ဒေါက်တာအေးမောင်ဦးဆောင်သည့် AFP မှ ဒုဥက္ကဋ္ဌ ဦးကျော်ဇောဦးဖမ်းဆီးခံရ

ဒေါက်တာအေးမောင်ဦးဆောင်သည့် AFP မှ ဒုဥက္ကဋ္ဌ ဦးကျော်ဇောဦးဖမ်းဆီးခံရ
(ဓာတ်ပုံ- AFP page)
(ဓာတ်ပုံ- AFP page)

ဒေါက်တာအေးမောင် ဦးဆောင်သည့်  ရခိုင့်ဦးဆောင်ပါတီ (AFP)မှ ဒုတိယဥက္ကဋ္ဌ ဦးကျော်ဇောဦးကို ဖမ်းဆီးခံထားရကြောင်း သတင်းရရှိသည်။

သို့သော်လည်း မည်သည့် အဖွဲ့အစည်းက ဖမ်းဆီးသွားသည်ကို မသိရသေးကြောင်း ပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင် ပြောဆိုသည်။

" သူ့ကို စစ်တွေမှာ ဖမ်းဆီးသွားတာ ဟုတ်တယ်လို့ ကြားတယ်။ ဘယ်အဖွဲ့ဆိုတာတော့ မကြေညာသေးဘူး။ ကျွန်တော်က စစ်တွေမှာမဟုတ်လို့ အတိအကျကိုတော့မသိပါဘူး။ ခန့်မှန်းကတော့ နိုဝင်ဘာ ၂ ရက်နေ့လို့ ထင်တယ်"ဟု ပြောသည်။

လက်ရှိမှာ (AFP) ပါတီ ဥက္ကဌ ဒေါက်တာအေးမောင်မှာ စစ်တွေတွင် မရှိ၍ ဖမ်းဆီးခံရမှုနှင့်ပတ်သက်၍ အသေးစိတ်သိရှိခြင်းမရှိသေးကြောင်း ပြောသည်။

ရခိုင့်ဦးဆောင်ပါတီ ဒုဥက္ကဋ္ဌကို စစ်တွေမြို့မှ  ပြီးခဲ့သည့် နိုဝင်ဘာ ၂ ရက်နေ့တွင် အမည်မသိ အဖွဲ့အစည်းတစ်ခုက ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် ပျောက်ဆုံးနေခြင်း ဖြစ်သည် သိရသည်။

ဦးကျော်ဇောဦးသည် ရခိုင့်ဦးဆောင်ပါတီဒုဥက္ကဋ္ဌ တစ်ဦးဖြစ်သလို ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်လည်းဖြစ်ကာ ပထမအကြိမ် လွှတ်တော်သက်တမ်း (၂၀၁၀-၂၀၁၅) တွင် စစ်တွေမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားအဖြစ်လည်း ရွေးချယ်တင်မြောက်ခံခဲ့ရသူ ဖြစ်သည်။

အသေးစိတ်သိရှိနိုင်ရန် ဦးကျော်ဇောဦး၏ မိသားစုဝင်များကို  MPM အနေဖြင့် ဖုန်းဖြင့် ကြိုးစားဆက်သွယ်နေသော်လည်း အဆက်အသွယ် မရရှိသေးပါ။

July 20, 2026
ရခိုင်ပြည်၊ သံတွဲ၊ မအီနှင့် ပုဏ္ဏားကျွန်းမြို့များကို ဇူလိုင်လ ၁၉ ရက်နေ့ တစ်ရက်တည်းအတွင်း...
July 18, 2026
ဧရာဝတီတိုင်းအတွင်း ခိုလှုံနေကြသည့် ရခိုင်စစ်ဘေးရှောင်များနှင့် ရခိုင်မှတ်ပုံတင် (၁၁/---)...
July 17, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ် တောင်မော်ဦးရေတပ်အနီးတွင် အာရက္ခတပ်တော် (AA) နှင့် စစ်တပ်တို့အကြား...
July 16, 2026
ဧရာဝတီတိုင်းအတွင်းရှိ ငသိုင်းချောင်း-ဂွလမ်းပေါ်တွင် အာရက္ခတပ်တော် (AA) နှင့် စစ်တပ်တို့အကြား...