စစ်တွေမြို့ သုခကာရီဆရာတော်အပါအဝင် သံဃာတော် (၃) ပါးနှင့် စစ်ဘေးရှောင်တစ်ဦးတို့ကို ညအချိန် စစ်ကောင်စီဖမ်းဆီး

စစ်တွေမြို့ သုခကာရီဆရာတော်အပါအဝင် သံဃာတော် (၃) ပါးနှင့် စစ်ဘေးရှောင်တစ်ဦးတို့ကို ညအချိန် စစ်ကောင်စီဖမ်းဆီး

စစ်တွေမြို့ သုခကာရီဆရာတော် အရှင်သုဂန္ဓအပါအဝင် ရဟန်းတော် (၃) ပါးနှင့် စစ်ဘေးရှောင်တစ်ဦးတို့ကို ယမန်နေ့ ညအချိန် စစ်ကောင်စီတပ်က ဝင်ရောက်ဖမ်းဆီးသွားခဲ့ကြောင်း သတင်းရရှိသည်။

ယမန်နေ့ နိုဝင်ဘာ ၆ ရက် ည ၁၁ နာရီခွဲအချိန်ခန့်က စစ်တွေမြို့၊ သုခကာရီကျောင်းတိုက်အတွင်းသို့ စစ်ကောင်စီတပ်သားများနှင့် ရဲတပ်သားများက ကားဖြင့်ဝင်ရောက်ကာ ဆရာတော် နှင့်အတူ ဦးဇင်းကြီး နှင့် မောင်ရှင်ကြီးနှစ်ပါးကိုပါ ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု ဆရာတော်၏ တပည့်တကာ တစ်ဦးက နိရဉ္စရာကို ပြောသည်။

"မနေ့ညက ကားနဲ့လာပြီး စစ်သား နဲ့ရဲတွေက ဖမ်းသွားတာပါ။ ဘာအတွက်ဆိုတာမျိုးတော့ မသိရဘူး။ ဆရာတော်ကို တိုက်ရိုက်တက်ဖမ်းတာဖြစ်လို့ အကျိုးအကြောင်း မသိရဘူး။ အခု ဆရာတော် အပါအဝင် အသက် (၅၀) ကျော်အရွယ် မောင်ရှင်ကြီးနဲ့ ဦးဇင်းတစ်ပါးလည်း ပါသွားတယ်"ဟု ပြောသည်။

လက်ရှိမှာ မည်သည့်အတွက် ဖမ်းဆီးသွားပြီး မည်သည့်နေရာတွင် ထိန်းသိမ်းထားသည်ကို အတိအကျမသိရသေးသဖြင့် တပည့်တကာများက စိုးရိမ်နေကြသည်ဟူ သူက ဆက်ပြောသည်။

ယနေ့ နိုဝင်ဘာ ၇ ရက် နံနက်အာရုဏ် ၃ နာရီအချိန်တွင် စစ်တွေမြို့ ဗုဒ္ဓေါမော် ဘုန်းတော်ကြီးကျောင်း စစ်ဘေးရှောင်စခန်းမှ စစ်ဘေးရှောင်တစ်ဦးကို စစ်ကောင်စီတပ်သားများက ဝင်ရောက်ဖမ်းဆီးသွားကြောင်း မိသားစုဝင်များက ပြောသည်။

"ညက ကျောင်းထဲဝင်ပြီး သူတို့ရှိနေတာမသိဘဲ ပုံမှန်ပဲ အပေါ့အပါးသွားဖို့ ဆင်းသွားတာကို ဖမ်းသွားတာပါ"ဟု ပြောသည်။

ဖမ်းဆီးခံရသူမှာ ကျောက်တော်မြို့နယ်၊ ပြိုင်းတိုင်းရွာမှ စစ်ရှောင်နေသည့် ဦးဌေးနိုင်(၃၈ နှစ်) ဖြစ်သည်။

ယမန်နေ့ ညနေ ၇ နာရီခွဲတွင် စစ်တွေမြို့ ရှုခင်းသာလမ်း၊ RV စားသောက်ဆိုင်ထဲတွင် ပြည်နယ် ငါးလုပ်ငန်းဦးစီးမှူး ဦးသက်ဦး(၆၀) ကို အမည်မသိသူနှစ်ဦးမှ ဆိုင်ကယ်ဖြင့်လာပြီး သေနတ်ဖြင့် ပစ်ခတ်သွားသဖြင့် ဒဏ်ရာ လေးချက်ရရှိကာ ဆေးရုံတင်ခဲ့ရပြီးနောက်ပိုင်း စစ်တွေတွင် စစ်ကောင်စီ၏ အဖမ်းအဆီးများလာခြင်းဖြစ်သည်။

July 20, 2026
ရခိုင်ပြည်၊ သံတွဲ၊ မအီနှင့် ပုဏ္ဏားကျွန်းမြို့များကို ဇူလိုင်လ ၁၉ ရက်နေ့ တစ်ရက်တည်းအတွင်း...
July 18, 2026
ဧရာဝတီတိုင်းအတွင်း ခိုလှုံနေကြသည့် ရခိုင်စစ်ဘေးရှောင်များနှင့် ရခိုင်မှတ်ပုံတင် (၁၁/---)...
July 17, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ် တောင်မော်ဦးရေတပ်အနီးတွင် အာရက္ခတပ်တော် (AA) နှင့် စစ်တပ်တို့အကြား...
July 16, 2026
ဧရာဝတီတိုင်းအတွင်းရှိ ငသိုင်းချောင်း-ဂွလမ်းပေါ်တွင် အာရက္ခတပ်တော် (AA) နှင့် စစ်တပ်တို့အကြား...