ဖရူဆိုအနောက်ခြမ်းတစ်နေရာ နှင်းခဲတာတွေ စတင်ဖြစ်ပေါ်

ဖရူဆိုအနောက်ခြမ်းတစ်နေရာ နှင်းခဲတာတွေ စတင်ဖြစ်ပေါ်

ဖရူဆိုအနောက်ဖက်ခြမ်းတစ်နေရာမှာဆိုရင် ဒီကနေ့ (ဇန်နဝါရီလ ၁၃ရက်) မနက်ပိုင်းကစပြီး နှင်းခဲ တာတွေ စတင်ကြုံတွေ့နေရတယ်လို့ ဖရူဆိုအနောက်ဖက်ခြမ်း စစ်ရှောင်ကူညီသူတစ်ဦးက ပြောပြပါတယ်။

“ ဒီဖက်မှာတော့ ဇန်နဝါရီလ ဝင်တာနဲ့ အရမ်းအေးနေပြီပေါ့နော။ အမြဲတမ်းတော့ အေးတယ် ဒါပေမယ့် အခုဆို ပိုပြီးတော့ အေးတယ်။ အဲ့တော့ နှင်းတွေ ခဲတာတွေ ရေတွေ ခဲတာတွေ ဖြစ်လာတယ်ပေါ့နော။ အခု ဒီတစ်ရက် နှစ်ရက်မှာပေါ့နော စဖြစ်နေပြီ။ “ လို့ သူက ပြောပါတယ်။

အဲဒီလို နှင်းခဲတဲ့အထိ အေးလာတဲ့အတွက် အဲဒီဒေသက ကိုယ်ဝန်ဆောင်၊ သက်ကြီးရွယ်အိုတွေအတွက် ကျန်းမာရေးပိုင်းဆိုင်ရာ စိုးရိမ်မှုတွေ ရှိနေတယ်လို့ ဆိုပါတယ်။

“တချို့နာတာရှည်ရောဂါသည်တို့ သက်ကြီးရွယ်အိုတို့ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ မီးဖွားနေတဲ့သူတွေ ကလေးငယ်တွေမှာ ပိုပြီးတော့မှ စိုးရိမ်ရတယ်။ အရမ်းအေးတဲ့အတွက် တချို့ဆို စိုးရိမ်ရတယ်။ လေဖြတ်မလားပေါ့။ သက်ကြီးရွယ်အို လေဖြတ်မှာ စိုးရိမ်ရတယ်ပေါ့။ နောက်တစ်ခုက အဖျားတွေ ဝင်မှာ အဲ့လိုမျိုးပေါ့ စိုးရိမ်နေရတဲ့ အခြေအနေရှိတယ်။” လို့ သူက ဆက်ပြောပါတယ်။

အဲဒီဒေသက လူတွေဟာ ဒီလိုအေးခဲတဲ့ဒဏ်ကို မီးလှုံရင်းနဲ့ ကျော်ဖြတ်နေရတာဖြစ်ပါတယ်။ အဲ့ဒီအတွက် အင်္ကျီနွေးတွေ ၊ ဦးထုပ်၊ ခြေအိတ်လက်အိတ်တွေ ၊ စောင်တွေ လိုအပ်လျက်ရှိနေပါတယ်။ စစ်ရှောင်နေရာတာ တစ်နှစ်ကျော်ကြာပြီဖြစ်တဲ့အတွက် ဟောင်းနွမ်းနေတဲ့ မိုးကာတဲတွေအတွက် လိုအပ်ချက်တွေရှိနေတယ်လို့ သိရပါတယ်။

အဲဒီနေရာမှာဆိုရင် ယခင်နှစ်တွေမှာလည်း နှင်းခဲတာကို ကြုံတွေ့ရတာရှိပြီး နှင်းခါးကြောင့် စိုက်ပျိုးသီးနှံ ပျက်စီးခဲ့ရတာတွေလည်း ရှိခဲ့တယ်လို့ သိရပါတယ်။ အဲဒီဒေသမှာ စစ်ရှောင်တွေလည်း လာရောက်နေထိုင်ကြပြီး သူတို့ဟာ မိုးကာတဲနဲ့ နေထိုင်ရတဲ့အတွက် အအေးဒဏ်ပိုခံစားနေကြရတယ်လို့ ဆိုပါတယ်။ ဖရူဆိုဖက်မှာဆိုရင် စစ်ရှောင်နေရတဲ့သူ ခြောက်ထောင်ကျော်ရှိနေတာဖြစ်ပါတယ်။

May 1, 2026
ကရင်နီပြည်၊ ဖားဆောင်းမြို့နယ်၊ မော်ချီးဒေသမှာ ယခုရက်ပိုင်းအတွင်း ခဲစျေး ထပ်မံကျဆင်းနေတာကြောင့်...
ပုံဟောင်းအသုံးပြုထားသည်။ ( Photo - RFA )
April 30, 2026
ကဆုန်လပြည့်နေ့ အထိမ်းအမှတ်အနေဖြင့် မြန်မာနိုင်ငံတဝှမ်းက အကျဉ်းထောင်အသီးသီးမှာ အကျဉ်းကျခံနေတဲ့...
April 30, 2026
မိုးဦးမိုးဖျား စတင်ရွာသွန်းလာချိန်နဲ့အတူ ကရင်နီပြည်ရှိ လယ်သမားများက စိုက်ပျိုးရာသီသစ်အတွက်...
အမှတ် ၁ - အယ်လ်ဖာစစ်ဒေသ/ မိုးဗြဲနယ် ထုတ်ပြန်သည့် စစ်ရေးပြအခမ်းအနားကို တွေ့ရစဉ်
April 29, 2026
မိုးဗြဲဒေသက ကရင်နီလက်နက်ကိုင်တပ်ဖွဲ့တွေကြား ပစ်ခတ်မှုကြောင့် ၉ဦး သေဆုံးသွားတဲ့အမှုကို...