KNPP အတွင်းရေးမှူးဟောင်း ဦးရွှေမျိုးသန့် ကွယ်လွန်

KNPP အတွင်းရေးမှူးဟောင်း ဦးရွှေမျိုးသန့် ကွယ်လွန်

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ ( KNPP )မှာ အထွေထွေအတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ ဦးရွှေမျိုးသန့် ဟာ ဒီကနေ့ ( ဇန်နဝါရီလ ၁၀ ရက် )နေ့ မွန်းလွဲ ၂နာရီခွဲ အချိန်မှာ ကွယ်လွန်သွားတယ်လို့ KNPP အတွင်းရေးမှူး ( ၁ ) ခူဒယ်နီယာယ်က အတည်ပြုပြောကြားခဲ့ပါတယ်။

သူဟာ ကရင်နီပြည်ရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဆောင်ရွက်ခဲ့သူတစ်ဦးလည်းဖြစ်ပါတယ်။ သူသေဆုံးတာဟာ လူငယ်တွေအတွက်ဆုံးရှုံးမှုတွေ အများကြီးရှိတယ်လို့ ခူဒယ်နီယာယ်က ဆက်ပြောပါတယ်။

“အမှန်ကတော့ လူငယ်တွေအတွက် အများကြီး ဆုံးရှုံးမှုတော့ ဖြစ်စေတယ်ပေါ့။ သူကတော့ တက်တက်ကြွကြွလူငယ်လေ အလုပ်လုပ်တာကလည်း ဒီအဖွဲ့အစည်းမှာနေတုန်းကလည်းသူအများကြီး အလုပ်လုပ်ခဲ့ဖူးတယ်။ ဆိုတော့ ဒါပေမယ့် သူနားလိုက်တာက သူကျန်းမာရေး အခြေအနေကြောင့် သူနားလိုက်တာပါ။ အဲဒါနဲ့ တကယ်လို့ သူကျန်းမာရေး ကောင်းနေရင်တော့ သူအများကြီး အလုပ်လုပ်နိုင်တယ်ပေါ့။” လို့ ခူဒယ်နီယာယ်က ပြောပါတယ်။

အသက်၅၈နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဦးရွှေမျိုးသန့်ဟာ ရန်ကုန်မြို့ လှည်းကူးပြည်သူ့ဆေးရုံကြီးမှာ ကွယ်လွန်သွားတယ်လို့ သိရပါတယ်။

သူဟာ နှလုံးရောဂါနဲ့ ဆေးကုသမှုခံယူနေတာ တစ်နှစ်ကျော်ရှိသွားပြီဖြစ်ပြီး တခြားရောဂါအခံတွေလည်း ရှိနေသူ တစ်ဦးဖြစ်တယ်လို့ သိရပါတယ်။ သူ့ရဲ့ ရောဂါအခံကြောင့် KNPP ကနေ တရားဝင်နှုတ်ထွက်သွားခဲ့သူတစ်ဦး ဖြစ်ပါတယ်။

Most read this week

December 19, 2025
ကရင်နီပြည်သူလူထု၊ တပ်ပေါင်းစုံတပ်ဖွဲ့ဝင်တွေ၊ ကရင်နီလူမှု အဖွဲ့အစည်းတွေကို ဒီဇင်ဘာလ (၁၉)...
December 16, 2025
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်းရှိ ကျေးရွာတရွာအနီးမှာ စပါးသိမ်းယူနေတဲ့ စစ်ဘေးရှောင်တွေကို...
December 16, 2025
မြလေးကုန်းဆိုတဲ့ စစ်ရှောင်စခန်းအတွင်းက အေးချမ်းတဲ့ ဆောင်းမနက်ခင်းတခုရဲ့ နံနက်ခင်းလေးမှာ...
December 15, 2025
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်အတွင်းက သုံးနှစ်အရွယ် စစ်ဘေးရှောင်ကလေးငယ်တစ်ဦးကို...