ရခိုင်ကော်မရှင်အကြံပြုချက်များ အကောင်အထည်ဖော်ရန် မြေပြင်အခြေအနေကွင်းဆင်းလေ့လာ

ရခိုင်ကော်မရှင်အကြံပြုချက်များ အကောင်အထည်ဖော်ရန် မြေပြင်အခြေအနေကွင်းဆင်းလေ့လာ
by -
မဇ္ဈိမ
ရခိုင်ပြည်နယ်ဆိုင်ရာအကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်မည့် ကော်မတီအဖွဲ့ဝင်များ ရခိုင်ပြည်နယ်သို့ ယနေ့ စက်တင်ဘာ ၁၈ ရက်နေ့တွင် စတင်ကွင်းဆင်းလေ့လာနေပြီဖြစ်ကြောင်း ကော်မတီဥက္ကဌ ဖြစ်သူ (လူမှုဝန်ထမ်း ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေး ၀န်ကြီး) ဒေါက်တာဝင်းမြတ်အေး က မဇ္စျိမသို့ အတည်ပြုပြောဆိုသည်။

"ကော်မတီထဲမှာ အဖွဲ့ဝင်အဖြစ်ပါတဲ့ အမြဲတမ်းအတွင်းဝန်တွေ ဒီနေ့ဆင်းသွားပြီ။ မြေပြင်အခြေအနေကို သွားလေ့လာဖို့ သွားတာ ၊ ဦးစားပေးအကောင်အထည်ဖော်ရမယ့်လုပ်ငန်းတွေမှာ လက်ရှိအခြေအနေနဲ့ ဘယ်လိုဟာမျိုးက ဖြစ်နိုင်မလဲ ဆိုတာကို သွားကြည့်တာပါ"ဟု ဒေါက်တာဝင်းမြတ်အေးက ဆိုသည်။

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်ထည်ဖော်ရေးကော်မတီကို ဥက္ကဋ္ဌအဖြစ် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ပူးတွဲဥက္ကဋ္ဌအဖြစ် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု ၊ ဒုတိယဥက္ကဋ္ဌအဖြစ် ဒုတိယဝန်ကြီး ဦးခင်မောင်တင်၊ အတွင်းရေးမှူးအဖြစ် ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ် တို့အပါအဝင် ၀န်ကြီးဌာနအများစုမှ အမြဲတမ်းအတွင်းဝန်များကို ကော်မတီအဖွဲ့ဝင်များအဖြစ်   နိုင်ငံတော်သမ္မတရုံးက စက်တင်ဘာ ၁၂ ရက်နေ့တွင် ဖွဲ့စည်း ပေးခဲ့သည်။

လက်ရှိအချိန်တွင် ကော်မတီအနေဖြင့် မည်သည့်အရာကို ဦးစားပေးဆောင်ရွက်ရမည်ကို မပြောဆိုနိုင်သေးသော်လည်း လာမည့် ရက်သတ္တပတ် နှစ်ပတ်အတွင်း မြေပြင်အခြေအနေနှင့်ကိုက်ညီသည့် မဟာဗျူဟာစီမံချက်တစ်ခုကို ရေးဆွဲ ဆောင်ရွက်သွားမည်ဟု ဒေါက်တာဝင်းမြတ်အေးကဆိုသည်။

ယင်းကော်မတီအနေဖြင့် ရခိုင်ပြည်နယ်နှင့် သက်ဆိုင်သည့် ကော်မရှင်များ ဖြစ်သည့် ဒုသမ္မတ(၁) ဦးမြင့်ဆွေ ဦးဆောင်သည့် မောင်တောဒေသစုံစမ်း စစ်ဆေးရေးကော်မရှင်နှင့် မစ္စတာကိုဖီအာနန် ဦးဆောင်သည့် ရခိုင်ပြည်နယ် ဆိုင်ရာအကြံပေးကော်မရှင်တို့မှ အစိုးရထံ အကြံပြုထားသည့် နိုင်ငံသားပြုမှု ကိစ္စရပ်များ ၊ IDPs စခန်းများကို ဖျက်သိမ်းရေး ၊ လူသားချင်းစာနာ ထောက်ထားမှု အကူအညီများပေးနိုင်ရေး ၊ လုံခြံုရေး ကိစ္စရပ်များ စသည့် အကြံပြုချက်များကို အကောင်အထည်ဖော်ဆောင်ရွက်ရမည်ဖြစ်သည်။

ကိုဖီအာနန်ဦးဆောင်သည့် ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင် မှ အစိုးရထံ ကြားဖြတ်အစီရင်ခံစာ အကြံပြုချက်အချို့ဖြစ်သည့် ကမန်တိုင်းရင်းသားIDPs စခန်းများကို ပိတ်သိမ်းပြီး မူလရပ်ရွာတွင် ပြန်လည်နေထိုင်ခွင့်ပေးခဲ့သည်များကို အစိုးရက လုပ်ဆောင်ထားပြီး ဖြစ်သည်။

March 31, 2026
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကာကွယ်ရေးဦးစီးချုပ် (တပ်ချုပ်)...
March 30, 2026
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ယနေ့ (မတ် ၃၀ ရက်) ကျင်းပသည့် ၂၀၂၆...
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စစ်တပ်(လေ)၏ ဖွဲ့စည်းတည်ထောင်မှု (၇၄)နှစ် မြောက် နှစ်ပတ်လည်နေ့ အခမ်းအနား တက်ရောက်စဉ်။ (MOI)
March 28, 2026
မောင်ခက်နွေ - စစ်ကော်မရှင်က အာဏာသိမ်းကာလ ငါးနှစ်ကျော်အတွင်း လေကြောင်းတိုက်ခိုက်မှု ၆,၉၈၆ ကြိမ်...
March 27, 2026
ပါခွီး — မကွေးတိုင်း ၊ မကွေးမြို့အခြေစိုက် လေတပ်စခန်းကို ၁၀၇မမ ရှော့တိုက်ဒုံး ၁၁လုံးဖြင့်...