နိုဝင်ဘာ ၂၃မှာ ကျရောက်မယ့် (၂၇၆၂)နှစ်ပြည့် ကယန်းနှစ်သစ်ကူးကို ကြိုဆိုတဲ့အနေနဲ့ ဘောလုံးပြိုင်ပွဲ ကျင်းပခဲ့

နိုဝင်ဘာ ၂၃မှာ ကျရောက်မယ့် (၂၇၆၂)နှစ်ပြည့် ကယန်းနှစ်သစ်ကူးကို ကြိုဆိုတဲ့အနေနဲ့ ဘောလုံးပြိုင်ပွဲ ကျင်းပခဲ့

ဖယ်ခုံမြို့နယ် အနောက်ကယန်းဒေသက ကျေးရွာတစ်ခုမှာ လာမယ့် နိုဝင်ဘာလ ၂၃ရက်နေ့မှာ ကျရောက်မယ့် (၂၇၆၂)နှစ်ပြည့် ကယန်းနှစ်သစ်ကူး ကို ကြိုဆိုတဲ့အနေနဲ့ ဘောလုံးပြိုင်ပွဲကို ပြုလုပ်ခဲ့တယ်လို့ ပွဲကျင်းပပေးတဲ့ ကယန်းစာပေယဉ်ကျေးမှု ဗဟိုကော်မတီဝင် ခွန်းလှတိုး က ဆိုပါတယ်။

“ လာမယ့် ၂၇၆၂ ကယန်းနှစ်သစ်ကူး ကို ကြိုဆိုသောအားဖြင့် အထိမ်းအမှတ်အနေနဲ့ ကျနော်တို့ ဘောလုံးပွဲတစ်ရပ်ကို ကျင်းပတာပေါ့နော။ ကျင်းပရခြင်းရည်ရွယ်ချက်က ဘာလဲဆိုရင် လက်ရှိ နိုင်ငံရေးအခြေအနေ ဘယ်လောက်ထိရှုပ်ထွေးနေပါစေ။ ကမ္ဘာတည်နေသရွေ့ကတော့ ကျနော်တို့ ကယန်းတွေ သည်က သက္ကရာဇ်ရှိနေရမယ်။ အမှတ်ရနေရမယ် သိနေရမယ်။ ဘယ်လောက်ပဲ အခက်ခဲ ကြုံတွေ့နေပါစေ ကိုယ့်ရဲ့ နှစ်သက္ကရာဇ်ရှိနေတယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကျနော်တို့ လုပ်သွားခြင်းပဲဖြစ်တယ်ပေါ့နော။ “ လို့ ခွန်းလှတိုးက ပြောပါတယ်။

ဘောလုံးပြိုင်ပွဲကို အသင်း ၂၄ သင်းဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး အောက်တိုဘာလ ၃၀ရက်နေ့ကနေ နိုဝင်ဘာလ ၂၀ရက်နေ့အထိ ၂၂ရက်တာ ကျင်းပပေးခဲ့တယ်လို့ သိရပါတယ်။ ပြိုင်ပွဲမှာ ပထမ၊ ဒုတိယ၊ တတိယ နဲ့ ကစားသမားနေရာ အကောင်းဆုံးဆုတွေကို ပေးအပ်ခဲ့ကြပါတယ်။

အခုလို ဘောလုံးပြိုင်ပွဲ ကျင်းပရခြင်းကလည်း လက်ရှိ နိုင်ငံရေး ကာလကြားမှာ လူထုတွေ စိတ်ဖိစီးတာတွေ၊ စိတ်မွန်းကြပ်တာတွေ ဖြေလျော့ပေးနိုင်ဖို့အတွက် နဲ့ တစ်ဦးနဲ့တစ်ဦး ရင်းနှီးမှုရရှိအောင် ကျင်းပဖြစ်တာဖြစ်တယ်လို့ ဆိုပါတယ်။

August 8, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းကို စစ်အုပ်စုတပ်က လေကြောင်းတိုက်ခိုက်မှုများနှင့်...
August 7, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်းရှိ နေရာတစ်ခုကို စစ်အုပ်စုတပ်က လေယာဉ်ဖြင့် ဗုံးကြဲ...
August 6, 2026
စစ်အုပ်စုတပ်သည် ပြီးခဲ့သည့် မေလကတည်းက ဒီးမော့ဆိုမြို့အနီး၊ ဒေါငံခါးကျေးရွာဘက်သို့ လက်နက်ကြီး၊...
August 6, 2026
ကရင်နီပြည်တွင်းရှိ နေရာဒေသအသီးသီးတွင် ရက်သတ္တပတ်အတွင်း စက်သုံးဆီဈေးနှုန်းမှာ ကျပ် ၂,၀၀၀...