စစ်ဘေးဒုက္ခသည်စခန်းမှာ နေထိုင်တဲ့ အမျိုးသမီးတွေကို ရိုးရာဝတ်စုံယက်လုပ်နည်းသင်ကြားပေးနေ

စစ်ဘေးဒုက္ခသည်စခန်းမှာ နေထိုင်တဲ့ အမျိုးသမီးတွေကို ရိုးရာဝတ်စုံယက်လုပ်နည်းသင်ကြားပေးနေ

ကရင်နီအမျိုးသားတိုးတက်ရေးပါတီထိန်းချုပ်နယ်မြေထဲက စစ်ဘေးဒုက္ခသည်စခန်းတစ်ခုမှာရှိနေတဲ့ အမျိုးသမီးတွေ တစ်ဖက်တစ်လှမ်းကနေ ဝင်ငွေရစေဖို့အတွက် ကယားရိုးရာဝတ်စုံ ယက်လုပ်နည်းသင်တန်းကို သင်ကြားပေးနေပါတယ်။

ကရင်နီအမျိုးသားကောလိပ် ( KnNC ) ဒုတိယနှစ်ကျောင်းသူ ၅ဦးကနေ လာရောက်သင်ကြားပေးတာဖြစ်ပြီး ကျောင်းမှာ ပြုလုပ်ရတဲ့ ပရောဂျက်အရ လာရောက်သင်ကြားပေးတာ ဖြစ်တယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၃ရက်နေ့က စတင်သင်ကြားပေးခဲ့တာဖြစ်ပြီး သုံးလတာ သင်ကြားပို့ချပေးသွားမယ်လို့ ဆိုပါတယ်။

လာရောက်သင်ကြားပေးနေတဲ့ မော်မီမြာကတော့ “ အခုက သူတို့ နည်းနည်းလုပ်တတ်လာပြီ။ ကျမ သူတို့ကို ချည်လိမ့်နည်းတွေ သင်ပေးတော့ သူတို့ ချည်လိမ့်တတ်လာတယ်။ အင်္ကျီတွေလည်း ယက်လုပ်တတ်လာတယ်။ နောက်ကျရင် သူတို့ ပိုလုပ်တတ်လာမယ်လို့ မျှော်လင့်တယ်ပေါ့။ ချည်တွေကတော့ သိပ်တော့ မလုံလောက်သေးဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျမတို့ ဒီလိုရိုးရာယက်ကန်းသင်ကြားပေးတဲ့ ပရောဂျက်လုပ်တာက ဒီတစ်ကြိမ်ပထမဆုံးဖြစ်တယ်။ ” လို့ ဆိုပါတယ်။

သင်တန်းကို လာရောက်သင်ယူနေတဲ့ စေးမေဖောကတော့ ယခင်က ရိုးရာဝတ်စုံယက်လုပ်နည်းတွေကို မလုပ်တတ်တဲ့အတွက် သင်ယူရ အခက်အခဲရှိနေပေမယ့် ဒီသင်တန်းအတွင်း ရအောင် သင်ယူပြီး တခြားလူတွေကိုလည်း ပြန်လည်မျှဝေသွားမယ်လို့ ဆိုပါတယ်။

“ ကျမလုပ်တတ်သွားရင်တော့ တခြားသူတွေကို သင်ပေးမယ်။ နောက်ပြီးတော့ အခုက ဒီလိုရိုးရာအင်္ကျီတွေကို ဝယ်ရတာလည်း စျေးကြီးတယ်။ အဲဒီတော့ ကျမကလေးတွေဝတ်နိုင်ဖို့အတွက် ကိုယ်တိုင် ယက်လုပ်ပေးမယ်ပေါ့။ ကျမကိုယ်တိုင်ကလည်း စိတ်ဝင်စားတယ်။ ဒါပေမယ့် ကျမက သိပ်မမှတ်မိတော့ မြန်မြန်မလုပ်တတ်ဘူး။ စိတ်ဝင်စားတာကတော့ စိတ်ဝင်စားတယ်။ ” လို့ စေးမေဖောက ပြောပါတယ်။

လူဦးရေ နှစ်ထောင်ကျော်ရှိနေတဲ့ အဲဒီစစ်ဘေးဒုက္ခသည်စခန်းမှာ စိတ်ပါဝင်စားသူတွေထဲက အမျိုးသမီး ၁၅ဦးကို ရွေးချယ် သင်ကြားပေးနေတာဖြစ်တယ်လို့ သိရပါတယ်။ သင်တန်းကနေ လက်ရှိအချိန်အထိ အမျိုးသား၊ အမျိုးသမီးဝတ် ကယားရိုးရာအင်္ကျီ ၁၅ ထည်၊ လွယ်အိတ်အလုံး – ၃၀ ကို ယက်လုပ်ပြီးသွားပြီဖြစ်ပြီး ဆက်လက် ယက်လုပ်သွားဖို့လည်း ရှိတယ်လို့ ဆိုပါတယ်။

ယက်လုပ်ပြီးတဲ့ အဝတ်တွေကို ဝင်ငွေရဖို့ ပြန်လည်ရောင်းချရာမှာ အခက်အခဲရှိခဲ့ရင် တခြားနိုင်ငံကို ရောက်ရှိနေပြီး ကရင်နီရိုးရာဝတ်စုံတွေကို ဝယ်ယူချင်သူတွေနဲ့ ချိတ်ဆက်ပေးသွားဖို့လည်း ရှိတယ်လို့ သိရပါတယ်။

ကရင်နီပြည်မှာဆိုရင် စစ်ဘေးဒုက္ခသည်နှစ်သိန်းကျော်ရှိနေပြီး လက်ရှိအချိန်အထိ နေရပ်ပြန်နိုင်ခြင်းမရှိသေးသလို အလှူရှင်တွေရဲ့ အထောက်အပံ့တွေကလည်း နည်းလာနေတဲ့အတွက် တစ်ပိုင်တစ်နိုင်ဝင်ငွေရရှိနိုင်မယ့် နည်းလမ်းတွေကို ကြိုးစားနေကြတာဖြစ်ပါတယ်။

May 1, 2026
ကရင်နီပြည်၊ ဖားဆောင်းမြို့နယ်၊ မော်ချီးဒေသမှာ ယခုရက်ပိုင်းအတွင်း ခဲစျေး ထပ်မံကျဆင်းနေတာကြောင့်...
ပုံဟောင်းအသုံးပြုထားသည်။ ( Photo - RFA )
April 30, 2026
ကဆုန်လပြည့်နေ့ အထိမ်းအမှတ်အနေဖြင့် မြန်မာနိုင်ငံတဝှမ်းက အကျဉ်းထောင်အသီးသီးမှာ အကျဉ်းကျခံနေတဲ့...
April 30, 2026
မိုးဦးမိုးဖျား စတင်ရွာသွန်းလာချိန်နဲ့အတူ ကရင်နီပြည်ရှိ လယ်သမားများက စိုက်ပျိုးရာသီသစ်အတွက်...
အမှတ် ၁ - အယ်လ်ဖာစစ်ဒေသ/ မိုးဗြဲနယ် ထုတ်ပြန်သည့် စစ်ရေးပြအခမ်းအနားကို တွေ့ရစဉ်
April 29, 2026
မိုးဗြဲဒေသက ကရင်နီလက်နက်ကိုင်တပ်ဖွဲ့တွေကြား ပစ်ခတ်မှုကြောင့် ၉ဦး သေဆုံးသွားတဲ့အမှုကို...