ကချင် မြို့နယ်အချို့တွင် စစ်တပ်က ရွေးကောက်ပွဲအတွက် လူဦးရေ စတင်ကောက်ခံနေ

ကချင် မြို့နယ်အချို့တွင် စစ်တပ်က ရွေးကောက်ပွဲအတွက် လူဦးရေ စတင်ကောက်ခံနေ

ကချင်ပြည်နယ်ရှိ မြို့ပေါ် ရပ်ကွက် နှင့် ကျေးရွာများတွင် စစ်ကောင်စီတပ်က လာမည့်ရွေးကောက်ပွဲအတွက် လူဦးရေစာရင်း စတင်ကောက်ခံနေပြီဟု ဒေသခံများပြောသည်။

မဲစာရင်းအမှားရှိခဲ့သည်ဟုဆိုကာ အာဏာသိမ်းလိုက်သော စစ်ကောင်စီတပ်သည် လာမည့် ဩဂုတ်လတွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ရွေးကောက်ပွဲ ပြန်လည်ကျင်းပရန် စီစဉ်နေသည့်အလျောက် ကချင်ပြည်နယ်တွင်လည်း လူဦးရေ စာရင်းကို ဇန်နဝါရီလ ၉ ရက်နေ့မှ စတင်‌ကာ ကောက်ခံ‌နေပြီဟုသိရသည်။

“သန်းခေါင်စာရင်းက အိမ်တိုင်း မထည့်မနေရလို့ ပြောလို့ မနေ့က သွားထည့်တယ်“ဟုမိုးညှင်းမြို့ဒေသခံတစ်ဦးက KNG ကို ပြောသည်။

လက်ရှိတွင် အဓိကအားဖြင့် မိုးညှင်းမြို့၊ မိုးကောင်းမြို့၊ မြစ်ကြီးနားမြို့၊ ပူတာအိုမြို့၊ တနိုင်းမြို့၊ ဆဒုံးမြို့၊ ဝိုင်းမော်မြို့အစရှိသည့် မြို့နယ်များတွင် စစ်ကောင်စီက လူဦးရေ စာရင်း စတင်ကောက်ခံနေပြီဟု ဒေသအသီးသီးမှ ပြည်သူများပြောသည်။

ထိုသို့ လုပ်ဆောင်ရာတွင် လက်ရှိကချင်ပြည်နယ်အတွင်း တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် မြို့ပေါ်ရပ်ကွက် နှင့် မြို့နှင့် နီးသည့် ကျေးရွာများတွင် ဦးစားပေး ကောက်ခံနေခြင်းဖြစ်သည်။

ဗန်းမော်မြို့နယ်အတွင်း လူဦးရေ စာရင်းကောက်ခံရာတွင် ဦးစားပေး နယ်မြေ ၁ အဖြစ် မြို့ပေါ်ရပ်ကွက်၊ ဦးစားပေးနယ်မြေ ၂ အဖြစ် တာမိုင်းလုံမှ နောင်လိုက်အထိသတ်မှတ်ထားကာ၊ ဦးစားပေးနယ်မြေ ၃ အဖြစ် ဗန်းမော်အနောက်ဘက် မြစ်ကမ်းရွာများဖြစ်ကြောင်း သိရသည်။

ရွေးကောက်ပွဲအတွက် လူဦးရေစာရင်းများကို ဇန်နဝါရီလ ၉ ရက်နေ့မှစကာ ၃၁ ရက်နေ့ထိ ကောက်ခံမည်ဟု သိရသည်။

စစ်ကောင်စီတပ်သည် လာမည့် ၂၀၂၃ ရွေးကောက်ပွဲအတွက် လူဦးရေစာရင်း ကောက်ခံရာတွင် ကွန်ပျူတာစနစ်ဖြင့် ကောက်ခံနေသည့်အပြင် စစ်တပ်ပိုင် ရုပ်သံလိုင်းများမှလည်း ရွေးကောက်ပွဲဆိုင်ရာ မဲပေးစနစ်များအား ထုတ်လွှင့်နေသည်။

သို့သော် အဆိုပါရွေးကောက်ပွဲသည် အတုအယောင်ရွေးကောက်ပွဲဖြစ်သည့်အတွက် ပြည်သူတစ်ရပ်လုံး ဆန့်ကျင် တိုက်ဖျက်ကြရန် ဇန်နဝါရီလ ၅ ရက်နေ့ရက်စွဲဖြင့် NUG အစိုးရ ပြည်ထဲရေးနှင့်လူဝင်မူကြီးကြပ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ထားသည်။

NUG အစိုးရ၏ ယင်းထုတ်ပြန်ချက်တွင် ပြည်သူများအနေနှင့် စစ်ကောင်စီ၏ လူဦးရေစာရင်း ကောက်ယူမှုနှင့် ရွေးကောက်ပွဲလုပ်ငန်းစဉ်များတွင် ပူးပေါင်းဆောင်ရွက်ခြင်းမပြုကြရန်နှင့် ခြိမ်းခြောက်မူများရှိပါက သတင်းပေးပို့ တိုင်ကြားနိုင်သည်ဟု ဖော်ပြထားသည်။

ကချင်ပြည်နယ်တွင် ၂၀၁၄ ခုနှစ်သန်းခေါင်စာရင်းအရ လူဦးရေစုစုပေါင်း ၁,၆၈၉,၄၄၁ ရှိခဲ့သော်လည်း ၂၀၂၀ ရွေးကောက်ပွဲတွင်မူ မဲပေးနိုင်သည့် လူဦးရေသည် ၂၀၁၄ သန်းခေါင်စာရင်းထက်ပိုများနေကာ မဲပေးခွင့်ရှိသူ ၁၀ သိန်း ၇ သောင်းထိရှိခဲ့သည်။

ဓာတ်ပုံ - (စစ်အုပ်စုတပ် စစ်ကြောင်းတစ်ခုအား တွေ့ရစဉ် / ပုံဟောင်း - Crd)
August 24, 2026
ကချင်ပြည်၊ မြစ်ကြီးနားမြို့နယ်၊ မြစ်ဆုံစီမံကိန်း နေရာတစ်ဝိုက်သို့ စစ်အုပ်စုတပ်ဖွဲ့ဝင်များ စစ်ကား...
August 22, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်အတွင်း ဩဂုတ်လ ၂၀ ရက်နေ့အထိ စစ်အုပ်စုတပ်၏ လေကြောင်းတိုက်ခိုက်မှုများ...
ဓာတ်ပုံ –  KIA နှင့် ပြည်သူများကြား ညှိနှိုင်းမှုများ ပြုလုပ်နေစဉ်။
August 21, 2026
ရှမ်းပြည် မြောက်ပိုင်း၊ မူဆယ်-နမ့်ခမ်းသွား လမ်းပေါ်ရှိ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ဂိတ်ကို...
မန္တလေး-မြစ်ကြီးနား လမ်းပိုင်း၊ အင်းတော်မြို့နယ်အတွင်း မော်တော်ယာဉ်များ ပိတ်ဆို့နေသည့် မြင်ကွင်း။
August 21, 2026
မန္တလေး - မြစ်ကြီးနား လမ်းပိုင်း၊ အင်းတော်မြို့နယ်အတွင်း ယာဉ်များ ပုံမှန် အသုံးပြုနေသည့်...