အပစ်ရပ်စောင့်ကြည့်ရေးကော်မတီ (JMC) ၏ အကောင်အထည်ဖော်မှုတွင် အခက်ခဲများရှိနေသေးဟုဆို

အပစ်ရပ်စောင့်ကြည့်ရေးကော်မတီ (JMC) ၏ အကောင်အထည်ဖော်မှုတွင် အခက်ခဲများရှိနေသေးဟုဆို
by -
မဇ္ဈိမ
တစ်နိုင်ငံလုံးအပစ်ရပ်စာချုပ် (NCA) ပါအချက်အလက်များအပေါ် အစိုးရနှင့် အဓိပ္ပာယ်ဖွင့်ဆိုမှုမတူညီမှုအချို့ရှိနေသေးသောကြောင့် JMC ၏ အကောင်အထည်ဖော်မှုတွင် အခက်ခဲများရှိနေသေးသည်ဟု ပြည်ထောင်စုအဆင့် JMCU ဒုတိယ ဥက္ကဌ (၁) ဗိုလ်ချုပ်စောအိုင်းဇက်ဖိုးကပြောဆိုလိုက်သည်။

ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMCU) ၏ ၁၂ ကြိမ်မြောက်အစည်းအဝေး အဖွင့်မိန့်ခွန်းတွင်ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။

“ ဒီ NCA ကိုသဘောပေါက် နားလည်မှုနည်းပါးပြီး ဒီNCA ပါအချက်အလက်တွေအပေါ် ကျွန်တော်တို့နှစ် ဖက်ရဲ့ အဓိပ္ပါယ်ဖွင့်ဆိုမှု မတူညီခြားနားမှု တွေရှိနေတာကြောင့် ကျွန်တော်တို့နှစ်ဖက်ဟာ စိုးရိမ်ပူပန်မှုတွေရှိနေပါတယ်။ ဒါကြောင့် ကျွန်တော်တို့ JMC ရဲ့အကောင်အထည်ဖော်မှုဟာ ထင်သလောက် ချောမွေ့ပြေပြစ်မှုမရှိသေးဘူး။ အခက်ခဲတွေရှိနေသေးတာကို အားလုံးကတော့ လက်ခံ ရမှာဖြစ်ပါတယ် “ ဟု ဗိုလ်ချုပ်စောအိုင်းဇက်ဖိုး ကပြောဆိုသည်။

နှစ်ပေါင်း ၆၀ ကျော်လက်နက်ကိုင်ပဋိပက္ခများဖြတ်သန်းမှုအတွေ့အကြံုကြောင့်လည်း နှစ်ဖက်ကြား သံသယစိတ်များ ရှိနေသေးကြောင်း ၄င်းကပြောသည်။

သံသယစိတ်များကြောင့်  နှစ်ဖက်ကြားယုံ ကြည်မှုနိမ့်ကျခြင်းမျိုးလည်း ရှိသည်ဟုလည်း ၄င်းကပြောသည်။

ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMCU) သည် အစိုးရနှင့် တစ်နိုင်ငံလုံးအပစ်ရပ်စာချုပ် ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အချင်းချင်းနှင့် တပ်မတော်တို့အကြေား ထိတွေ့မှုများကိုဖြေရှင်းရန် NCA စာချုပ် အရဖွဲ့စည်းထား ခြင်းဖြစ်သည်။

အဆိုပါ အခြေအနေများကိုစောင့်ကြည့်ရန်  တိုင်းနှင့် ပြည်နယ်အဆင့် JMC-S များကို တနင်္သာရီနှင့် ပဲခူးတိုင်းဒေသကြီး ကရင်၊ မွန်နှင့်ရှမ်းပြည်နယ်များတွင် ဖွဲ့စည်းထားသည်။

ထို့အပြင် အပစ်ရပ်စာချုပ် NCA ထိုးထားသည့်အဖွဲ့များကြား ပဋိပက္ခအများဆုံး ဖြစ်နိုင်သည့်နေရာများတွင် ဒေသန္တရ JMC များ ဖွဲ့သွားမည်ဟု ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ပူးတွဲစောင့်ကြည့်ရေးကော်မတီ JMC-U အတွင်းရေးမှူး (၂) ဗိုလ်မှူးကြီး ၀ဏ္ဏအောင်က ပြောဆိုထား သည်။

May 1, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့၏ ဧပြီ ၃၀  ရက် လွတ်ငြိမ်းတွင် “နိုင်ငံရေးအကျဉ်း သား (...
April 30, 2026
မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်ရှိ ဇီးဖြူကောင်း ရွာနှင့် ရေပုတ်ရွာများရှိ...
April 29, 2026
Zee Tee — အာရက္ခတပ်တော် (AA)နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့...
April 28, 2026
မောင်ခက်နွေ — အမျိုးသားစာပေဆုရှင်၊ အငြိမ်းစားကျောင်းဆရာနှင့် နာမည်ကျော် "ရိုးမပေါ်ကျတဲ့မျက်ရည်"...