စစ်ကောင်စီ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကြောင့် လင်မယား နှစ်ဦး ထိခိုက်သေဆုံးမှုဖြစ်

စစ်ကောင်စီ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကြောင့် လင်မယား နှစ်ဦး ထိခိုက်သေဆုံးမှုဖြစ်

အင်းတော်မြို့တွင် စစ်ကောင်စီ ရမ်းသမ်းပစ်ခတ်သော လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် လင်မယားနှစ်ဦး ထိမှန်ရာမှ အမျိုးသားဖြစ်သူ သေဆုံးသွားကြောင်း သိရသည်။

ယနေ့ နံနက် ၁၀ နာရီခန့်တွင် အင်းတော်မြို့တွင်းရှိ စစ်ကောင်စီတပ်သည် အင်းတော်မြို့အနောက်ဘက်သို့ လက်နက်ကြီး လက်နက်ငယ်များ ရမ်းသမ်းပစ်ခတ်ခဲ့သည့်အတွက် ပဲစိုက်နေသည့် လင်မယားနှစ်ဦးအနီးတွင် လက်နက်ကြီးကျည်တစ်လုံး ကျရောက်ပေါက်ကွဲခဲ့သောကြောင့် အမျိုးသားဖြစ်သူမှာ သွေးထွက်လွန်၍ သေဆုံးသွားကြောင်း အင်းတော်ဒေသခံ အမျိုးသားတစ်ဦးက KNG ကို ပြောသည်။

”တိုက်ပွဲလည်းမဖြစ်ပါဘူး အဲ့ဒီအင်းတော်မြို့နောက်ဘက်က အင်းပတ်လမ်းဘက်မှာ လက်နက်တွေ ရမ်းပစ်တာ အဲ့ဒါကြောင့်မို့ အင်းပတ်လမ်းနားက ပဲခင်းမှာ လင်မယားနှစ်ယောက် ပဲစိုက်နေတာ။ ထိတာက ၂ယောက်လုံးထိတာ။ ဒါပေမယ့်အမျိုးသားက သွေးထွက်လွန်ပြီး သေသွားတယ်”ဟု ပြောသည်။

သေဆုံးသွားသည့် အမျိုးသားမှာ ဦးနိုင်ဝင်း အသက် ၄၂ နှစ်ဖြစ်ပြီး အမျိုးသမီးဖြစ်သူမှာ ဒဏ်ရာဖြင့် ဆေးကုသမှု ခံယူနေရကြောင်း သိရသည်။

အင်းတော်မြို့ နယ် နန့်မဟုတ်ကြီးကျေးရွာအနီးရှိ လယ်ကွင်းတစ်ခုတွင် ပြီးခဲ့သည့် ဒီဇင်ဘာလ ၃ ရက် မွန်းလွဲ ၁ နာရီ ဝန်းကျင်ကလည်း အင်းတော်ရဲစခန်းဘက်မှ ပစ်လိုက်သည့် လက်နက်ကြီးကြောင့် သားအမိသုံးဦးထိမှန်ခဲ့ရာ ကလေးငယ်တစ်ဦးသေဆုံးပြီး မိခင်နှင့် ကျန်ကလေးတစ်ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ဖူးသည်။

Most read this week

ဓာတ်ပုံ - (စစ်အုပ်စုတပ် စစ်ကြောင်းတစ်ခုအား တွေ့ရစဉ် / ပုံဟောင်း - Crd)
August 24, 2026
ကချင်ပြည်၊ မြစ်ကြီးနားမြို့နယ်၊ မြစ်ဆုံစီမံကိန်း နေရာတစ်ဝိုက်သို့ စစ်အုပ်စုတပ်ဖွဲ့ဝင်များ စစ်ကား...
August 22, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်အတွင်း ဩဂုတ်လ ၂၀ ရက်နေ့အထိ စစ်အုပ်စုတပ်၏ လေကြောင်းတိုက်ခိုက်မှုများ...
ဓာတ်ပုံ –  KIA နှင့် ပြည်သူများကြား ညှိနှိုင်းမှုများ ပြုလုပ်နေစဉ်။
August 21, 2026
ရှမ်းပြည် မြောက်ပိုင်း၊ မူဆယ်-နမ့်ခမ်းသွား လမ်းပေါ်ရှိ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ဂိတ်ကို...
မန္တလေး-မြစ်ကြီးနား လမ်းပိုင်း၊ အင်းတော်မြို့နယ်အတွင်း မော်တော်ယာဉ်များ ပိတ်ဆို့နေသည့် မြင်ကွင်း။
August 21, 2026
မန္တလေး - မြစ်ကြီးနား လမ်းပိုင်း၊ အင်းတော်မြို့နယ်အတွင်း ယာဉ်များ ပုံမှန် အသုံးပြုနေသည့်...