ဆရာ၊ဆရာမများ၏လုံခြံုရေး သေချာမှသာလျှင် ကျေးရွာများသို့ စေလွှတ်မည်ဟု မောင်တောခရိုင်ပညာရေးမှူးဆို

ဆရာ၊ဆရာမများ၏လုံခြံုရေး သေချာမှသာလျှင် ကျေးရွာများသို့ စေလွှတ်မည်ဟု မောင်တောခရိုင်ပညာရေးမှူးဆို
by -
စိုးသူအောင်
ရခိုင်ပြည်နယ်၊ မောင်တောနှင့် ဘူးသီးတောင်မြို့့ပေါ်တွင် ကျောင်းအချို့ ပြန်ဖွင့်မည်ဖြစ်ရာ ဆရာ၊ ဆရာမများအား လုံခြံုရေးသေချာမှသာလျှင် ကျေးရွာများသို့စေလွှတ်မည်ဟု မောင်တောခရိုင်ပညာရေးမှူး ဦးအုန်းမြင့်က မဇ္စျိမသို့ အတည်ပြုပြောသည်။ မောင်တောနှင့် ဘူးသီးတောင်မြို့့ပေါ်တွင် လာမည့် စက်တင်ဘာလ ၁၇ ရက်နေ့စတင်ပြီး လုံခြံုရေးစိတ်ချရသည့် နေရာတချို့တွင် ကျောင်းများ ပြန်လည်ဖွင့်လှစ် စာသင်ကြားနိုင်ရန် စီစဉ်ဆောင်ရွက်နေခြင်း ဖြစ်သည်။ မောင်တောခရိုင် ပညာရေးမှူး ဦးအုန်းမြင့်က “ မိမိတာဝန်ကျရာဒေသဆိုတာ မြို့နယ်ရုံးမှာပဲ ထားဦးမှာပါ။ ဟိုကို (ကျေးရွာများ) မလွှတ်သေးပါဘူး။ လုံခြံုရေး သေချာပြီဆိုမှ လွှတ်မှာပါ “ ဟုဆိုသည်။ အဆိုပါ ပြန်လည်ခေါ်ယူမှုအပေါ် ပညာရေးဝန်ထမ်းများက စိုးရိမ်ပူပန်မှုများရှိနေသော်လည်း ပညာရေးဝန်ကြီးဌာနမှ လုံခြံုရေးတောင်းရန် အစီအစဉ်ရှိကြောင်း မောင်တောခရိုင် ပညာရေးမှူး ဦးအုန်းမြင့်က ပြောသည်။ “ အဲ့လိုတော့အစီအစဉ်ရှိပါတယ်။ လုံခြံုရေးကတော့ ပေးဖို့တောင်းရမှာပေါ့။ သူတို့လည်းပေးဖို့အစီအစဉ်ရှိမှာပါ “ ဟု ၄င်းကဆိုသည်။ လက်ရှိတွင် မောင်တောနှင့် ဘူးသီးတောင်တွင် ဖြစ်ပွားခဲ့သောအကြမ်းဖက်မှုများကြောင့် နေရပ်သို့ ပြန်လည်တိမ်းရှောင်နေ သည့် ဆရာ/ ဆရာမ ၃၀၀၀ ခန့်ကို မိမိ တာဝန်ကျသည့် ဒေသသို့ ပြန်လာရောက်ရန် ပညာရေးဝန်ကြီးဌာနမှ ပြန်လည်ခေါ်ဆိုထားခြင်း ဖြစ်သည်။ မောင်တော၊ ဘူးသီးတောင် မြို့ပေါ်ရှိ ဒုက္ခသည်စခန်းများမှကျောင်းသားများကိုသာ စာပြန်သင်ရန် စီစဉ်နေခြင်းဖြစ်ပြီး ကျောင်းများ အားလုံးပြန်ဖွင့်ရန်မှာ လုံခြံုရေးအခြေအနေကြောင့် မဖြစ်နိုင်သေးကြောင်း သိရသည်။ “ကျွန်တော်တို့က ရှိတဲ့ကျောင်းသားကိုပဲ သင်မှာ။ ရှိတဲ့ကျောင်းသားကိုမှ ဦးရေအလိုက် ပြန်ခွဲပြီးသင်မှာ။ သူ့ကျောင်းမှာရှိတဲ့ ကျောင်းသားကတော့ ဖြစ်ချင်မှဖြစ်မယ်လေ။ တခြားတစ်မြို့နယ်လုံးမှာရှိနေတဲ့ ကယ်ဆယ်ရေးစခန်းတွေမှာရှိနေတဲ့ ကျောင်းသားတွေလည်းပါတာပေါ့ “ ဟု ဦးအုန်းမြင့်က ဆိုသည်။ အကြမ်းဖက်မှုဖြစ်စဉ်များကြောင့် မောင်တောမြို့ပေါ်ရှိ စာသင်ကျောင်း ၁၈၃ ကျောင်း၊ ဘူးသီးတောင်မြို့နယ်ရှိ ၂၂၁ ကျောင်းနှင့် ရသေ့ တောင်မြို့နယ်ရှိ ကျောင်း ၂၀ အားလုံး စုစုပေါင်း ၄၂၄ ကျောင်းကို ရက်အကန့်အသတ်မရှိ ပိတ်ထားခဲ့သည်။ မောင်တော၊ ဘူးသီးတောင်နှင့် ရသေ့တောင်မြို့နယ်တို့တွင် ကျောင်းများပိတ်ထားရသည်မှာ သြဂုတ်လ ၂၅ ရက်နေ့မှစတင်ကာ စက်တင်ဘာ ၁၄ ရက်အထိ ၂၁ ရက်တိတိရှိခဲ့ပြီ ဖြစ်ပြီး အဆိုပါကျောင်းများတွင် တက်ရောက်နေသည့် ကျောင်းသားဦးရေ ခန့်မှန်းခြေ တစ်သိန်းခွဲခန့် ရှိနေကြာင်း သိရသည်။
March 31, 2026
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကာကွယ်ရေးဦးစီးချုပ် (တပ်ချုပ်)...
March 30, 2026
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ယနေ့ (မတ် ၃၀ ရက်) ကျင်းပသည့် ၂၀၂၆...
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စစ်တပ်(လေ)၏ ဖွဲ့စည်းတည်ထောင်မှု (၇၄)နှစ် မြောက် နှစ်ပတ်လည်နေ့ အခမ်းအနား တက်ရောက်စဉ်။ (MOI)
March 28, 2026
မောင်ခက်နွေ - စစ်ကော်မရှင်က အာဏာသိမ်းကာလ ငါးနှစ်ကျော်အတွင်း လေကြောင်းတိုက်ခိုက်မှု ၆,၉၈၆ ကြိမ်...
March 27, 2026
ပါခွီး — မကွေးတိုင်း ၊ မကွေးမြို့အခြေစိုက် လေတပ်စခန်းကို ၁၀၇မမ ရှော့တိုက်ဒုံး ၁၁လုံးဖြင့်...