ကျောက်ဖြူတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူး ၁ဦးနှင့်ရာအိမ်မှူး ၁ဦးအပါအဝင် မြို့ခံ ၄ ဦးကို စစ်တပ်က ညဉ့်အချိန် ဝင်ရောက်ဖမ်းဆီးခေါ်ဆောင်သွား

ကျောက်ဖြူတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူး ၁ဦးနှင့်ရာအိမ်မှူး ၁ဦးအပါအဝင် မြို့ခံ ၄ ဦးကို စစ်တပ်က ညဉ့်အချိန် ဝင်ရောက်ဖမ်းဆီးခေါ်ဆောင်သွား

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူး ၁ဦးနှင့် ရာအိမ်မှူး ၁ဦးအပါအဝင် မြို့ခံ ၄ ဦးကို စစ်ကောင်စီတပ် ယမန်နေ့ ညဉ့်အချိန်က ဝင်ရောက်ဖမ်းဆီးသွားသည်ဟု သိရသည်။

ဖမ်းဆီးခံရသူတို့မှာ ကျောက်ဖြူမြို့၊ ပြင်ဖြူမော်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးခင်မောင်ထွန်း(၅၆) နှစ်၊ စေတီတောင်ရပ်ကွက်ရာအိမ်မှူး ဦးဝင်းမောင်(၅၆)နှစ်၊ အရှေ့ပိုင်းရပ်ကွက်မှ ဦးမောင်မောင်ထွန်း(၃၇) နှစ်နှင့် စေတီယျရပ်ကွက်နေ ရေခဲစက်တွင် အလုပ်လုပ်ကိုင်နေသည့် ဦးထွန်းနေဝင်း(၃၈) နှစ် ဖြစ်ကြသည်ဟု  သိရသည်။

သူတို့ ၄ဦးကို ယမန်နေ့နိုဝင်ဘာလ ၂ ရက်၊ ည ၁၀ နာရီကျော်အချိန်တွင် သူတို့၏ နေအိမ်အတွင်း ရှိနေစဥ် စစ်တပ်မှ လာရောက်ပြီး အသီးသီးဖမ်းဆီးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

"ကျောက်ဖြူမှာ မနေ့ ည၁၀ နာရီကျော်လောက်မှာ ဧည့်စာရင်းစစ်ဖို့ဆိုပြီး စစ်တပ်ကရပ်ကွက်ထဲကို ဝင်လာတယ်။  အဲဒီအချိန်မှာရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးပါ ဖမ်းဆီးခေါ်ဆောင်သွားတယ်။  အရပ်သားလည်း ၂ ဦးပါသွားတယ်။ အများပြည်သူတွေကိုပါ ဘာမှ မဆိုင်ဘဲ ဖမ်းဆီးနေတာကို ကြုံနေရတယ်။ အခုဖမ်းသွားတာကလည်း အေအေနဲ့ မကင်းဘူး။ စရိတ်စခတွေ ကူညီ ထောက်ပံ့ပေးတယ်ဆိုတဲ့ သတင်းနဲ့ သံသယမကင်းလို့  ဖမ်းသွားတာလို့ သိရတယ်" ဟု ၎င်းတို့နှင့် နီးစပ်သူ တစ်ဦးကပြောသည်။

ရက္ခိုင့်တပ်တော်(AA)နှင့် ဆက်စပ်သည်ဟုဆိုကာ သံသယဖြင့် ဖမ်းဆီးခံရသူ ၎င်းတို့  ၄ဦးကို ကျောက်ဖြူမြိုမရဲစခန်းတွင် ဖမ်းဆီးထိန်းသိမ်းထားသည်ဟုလည်း သိရသည်။

ကျောက်ဖြူတွင် ပြီးခဲ့သည့် အောက်တိုဘာလ ၂၅ရက်နှင့် ၂၆ရက်တို့က ကျောက်ဖြူမြို့နယ် မြေစာရင်းဦးစီးမှူးနှင့် မြေတိုင်းစာရေး ၃ ဦး၊ စုစုပေါင်း ၄ ဦး တို့ကိုလည်း စစ်တပ်က ဖမ်းဆီးခဲ့ပြီး မြေတိုင်းစာရေး ၂ ဦးဖြစ်ကြသည့်  ဦးခင်မောင် (၃၉)နှစ်နှင့် ဦးညီညီတင်(၄၅)နှစ်တို့ကို ပြီးခဲ့သည့် အောက်တိုဘာ ၂၆ ရက်၊ ညနေပိုင်းက ပြန်လွှတ်ပေးခဲ့ကာ မြေစာရင်းရုံးမှ မြေစာရင်းဦးစီးမှူး ဦးထွန်းထွန်းဝင်း(၅၂)နှစ်နှင့် ဦးထွန်းထွန်းနိုင်(၄၅) နှစ်တို့ကို ဆက်လက် ဖမ်းဆီးထိန်းသိမ်းထားဆဲ ဖြစ်သည်။

ကျောက်ဖြူမြို့နယ်တွင် စစ်ကောင်စီတပ်က အဖမ်းကြမ်းနေပြီး မဆိုင်သူများကိုလည်း ဖမ်းဆီးကာ ညှဉ်းပမ်းနှိပ်စက် စစ်ဆေးမှုများ၊ ငွေညစ်မှုများရှိနေသည်ဟု သတင်းရရှိသည်။

April 7, 2026
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်မှတဆင့် ရခိုင်ပြည်အတွင်းသို့ သယ်ဆောင်သည့်စက်သုံးဆီများသည်...
April 4, 2026
ကျော်သီဟ — ရခိုင်ပြည်တွင် ပြီးခဲ့သည့်မတ်လအတွင်း အကြမ်းဖက်စစ်ကော်မရှင်တပ်၏ လေကြောင်းအသုံးပြုကြဲ၍...
April 3, 2026
ကျော်သီဟ — နိုင်ငံခြားဖြစ် အရက်နှင့် ဘီယာများကို အာရက္ခတပ်တော်(AA)က သင်္ကြန်ကာလအတွင်း...
April 2, 2026
ခိုင်လူလှ (ရိုးမမြေ) — ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ မသုန်ကျေးရွာအနီးရှိ ကပစ (၁၆ )...