ဒေါက်တာအေးမောင်ဦးဆောင်သည့် AFP မှ ဒုဥက္ကဋ္ဌ ဦးကျော်ဇောဦးဖမ်းဆီးခံရ

ဒေါက်တာအေးမောင်ဦးဆောင်သည့် AFP မှ ဒုဥက္ကဋ္ဌ ဦးကျော်ဇောဦးဖမ်းဆီးခံရ
(ဓာတ်ပုံ- AFP page)
(ဓာတ်ပုံ- AFP page)

ဒေါက်တာအေးမောင် ဦးဆောင်သည့်  ရခိုင့်ဦးဆောင်ပါတီ (AFP)မှ ဒုတိယဥက္ကဋ္ဌ ဦးကျော်ဇောဦးကို ဖမ်းဆီးခံထားရကြောင်း သတင်းရရှိသည်။

သို့သော်လည်း မည်သည့် အဖွဲ့အစည်းက ဖမ်းဆီးသွားသည်ကို မသိရသေးကြောင်း ပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင် ပြောဆိုသည်။

" သူ့ကို စစ်တွေမှာ ဖမ်းဆီးသွားတာ ဟုတ်တယ်လို့ ကြားတယ်။ ဘယ်အဖွဲ့ဆိုတာတော့ မကြေညာသေးဘူး။ ကျွန်တော်က စစ်တွေမှာမဟုတ်လို့ အတိအကျကိုတော့မသိပါဘူး။ ခန့်မှန်းကတော့ နိုဝင်ဘာ ၂ ရက်နေ့လို့ ထင်တယ်"ဟု ပြောသည်။

လက်ရှိမှာ (AFP) ပါတီ ဥက္ကဌ ဒေါက်တာအေးမောင်မှာ စစ်တွေတွင် မရှိ၍ ဖမ်းဆီးခံရမှုနှင့်ပတ်သက်၍ အသေးစိတ်သိရှိခြင်းမရှိသေးကြောင်း ပြောသည်။

ရခိုင့်ဦးဆောင်ပါတီ ဒုဥက္ကဋ္ဌကို စစ်တွေမြို့မှ  ပြီးခဲ့သည့် နိုဝင်ဘာ ၂ ရက်နေ့တွင် အမည်မသိ အဖွဲ့အစည်းတစ်ခုက ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် ပျောက်ဆုံးနေခြင်း ဖြစ်သည် သိရသည်။

ဦးကျော်ဇောဦးသည် ရခိုင့်ဦးဆောင်ပါတီဒုဥက္ကဋ္ဌ တစ်ဦးဖြစ်သလို ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်လည်းဖြစ်ကာ ပထမအကြိမ် လွှတ်တော်သက်တမ်း (၂၀၁၀-၂၀၁၅) တွင် စစ်တွေမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားအဖြစ်လည်း ရွေးချယ်တင်မြောက်ခံခဲ့ရသူ ဖြစ်သည်။

အသေးစိတ်သိရှိနိုင်ရန် ဦးကျော်ဇောဦး၏ မိသားစုဝင်များကို  MPM အနေဖြင့် ဖုန်းဖြင့် ကြိုးစားဆက်သွယ်နေသော်လည်း အဆက်အသွယ် မရရှိသေးပါ။

Most read this week

December 23, 2025
ရခိုင်-မကွေး ရိုးလမ်းပေါ်ရှိ အာရက္ခတပ်တော်(AA) ပြန်လည်ထိန်းချုပ်ထားသည့် ဂုတ်ကြီးသို့...
December 23, 2025
အောင်မိုး — ဒီလ၂၈ရက်နေ့မှာ စစ်အုပ်စုရဲ့ ပထမအဆင့်ရွေးကောက်ပွဲကို...
December 22, 2025
အာရက္ခတပ်တော်(AA)သိမ်းပိုက်ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ဂွမြို့ရှိ...
December 19, 2025
ရခိုင်မှ လယ်သမားများသည် ပြီးခဲ့သည့်နှစ်က စပါးဈေး ဈေးကောင်းမရ၍ အရှုံးပေါ်ခဲ့သလို ယခုနှစ်တွင်လည်း...