အခြေအနေ မတည်ငြိမ်မှုတွေကြောင့် လွိုင်ကော်မြို့မှာ ကတ်သလစ်ခရစ်ယာန်ဘာသာဝင်တွေရဲ့ သေလွန်သောသူတွေအတွက် ဝတ်ပြုဆုတောင်းခြင်းကို သင်္ချိုင်းတွင် မပြုလုပ်ခဲ့ရ

အခြေအနေ မတည်ငြိမ်မှုတွေကြောင့် လွိုင်ကော်မြို့မှာ ကတ်သလစ်ခရစ်ယာန်ဘာသာဝင်တွေရဲ့ သေလွန်သောသူတွေအတွက် ဝတ်ပြုဆုတောင်းခြင်းကို သင်္ချိုင်းတွင် မပြုလုပ်ခဲ့ရ

နှစ်စဥ် နိုဝင်ဘာလ ၂ ရက်နေ့ဟာ ကတ်သလစ်ခရစ်ယာန် အသင်းတော်အနေနဲ့ သတ်မှတ်ထားတဲ့ သေလွန်သောသူတွေဝိညာဉ်အတွက် သတိရဆုတောင်းခြင်းအနေနဲ့ သင်္ချိုင်းကုန်းမှာ သွားရောက်ဝတ်ပြုဆုတောင်းကြပါတယ်။

လွိုင်ကော်မြို့ နာနတ်တောမှာတော့ သင်္ချိုင်းကုန်းပွဲမှာ ဝတ်ပြုခြင်းကို မတည်ငြိမ်တဲ့ အခြေအနေအကြောင်းပြချက်တွေကြောင့် မပြုလုပ်ခဲ့ရကြောင်း ဒေသခံတွေက ပြောဆိုကြပါတယ်။

” မိစ္ဆား ( ဝတ်ပြုခြင်း )က ဘုရားကျောင်းမှာပဲလုပ်တယ်။ ခွင့်မပြုတာမဟုတ်ဘူး။ ဟိုစာ ကိုယ်တော် ( ကတ်သလစ်ဘုန်းတော်ကြီး ) တွေက မလုပ်ရဲတာ ခဏနေ တစ်ခုခုဖြစ်ရင် ဘယ်သူမှ တာဝန်မယူနိုင်ဘူး။ မီးသွားထွန်းလို့တော့ရတယ်။” လို့ လွိုင်ကော််ဒေသခံတစ်ဦးက ပြောပါတယ်။

ညနေလေးနာရီအထိ ဖယောင်းတိုင်မီးသွားထွန်းတာတွေကို ပြုလုပ်နိုင်ပြီး ဝတ်ပြုဆုတောင်းခြင်းကိုတော့ သင်္ချိုင်းကုန်းမှာမလုပ်တော့ပဲ ဘုရားကျောင်းမှာသာ ပြုလုပ်သွားမယ်လို့ သိရပါတယ်။

“သင်္ချိုင်းကုန်းတွေကိုတော့ သန့်ရှင်းရေး လုပ်ပြီးသွားပြီ။ ဒီရက်မှာ ဘုရားသွားရှိခိုးမယ်ဆိုပြီးတော့ မသွားဖြစ်ဘူး။ လူများလို့ ဝတ်ပြုဆုတောင်းခြင်းတွေ မလုပ်ဖြစ်တာလားတော့ သေချာမသိဘူး။” လို့ လွိုင်ကော် ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

လွိုင်ကော်မြို့ရဲ့ ကျေးရွာ၊ ရပ်ကွက်တချို့တွေမှာတော့ ဝတ်ပြုဆုတောင်းခြင်းတွေကို ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

နာနတ်တောမှာ နှစ်စဉ် သင်္ချိုင်းကုန်းပွဲကို ပြုလုပ်လေ့ရှိပြီး ကိုဗစ်ကာလကစပြီး လူအများစုဝေး ဆုတောင်းခြင်း မပြုလုပ်နိုင်တော့တာဖြစ်ပါတယ်။

ကက်သလစ်ခရစ်ယာန်ဘာသာဝင်တွေဟာ မိသားစုဝင်(ဒါမှမဟုတ်) အသိမိတ်ဆွေတွေထဲကတစ်ဦးဦး ကွယ်လွန်သွားခဲ့သော် ၎င်းတို့ရဲ့ အသင်းတော်က သတ်မှတ်ပေးတဲ့ နိုဝင်ဘာလ ၂ ရက်မှာ ကက်သလစ်ခရစ်ယာန် သင်္ချိုင်း အသီသီးမှ မြေမြှပ်သင်္ဂြိုလ်ထားတဲ့ အုတ်ဂူရှိရာနေရာမှာ သတိရ သွားရောက်ဆုတောင်းတာ၊ လွမ်းသူ့ပန်းခွေချတာ၊ ဆုပေါင်းပြီးဝတ်ပြုတာတွေ ပြုလုပ်ကြပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်း စစ်ကော်မရှင်တပ်ရဲ့ ဒရုန်းနဲ့ ပစ်ခတ်မှုကြောင့် ဖရူဆိုမြို့နယ်အတွင်းက ကျေးရွာတရွာမှာ နေအိမ်တချို့ မီးလောင်ခဲ့စဉ်။ ( ပုံဟောင်းအသုံးပြုထားသည်။ )
April 3, 2026
ကရင်နီပြည်၊ ဖရူဆိုနဲ့ ဘောလခဲမြို့နယ်အစပ်က ကျေးရွာတရွာမှာ စစ်ကော်မရှင်တပ် တလကျော်ကြာ...
April 2, 2026
ကရင်နီပြည်မှာ ရှိတဲ့ လူငယ်တွေအနေနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးမှာ အားကောင်းကောင်းနဲ့...
April 1, 2026
သိုးကလေး — အရှေ့အလယ်ပိုင်းဒေသမှာ ဖြစ်ပွားနေတဲ့ စစ်ပွဲတွေရဲ့ နောက်ဆက်တွဲအနေနဲ့ မြန်မာအပါအဝင်...
April 1, 2026
တနိုင်တပိုင် မွေးမြူထားတဲ့ ကြက်တွေအနာကျတာ၊ အစုလိုက်သေဆုံးတာတွေကို ရာသီဥတုအကူးအပြောင်းကာလမှာ...