုပ်တဲ့ တပ်မ ၆၆ လက်အောက်ခံတပ်သားတစ်ဦးကို ဂုဏ်ပြုငွေ သိန်း (၃၀) ချီးမြှင့်

လက်နက်အပြည့်အစုံနဲ့ CDM ပြုလုပ်တဲ့ တပ်မ ၆၆ လက်အောက်ခံတပ်သားတစ်ဦးကို ဂုဏ်ပြုငွေ သိန်း (၃၀) ချီးမြှင့်

ဒီကနေ့ ဇန်နဝါရီလ ၁၈ ရက်နေ့ မနက်ပိုင်းမှာ တပ်မ ၆၆ လက်အောက်ခံ တပ်သားတစ်ဦးဖြစ်တဲ့ အသက် ၂၃နှစ်အရွယ် မောင်စိုးဝင်းမှ ကရင်နီ အမျိုးသားများကာကွယ်ရေးတပ် KNDF B-10 ထံ လက်နက်အပြည့်အစုံနဲ့ CDM ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ယမန်နေ့ ဇန်နဝါရီလ ၁၇ ရက်နေ့ညပိုင်းမှာ တပ်တွင်းကနေ ထွက်ပြေးလာခဲ့ပြီး ဒီကနေ့မနက်ပိုင်းမှာတော့ KNDF တပ်ရင်း – ၁၀ ထံ ရောက်ရှိလာတာဖြစ်ပါတယ်။ တပ်တွင်းရှိတဲ့ကာလတစ်လျှောက် လွတ်လပ်မှုမရှိသလို မိသားစုနဲ့ဆက်သွယ်ခွင့်မရရှိဘူးလို့ အဆိုပါ တပ်သားက ပြောပါတယ်။

“ကျနော်တို့က ဒါဘယ်လိုပြောရမလဲ အိမ်ကမိဘအတွက်နဲ့တောင် မိဘအဆင်မပြေတဲ့ ဥစ္စာတောင် သတင်းပို့တာတောင်မှ မရတော့ ပြန်ဖို့မပြောဘူးနော်။ အဲ့တာမျိုးကြောင့်တော့ ကျနော်တို့ မနေချင်ဘူး။ ကျနော်တို့တင်မဟုတ်ဘူး။ ကျန်တဲ့သူတွေလည်း အ့လိုမျိုးပဲ မနေချင်ဘူး။ မိဘတောင်မှ မရှိတော့သလိုပဲ။ ဘာလုပ်မှလည်း အဆင်မပြေဘူး။ ဒီလိုပဲ ကိုယ့်စိတ်ကူးနဲ့ကိုယ်ထွက်လာတာပေါ့ဗျာ။ ဘယ်သူ့တွန်းအားမှုမှတော့ မပါဘူး”လို့ သူက ပြောပါတယ်။

MA-1 တစ်လက်၊ ကျည်ဘောက် ၄ ဘောက်၊ ကျည်ဆံ ၂၆၀၊ လက်ပစ်ဗုံးတစ်လုံး နဲ့အတူ CDM ဝင်ရောက်လာခဲ့တာဖြစ်ပါတယ်။ တောင်ငူ သပခ/၉၁၁ ကနေ ခွဲ (၂)ကို ရွေ့ပြောင်းခံရတာဖြစ်ပြီး ၎င်းမှတဆင့် ဒီးမော့ဆိုအခြေစိုက် ခလရ (၁၀၂) တပ်ကို ရောက်ရှိခဲ့တယ်လို့ အဆိုပါတပ်သားက ပြောပါတယ်။

ကရင်နီပြည်ရောက်ရှိတာ ၆ လ ရှိနေပြီး ယခင် တပ်တွင်း သုံးနှစ်ကျော် တာဝန်ထမ်းဆောင်တဲ့ကာလအတွင်း ဖောက်ခွဲရေးတာဝန်ယူထားရတယ်လို့ ဆိုပါတယ်။

KNDF တပ်ရင်း-၁၀ တပ်ရင်းမှူး ကတော့ လက်နက်နဲ့အတူ CDM ပြုလုပ်တဲ့တပ်သားကို နွေးထွေးစွာကြိုဆိုပြီး ဂုဏ်ပြုငွေ ကျပ် သိန်း ၃၀ ပေးအပ်ချီးမြင့်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ဒီဇင်ဘာလ ၁၇ ရက်နေ့မှာလည်း KNDF B-10 ထံ ခလရ (၁၀၂) မှ တပ်သားတစ်ဦး CDM ပြုလုပ်ခဲ့ပါတယ်။ KNDF အနေနဲ့ကတော့ CDM ပြုလုပ်လိုတဲ့ စစ်ကောင်စီတပ်သားတွေကို ကြိုဆိုပြီး ထပ်မံပြုလုပ်လိုသူရှိပါကလည်း ဖိတ်ခေါ်ထားပါတယ်။

May 25, 2026
ကရင်နီပြည်၊ လွိုင်ကော်မြို့နယ် အရှေ့ဘက်ခြမ်းမှာ ၁၂ တန်းပြီးမြောက်သွားတဲ့ ကလေးတွေရဲ့...
May 23, 2026
စပါးစိုက်ပျိုးမှုနဲ့ အဓိက အသက်မွေးဝမ်းကျောင်းပြုတဲ့ ကရင်နီပြည်က ဒေသခံလူထုတွေက...
May 23, 2026
ကရင်နီပြည် နန်းမယ်ခုံမြို့နယ်က လယ်စပါးခင်းတွေကို ခရု၊ ဂဏန်းနဲ့ ကြွက်တွေဖျက်ဆီးတာကြောင့်...
May 22, 2026
ကရင်နီပြည်၊ လွိုင်ကော်မြို့နယ် အရှေ့ဘက်ခြမ်းက ကျေးရွာ အုပ်စုနဲ့ စစ်ရှောင်စခန်းတချို့မှာ...