KNPP အတွင်းရေးမှူးဟောင်း ဦးရွှေမျိုးသန့် ကွယ်လွန်

KNPP အတွင်းရေးမှူးဟောင်း ဦးရွှေမျိုးသန့် ကွယ်လွန်

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ ( KNPP )မှာ အထွေထွေအတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ ဦးရွှေမျိုးသန့် ဟာ ဒီကနေ့ ( ဇန်နဝါရီလ ၁၀ ရက် )နေ့ မွန်းလွဲ ၂နာရီခွဲ အချိန်မှာ ကွယ်လွန်သွားတယ်လို့ KNPP အတွင်းရေးမှူး ( ၁ ) ခူဒယ်နီယာယ်က အတည်ပြုပြောကြားခဲ့ပါတယ်။

သူဟာ ကရင်နီပြည်ရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဆောင်ရွက်ခဲ့သူတစ်ဦးလည်းဖြစ်ပါတယ်။ သူသေဆုံးတာဟာ လူငယ်တွေအတွက်ဆုံးရှုံးမှုတွေ အများကြီးရှိတယ်လို့ ခူဒယ်နီယာယ်က ဆက်ပြောပါတယ်။

“အမှန်ကတော့ လူငယ်တွေအတွက် အများကြီး ဆုံးရှုံးမှုတော့ ဖြစ်စေတယ်ပေါ့။ သူကတော့ တက်တက်ကြွကြွလူငယ်လေ အလုပ်လုပ်တာကလည်း ဒီအဖွဲ့အစည်းမှာနေတုန်းကလည်းသူအများကြီး အလုပ်လုပ်ခဲ့ဖူးတယ်။ ဆိုတော့ ဒါပေမယ့် သူနားလိုက်တာက သူကျန်းမာရေး အခြေအနေကြောင့် သူနားလိုက်တာပါ။ အဲဒါနဲ့ တကယ်လို့ သူကျန်းမာရေး ကောင်းနေရင်တော့ သူအများကြီး အလုပ်လုပ်နိုင်တယ်ပေါ့။” လို့ ခူဒယ်နီယာယ်က ပြောပါတယ်။

အသက်၅၈နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဦးရွှေမျိုးသန့်ဟာ ရန်ကုန်မြို့ လှည်းကူးပြည်သူ့ဆေးရုံကြီးမှာ ကွယ်လွန်သွားတယ်လို့ သိရပါတယ်။

သူဟာ နှလုံးရောဂါနဲ့ ဆေးကုသမှုခံယူနေတာ တစ်နှစ်ကျော်ရှိသွားပြီဖြစ်ပြီး တခြားရောဂါအခံတွေလည်း ရှိနေသူ တစ်ဦးဖြစ်တယ်လို့ သိရပါတယ်။ သူ့ရဲ့ ရောဂါအခံကြောင့် KNPP ကနေ တရားဝင်နှုတ်ထွက်သွားခဲ့သူတစ်ဦး ဖြစ်ပါတယ်။

May 26, 2026
ကရင်နီပြည် လွိုင်ကော် မြို့နယ် အရှေ့ဘက်ခြမ်းက တောင်သူတွေဟာ ပြီးခဲ့တဲ့နှစ်အတွင်း ဒေသတွင်းက...
May 25, 2026
ကရင်နီပြည်၊ လွိုင်ကော်မြို့နယ် အရှေ့ဘက်ခြမ်းမှာ ၁၂ တန်းပြီးမြောက်သွားတဲ့ ကလေးတွေရဲ့...
May 23, 2026
စပါးစိုက်ပျိုးမှုနဲ့ အဓိက အသက်မွေးဝမ်းကျောင်းပြုတဲ့ ကရင်နီပြည်က ဒေသခံလူထုတွေက...
May 23, 2026
ကရင်နီပြည် နန်းမယ်ခုံမြို့နယ်က လယ်စပါးခင်းတွေကို ခရု၊ ဂဏန်းနဲ့ ကြွက်တွေဖျက်ဆီးတာကြောင့်...