မောင်တောခရိုင်ကျောင်းများတွင် တာဝန်ထမ်းဆောင်ရန် ပညာရေးဝန်ထမ်း ၉၀၀ ခန့် ပြန်ရောက်လာ

မောင်တောခရိုင်ကျောင်းများတွင် တာဝန်ထမ်းဆောင်ရန် ပညာရေးဝန်ထမ်း ၉၀၀ ခန့် ပြန်ရောက်လာ
by -
မဇ္ဈိမ
လုံခြုံရေးအခြေအနေအရ ပိတ်ထားရသည့် မောင်တောမြို့နယ် အထက ၁ စာသင်ကျောင်း။ ဓာတ်ပုံ - မင်းမျိုးနွယ်/RiA
လုံခြုံရေးအခြေအနေအရ ပိတ်ထားရသည့် မောင်တောမြို့နယ် အထက ၁ စာသင်ကျောင်း။ ဓာတ်ပုံ - မင်းမျိုးနွယ်/RiA
 မောင်တောခရိုင်ထဲရှိ ကျောင်းများပြန်လည်ဖွင့်လှစ်နိုင်ရန် ပညာရေးဝန်ထမ်း ၉၀၀ ခန့် ပြန်လည်ရောက်ရှိလာပြီး သဘောင်္အခက်အခဲကြောင့် အကုန်ရောက်ရှိမလာသေးကြာင်း မောင်တောခရိုင်ပညာရေးမှူး ဦးအုန်းမြင့်က မဇ္စျိမသို့ အတည်ပြုသည်။

“ အကုန်မရောက်သေးတာတော့ ရှိမယ်။ လာတော့ လာနေပါတယ်။ ၈၀၀ ၀န်းကျင် ၉၀၀ လောက် တော့ ရောက်နေပါတယ်။ သင်္ဘောလက်မှတ် မရသေးတော့လည်း မလာနိုင်သေးတဲ့ သူတွေလည်း ရှိတယ်ပေါ့ဗျာ။ ကျောင်းတွေကတော့ ပထမအသုတ်အနေနဲ့ အခုလက်ရှိအနေအထား အရတော့ ဘူးသီးတောင်မှာ ၂၀၊ မောင်တောမှာ ၈ နေရာဖွင့်ထားပါတယ်” ဟု ၄င်းက ပြောဆိုသည်။

မောင်တောနှင့် ဘူးသီးတောင်တွင် ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများကြောင့် နေရပ်သို့ ပြန်လည်တိမ်းရှောင်နေသည့် ဆရာ/ ဆရာမ ၃၀၀၀ ခန့်ကို မိမိ တာဝန်ကျသည့် ဒေသသို့ စက်တင်ဘာ ၁၇ ရက် နောက်ဆုံးထား ပြန်လာရန် ပညာရေးဝန်ကြီးဌာနမှ ပြန်လည်ခေါ်ဆိုထားသည်။

လက်ရှိတွင် ပညာရေးဝန်ထမ်း ၉၀၀ ခန့်သာ ပြန်ရောက်ရှိနေသေးပြီး ကျန် ပညာရေးဝန်ထမ်းများမှာ သဘောင်္အခက်အခဲကြောင့်ဟု မောင်တောခရိုင်ပညာရေးမှူးက ဆိုသည်။

ကျောင်းများကို ယမန်နေ့ စက်တင်ဘာလ ၁၈ ရက်မှ စတင်ကာ ကျောင်း ၂၈ ကျောင်း ဖွင့်လှစ်လိုက်ပြီး သြဂုတ်လ ၂၅ ရက်နေ့မှ စတင်ကာ ရခိုင်ပြည်နယ် မောင်တော၊ ဘူးသီးတောင်နှင့် ရသေ့တောင်မြို့နယ်တို့တွင် ကျောင်းများ ပိတ်ထားခဲ့ခြင်း ဖြစ်သည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ဦးအုန်းမြင့်က “ အချို့ကလည်း လာတာလည်း လာတာပေါ့။ သဘောင်္က မဆန့်တော့ သူတို့လည်းရက်တွေစောင့်နေရတယ်။ ကြာနေရတယ်ပေါ့။ စစ်တွေ ရောက်တယ်။   မြောက်ဦးရောက် တယ်။ သင်္ဘောက နှစ်စီး ထွက်နိုင်တယ်။ သုံးစီး ထွက်နိုင်တယ် ဆိုတော့ ပြည်သူတွေလည်း ပါတယ်ဆိုတော့ သင်္ဘောက တစ်နေ့တည်းနဲ့ ထွက်လို့မရဘူးဖြစ်နေတယ်။ အခေါက်ခေါက် အခါခါ ပြန်သယ်နေရတယ် “ ဟု ပြောဆိုသည်။

အစိုးရက မောင်တောခရိုင်တွင်း တာဝန်ထမ်းဆောင်နေရသည့် ၀န်ထမ်းများအားလုံးအတွက် ဇူလိုင်၊ သြဂုတ်နှင့် စက်တင်ဘာ ၃ လအတွင်း လစာ၏ နှစ်ဆတိတိကို တိုးမြှင့်ကာ တာဝန်ထမ်းဆောင် စေခဲ့ခြင်း ဖြစ်သည်။

အကြမ်းဖက်မှုဖြစ်စဉ်များကြောင့် မောင်တောမြို့ပေါ်ရှိ စာသင်ကျောင်း ၁၈၃ ကျောင်း၊ ဘူးသီးတောင် မြို့နယ်ရှိ ၂၂၁ ကျောင်းနှင့် ရသေ့တောင်မြို့နယ်ရှိ ကျောင်း ၂၀ အားလုံး စုစုပေါင်း ၄၂၄ ကျောင်းကို ရက်အကန့်အသတ်မရှိ ပိတ်ထားခဲ့ရသည်။

May 28, 2026
မန္တလေးတိုင်း ညောင်ဦးမြို့နယ် ကူတောကျေးရွာကို စစ်အုပ်စုတပ်ဖွဲ့ က စီးနင်းပြီး နေအိမ်တွေကို...
May 27, 2026
ချင်းပြည်နယ်၊ မတူပီမြို့ပေါ်ကို စစ်အုပ်စုတပ်က ဂျက်တိုက်လေယာဉ်များအပါအဝင် Y-12 လေယာဉ်ဖြင့် မေလ ၂၆...
May 26, 2026
ဟန်ထူးဇော် — အွန်လိုင်းငွေလိမ်လည်သည့် လုပ်ငန်းများလုပ်ကိုင်မှုကြောင့် နာမည်ဆိုးဖြင့်...
May 25, 2026
ယမင်းဖူးပွင့်အောင် - ပြည်သူ့ဂုဏ်ရည်အဖွဲ့ကပေးအပ်သော ၁၇ ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆုကို ၈၈...