စစ်ကောင်စီရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သားတစ်ဦးသေဆုံး

စစ်ကောင်စီရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သားတစ်ဦးသေဆုံး

ယနေ့ ဒီဇင်ဘာလ ၁၃ ရက်နေ့ မှာ ဒီးမော့ဆိုမြို့အခြေစိုက်် ခမရ ၄၂၇ တပ်က ပစ်ခတ်တဲ့ လက်နက်ကြီးကြောင့် ဒီးမော့ဆို အရှေ့ဘက်ခြမ်းက ဒေသခံအမျိုးသားတစ်ဦး ထိခိုက်သေဆုံးခဲ့ရတယ်လို့ မျက်မြင်တွေက ပြောကြပါတယ်။

သေဆုံးသူဟာ အသက် ၃၆ နှစ်အရွယ် အမျိုးသား တစ်ဦးဖြစ်ပြီး စျေးဆိုင်တစ်ဆိုင်ရှေ့မှာရပ်နေရာကနေ လက်နက်ကြီး ကျည်စ ထိမှန် သေဆုံးခဲ့ရတာဖြစ်တယ်လို့ မျက်မြင်သက်သေ တစ်ဦးက ပြောပါတယ်။

“စထွက်တုန်းကတော့ ကျနော်တို့ မသိဘူး။ ကျနော် ဆိုင်ထဲကနေထွက်လာတော့ အသံကြားတယ်။ ကျနော် ဆိုင်ကယ်ပေါ်တက်တုန်းရှိသေး ကျလာနေပြီ။ ပြီးတော့ ကျနော် မှောက်ချလိုက်တယ်။ အိမ်ထဲပြေးဝင်လို့ သူစကားတစ်ခွန်းပြောလိုက်သေးတယ်။ သူ့ကိုမထိဘူးပေါ့။ ကျနော်အိမ်ထဲရောက်တော့ သူမဝင်လာတော့ ကျနော်ခေါ်လိုက်တယ်။ဘာမှ ပြန်မပြောဘူး။ သူ့ကိုထိတယ်ထင်တယ်လို့အိမ်ထဲမှာ ရှိနေတဲ့ မိန်းကလေး တွေကိုမေးလိုက်တော့ စောဏသူဝင်လာတယ်တဲ့။ ကျနော်ကြည့်လိုက်တော့ သူလေးဘက်ကုံးဝင်လာတာတွေ့လိုက်တယ်။ အများကြီး ထိထားတာထင်တယ်။ သွေးတွေအများကြီးပဲ ကျနော်သူ့ကို အိမ်ထဲဆွဲဝင်လာတယ်။” လို့ မျက်မြင် သက်သေတစ်ဦးက ပြောပါတယ်။

လက်နက်ကြီး မကျလာခင် မနက်ပိုင်း ၉ နာရီ အချိန်လောက်မှာ ဒီးမော့ဆို အခြေစိုက် ခမရ ၄၂၇ တပ်မှ လွိုင်ကော်မြို့ပေါ်ကို စစ်ကား ၄ စီးနဲ့ ဦးတည်ထွက်ခွာလာခဲ့ပါတယ်။ ထွက်လာတဲ့ စစ်ကား ၄ စီးနဲ့ ကရင်နီအမျိုးသား ကာကွယ်ရေးတပ် KNDF B-09 တို့ ထိတွေ့ တိုက်ပွဲ ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။ တိုက်ပွဲ ဖြစ်ပွားပြီး ခဏအကြာ ၁၁ နာရီ ဝန်းကျင်လောက်ကနေစပြီး စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးတွေနဲ့ စတင်ပစ်ခတ်နေတာ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ဒေါခလိုက်လင် ဘက်တလင် နားမှာ တိုက်ပွဲ ရှိတယ်။ တိုက်ပွဲ ရှိတာတော့ကြားတယ်။ ကျနော်တို့ စောင့်နားထောင်တယ်။ တိုက်ပွဲ ပြီးရင် ရွာထဲတွင်ကို လျှောက်ပစ်တော့မယ် ဆိုပြီး ကျနော်တို့ ထင်တယ်။ တကယ်လည်းပဲ ပစ်တယ်။ ပထမဦးဆုံးကျတဲ့ တစ်လုံးကပဲထိတာ။” လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။

တိုက်ပွဲ ဖြစ်ပွားခြင်းမရှိတဲ့ ဒေသခံတွေနေထိုင်ရာ ကျေးရွာဘက်ကို စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာကြောင့် ရွာသားတော်တော်များများက ညဘက်တွေမှာ တောထဲထွက်ပြေး တိမ်းရှောင်နေကြရပြီး နေ့ခင်းဘက်တွေမှာသာ ကျေးရွာထဲခဏပြန်လာတာတွေ ပြုလုပ်နေကြရပါတယ်။

လက်ရှိညပိုင်း အချိန်အထိ စစ်ကောင်စီတပ်ကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာမျိုးတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

May 1, 2026
ကရင်နီပြည်၊ ဖားဆောင်းမြို့နယ်၊ မော်ချီးဒေသမှာ ယခုရက်ပိုင်းအတွင်း ခဲစျေး ထပ်မံကျဆင်းနေတာကြောင့်...
ပုံဟောင်းအသုံးပြုထားသည်။ ( Photo - RFA )
April 30, 2026
ကဆုန်လပြည့်နေ့ အထိမ်းအမှတ်အနေဖြင့် မြန်မာနိုင်ငံတဝှမ်းက အကျဉ်းထောင်အသီးသီးမှာ အကျဉ်းကျခံနေတဲ့...
April 30, 2026
မိုးဦးမိုးဖျား စတင်ရွာသွန်းလာချိန်နဲ့အတူ ကရင်နီပြည်ရှိ လယ်သမားများက စိုက်ပျိုးရာသီသစ်အတွက်...
အမှတ် ၁ - အယ်လ်ဖာစစ်ဒေသ/ မိုးဗြဲနယ် ထုတ်ပြန်သည့် စစ်ရေးပြအခမ်းအနားကို တွေ့ရစဉ်
April 29, 2026
မိုးဗြဲဒေသက ကရင်နီလက်နက်ကိုင်တပ်ဖွဲ့တွေကြား ပစ်ခတ်မှုကြောင့် ၉ဦး သေဆုံးသွားတဲ့အမှုကို...