ဒေသခံတိုင်းရင်းသားများ ပြန်လည်နေရာချထားရေးကို ဦးစားပေးဆောင်ရွက်သွားမည်ဟု ဦးညီပုဆို

ဒေသခံတိုင်းရင်းသားများ ပြန်လည်နေရာချထားရေးကို ဦးစားပေးဆောင်ရွက်သွားမည်ဟု ဦးညီပုဆို
by -
မဇ္ဈိမ
ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်။ ဓာတ်ပုံ-ဦးညီပု
ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်။ ဓာတ်ပုံ-ဦးညီပု
ရခိုင်ပြည်နယ်ဆိုင်ရာအကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေးကော်မတီ အနေဖြင့် ဒေသခံတိုင်းရင်းသား များအတွက်   ပြန်လည်နေရာချထားမှုများကို ဦးစားပေးဆောင်ရွက်သွားမည် ဖြစ်ကြောင်း အဆိုပါကော်မတီ တွဲဖက်ဥက္ကဌဖြစ်သည့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုကပြောသည်။

စစ်တွေမြို့ရခိုင်ပြည်နယ် အစိုးရဧည့်ရိပ်သာခန်းမ၌ စက်တင်ဘာ ၂၀ နေ့တွင်  ပြုလုပ်သည့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များ အပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေးကော်မတီ လုပ်ငန်း ညှိနှိုင်းရေး ဆွေးနွေးပွဲတွင်ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း ဦးညီပုက ၄င်း၏လူမှုကွန်ယက် မှတစ်ဆင့် ထုတ်ပြန်ခြင်းဖြစ်သည်။

အဆိုပါကိစ္စနှင့် ပတ်သက်ပြီး ရခိုင်ပြည်နယ်ဆိုင်ရာအကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေးကော်မတီ၏ ဥက္ကဌ တစ်ဦးဖြစ်သည့် လူမှု့ဝန်ထမ်းကယ်ဆယ်ရေးနှင့်   ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက “အခုလောလောဆယ်မှာ ယာယီစခန်းတွေမှာထားရတယ်။သူတို့အိမ်တွေလိုအပ်တဲ့နေရာတွေမှာပြန်ပြီး တော့ဆောက်မယ် ဒါမျိုးတွေရှိမယ်။ ဒါမျိုးတွေလုပ်မှာ။ မြေမြင်အခြေအနေ ကို သွားစစ်ဆေးတဲ့သူတွေက ၃ ရက်ကြာလုပ်ပြီးတော့ [..] ပြန်ရောက်မယ်။ နောက်ရက် သူတို့နဲ့အစည်းအဝေးတွေပြန်ခေါ်ပြီးတော့ ဒါတွေထွက်ပေါ်လာပါလိမ့်မယ် “ ဟု မဇ္စျိမသို့ပြောကြားသည်။

ဒေသခံတိုင်းရင်းသားများ၏ စိတ်ခံစားမှု၊ နေထိုင်ရေး၊ ပြန်လည်နေရာချထားမှုများကို ဦးစားပေးဆောင်ရွက် သွားမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ် ၀န်ကြီးချုပ်ကပြောသည်။

ထို့အပြင် နိုင်ငံတော်သမ္မတက တာဝန်ပေးထားသည့် အချက် ၁၈ ချက်နှင့် အဆိုပါကော်မတီက အကြံပြုထားသည့်အချက်များကို ပေါင်းစပ်ဆောင် ရွက်သွားမည်ဖြစ်ကြောင်း ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုကပြောကြားခဲ့သည်။

​ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို စက်တင်ဘာ၂၂ရက်နေ့တွင် ထပ်မံပြုလုပ်မည် ဖြစ်ကြောင်းလည်း သိရသည်။

မစ္စတာကိုဖီအာနန်၏ ရခိုင်အကြံပေးကော်မရှင်နှင့် ဒုသမ္မတ (၁) ၏ရခိုင်ကော်မရှင်တို့၏တွေ့ရှိချက်များအပေါ် စီစစ်အကောင်အ ထည်ဖော်ရန် အကောင်အထည်ဖော်ဆောင်ရွက်ရေးကော်မတီကို   နိုင်ငံတော်သမ္မတရုံးက ဖွဲ့စည်းပေးခဲ့ခြင်းဖြစ်သည်။

March 31, 2026
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကာကွယ်ရေးဦးစီးချုပ် (တပ်ချုပ်)...
March 30, 2026
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ယနေ့ (မတ် ၃၀ ရက်) ကျင်းပသည့် ၂၀၂၆...
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စစ်တပ်(လေ)၏ ဖွဲ့စည်းတည်ထောင်မှု (၇၄)နှစ် မြောက် နှစ်ပတ်လည်နေ့ အခမ်းအနား တက်ရောက်စဉ်။ (MOI)
March 28, 2026
မောင်ခက်နွေ - စစ်ကော်မရှင်က အာဏာသိမ်းကာလ ငါးနှစ်ကျော်အတွင်း လေကြောင်းတိုက်ခိုက်မှု ၆,၉၈၆ ကြိမ်...
March 27, 2026
ပါခွီး — မကွေးတိုင်း ၊ မကွေးမြို့အခြေစိုက် လေတပ်စခန်းကို ၁၀၇မမ ရှော့တိုက်ဒုံး ၁၁လုံးဖြင့်...