မိုဆိုဖြစ်စဉ်မှာ အပြစ်မဲ့ပြည်သူ ၄၀ ကျော် အစုလိုက်အပြုံလိုက် ဖမ်းဆီးသတ်ဖြတ်ပြီး မီးရှို့ခံရတဲ့ တစ်နှစ်ပြည့် အောက်မေ့ဖွယ်ပြုလုပ်

မိုဆိုဖြစ်စဉ်မှာ အပြစ်မဲ့ပြည်သူ ၄၀ ကျော် အစုလိုက်အပြုံလိုက် ဖမ်းဆီးသတ်ဖြတ်ပြီး မီးရှို့ခံရတဲ့ တစ်နှစ်ပြည့် အောက်မေ့ဖွယ်ပြုလုပ်

ကရင်နီပြည် ဖရူဆိုမြို့နယ် မိုဆိုကျေးရွာအနီးမှာ ပြီးခဲ့တဲ့ ၂၀၂၁ခုနှစ် ဒီဇင်ဘာလ ၂၄ရက်နေ့က စစ်ရှောင်ပြည်သူ၊ ဒေသခံ၊ ခရီးသွားပြည်သူ စုစုပေါင်း ၄၀ ကျော်ကို စစ်ကောင်စီတပ်က ဖမ်းဆီးသတ်ဖြတ်ပြီး မီးရှို့ခဲ့တဲ့ မိုဆိုဖြစ်စဉ်ဟာ ဒီကနေ့ ၂၀၂၂ခုနှစ် ဒီဇင်ဘာလ ၂၄ရက်နေ့မှာတော့ တစ်နှစ်ပြည့်ပြီဖြစ်ပါတယ်။

တစ်နှစ်ပြည့် အောက်မေ့ဖွယ်အနေနဲ့ မိုဆိုဒေသခံတွေကနေ ယမန်နေ့ ဒီဇင်ဘာလ ၂၃ရက်နေ့ ညနေပိုင်းမှာ သတ်ဖြတ်မီးရှို့ခံရတဲ့နေရာကိုသွားရောက်ပြီး ဖယောင်းတိုင်မီးထွန်းတာ ဝိညာဉ်အတွက် ဆုတောင်းတာတွေကို ပြုလုပ်ခဲ့ကြပါတယ်။

” ရပ်ဝေးက ပါသွားတဲ့မိသားစုတွေ သူတို့အနေနဲ့ခက်ခဲတယ် မလာနိုင်ဘူးဆိုတာ သိတယ်။ ကျမတို့ သူတို့ကိုအသိအမှတ်ပြုပေးရမယ်။ သူတို့ကို သတိရရမယ် အောက်မေ့ရမယ်ဆိုတဲ့ စိတ်နဲ့ ကျမတို့ အားလုံးအတွက် ပါသွားတဲ့မိသားစုတွေအားလုံး လူပုဂ္ဂိုလ် ၊ ဝိညာဉ်တွေအားလုံးအတွက် ရည်စူးပြီးတော့မှ လုပ်သွားတယ်ပေါ့နော။ ကျမတို့ ရွာခံအတွက်ပဲ လုပ်တာ‌တော့ မဟုတ်ပါဘူး။ “လို့ မိုဆိုကျေးရွာဒေသခံတစ်ဦးက ပြောပါတယ်။

မိုဆိုကျေးရွာအပြင် အနီးအနားက ကျေးရွာတွေဟာ လတ်တလောမှာ စစ်ဘေးရှောင်နေကြရပြီး သတ်ဖြတ်မီးရှို့ခံရမှု တစ်နှစ်ပြည့်ကို အောက်မေ့သတိရတဲ့အနေနဲ့ အခက်အခဲကြားက ပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ခုနှစ် ဒီဇင်ဘာလ ၂၄ရက်နေ့ မိုဆိုဖြစ်စဉ်မှာ အပြစ်မဲ့ပြည်သူ ၄၀ ကျော် နဲ့အတူ ဒန်ဘာကားအပါအဝင် ကားကြီးကားငယ် စုစုပေါင်း၈စီး၊ ထော်လဂျီနှစ်စီး၊ ဆိုင်ကယ် ၆စီး မီးရှို့ခံခဲ့ရတာဖြစ်ပါတယ်။ မိုဆိုဒေသခံတွေကတော့ ဒီဇင်ဘာလ ၂၄ရက်နေ့ကို မမေ့ကြဖို့နဲ့ အောက်မေ့သတိရကြပေးဖို့ တောင်းဆိုထားပါတယ်။

August 8, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းကို စစ်အုပ်စုတပ်က လေကြောင်းတိုက်ခိုက်မှုများနှင့်...
August 7, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်းရှိ နေရာတစ်ခုကို စစ်အုပ်စုတပ်က လေယာဉ်ဖြင့် ဗုံးကြဲ...
August 6, 2026
စစ်အုပ်စုတပ်သည် ပြီးခဲ့သည့် မေလကတည်းက ဒီးမော့ဆိုမြို့အနီး၊ ဒေါငံခါးကျေးရွာဘက်သို့ လက်နက်ကြီး၊...
August 6, 2026
ကရင်နီပြည်တွင်းရှိ နေရာဒေသအသီးသီးတွင် ရက်သတ္တပတ်အတွင်း စက်သုံးဆီဈေးနှုန်းမှာ ကျပ် ၂,၀၀၀...