ဆားလင်းကြီးတွင် တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်‌ကောင်စီတပ်မှ MI 35 ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့

ဆားလင်းကြီးတွင် တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်‌ကောင်စီတပ်မှ MI 35 ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့

စစ်ကိုင်းတိုင်းဒေသကြီး ဆားလင်းကြီးမြို့နယ်ရှိ ဆားထုံးကျေးရွာအနီးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ဒေသကာကွယ်ရေးတပ်များအကြား ယနေ့ နံနက်ပိုင်းမှစတင်ကာ တိုက်ပွဲပြင်းထန်ခဲ့ပြီးနောက် စစ်ကောင်စီက လေကြောင်းသုံး တိုက်ခိုက်ခဲ့သည်ဟု သိရသည်။

အင်အား ၅၀ ဝန်းကျင်ပါ စစ်ကောင်စီတပ်သည် ဆားလင်းကြီးမြို့နယ် အရှေ့မြောက်ဘက်ခြမ်းရှိ ကျေးရွာများတွင် စစ်ကြောင်းထိုးခဲ့ပြီး ယနေ့ နံနက် ၁၁ နာရီဝန်းကျင်တွင် ရွှေလှေကျေးရွာမှ ထွက်ခွာလာစဉ် ဆားထုံးကျေးရွာအနီးမှာ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦး က ဆိုသည်။

“တိုက်ပွဲ ဖြစ်တာပါ အဲ့စစ်ကြောင်းက မနေ့က ရွှေလှေမှာ ညအိပ်တယ် ဒီနေ့ အဲ့ဒီကနေထွက်လာပြီး ဆားထုံးရွာ မရောက်ခင်လေးမှာဖြစ်တယ်။ နာရီဝက်လောက်နေတော့ သူတို့ဘက်က တော်တော်အထိနာလို့ ဝေဟင်ကနေ MI 35 နဲ့ မိနစ် ၂၀ လောက် ပစ်ခတ်သွားတယ်”ဟုဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။

တစ်နာရီကြာ ပြင်းထန်ခဲ့သော တိုက်ပွဲအတွင်း ဒေသကာကွယ်ရေးတပ်မှ တစ်ဦးကျဆုံးကာ စစ်ကောင်စီဘက်မှလည်း အထိနာခဲ့သည်ဟု ၎င်းက ဆက်ပြောသည်။

လက်ရှိတွင် အဆိုပါစစ်ကြောင်းသည် ဆားလင်းကြီးမြို့ပေါ်သို့ ပြန်လည်ထွက်ခွာသွားခဲ့သော်လည်း တိုက်ပွဲဖြစ်ပွားခဲ့သည့် ဆားထုံးကျေးရွာနှင့် အနီးတစ်ဝှိုက်ရှိ ရွာပေါင်း ၁၀ ရွာမှ ပြည်သူများသည် အိုးအိမ်စွန့်ခွာထွက်ပြေးနေရသည်ဟု သိရသည်။

တိုက်ပွဲဖြစ်ပွားခဲ့သည့် ဆားထုံးကျေးရွာသည် ဆားလင်းကြီးမြို့နယ် အရှေ့မြောက်ဘက် ဆားလင်းကြီးမြို့နှင့် ၂မိုင်ခန့်အကွာတွင် တည်ရှိသော ကျေးရွာတစ်ခုဖြစ်သည်။

စစ်ကိုင်းတိုင်းဒေသကြီးတွင် အာဏာသိမ်းပြီးနောက်ပိုင်း လက်နက်ကိုင်ပဋိပက္ခဖြစ်စဥ်များကြောင့် ဒေသခံ ၇ သိန်းကျော် စစ်ပြေးတိမ်းရှောင်နေရပြီး မြန်မာနိုင်ငံတစ်နိုင်ငံလုံးတွင် အများဆုံးဖြစ်သည်ဟု မြန်မာ့မဟာဗူဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျု (ISP Myanmar) ၏ မှတ်တမ်းများမှ သိရသည်။

ဓာတ်ပုံ - (စစ်အုပ်စုတပ် စစ်ကြောင်းတစ်ခုအား တွေ့ရစဉ် / ပုံဟောင်း - Crd)
August 24, 2026
ကချင်ပြည်၊ မြစ်ကြီးနားမြို့နယ်၊ မြစ်ဆုံစီမံကိန်း နေရာတစ်ဝိုက်သို့ စစ်အုပ်စုတပ်ဖွဲ့ဝင်များ စစ်ကား...
August 22, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်အတွင်း ဩဂုတ်လ ၂၀ ရက်နေ့အထိ စစ်အုပ်စုတပ်၏ လေကြောင်းတိုက်ခိုက်မှုများ...
ဓာတ်ပုံ –  KIA နှင့် ပြည်သူများကြား ညှိနှိုင်းမှုများ ပြုလုပ်နေစဉ်။
August 21, 2026
ရှမ်းပြည် မြောက်ပိုင်း၊ မူဆယ်-နမ့်ခမ်းသွား လမ်းပေါ်ရှိ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ဂိတ်ကို...
မန္တလေး-မြစ်ကြီးနား လမ်းပိုင်း၊ အင်းတော်မြို့နယ်အတွင်း မော်တော်ယာဉ်များ ပိတ်ဆို့နေသည့် မြင်ကွင်း။
August 21, 2026
မန္တလေး - မြစ်ကြီးနား လမ်းပိုင်း၊ အင်းတော်မြို့နယ်အတွင်း ယာဉ်များ ပုံမှန် အသုံးပြုနေသည့်...