မင်းပြားမှဒေသခံတစ်ဦးကို စစ်ကောင်စီက ထပ်မံဖမ်းဆီး၊ ရခိုင်တွင် ဖမ်းဆီးခံထားရသူအရပ်သား ရာနှင့်ချီရှိလာ

မင်းပြားမှဒေသခံတစ်ဦးကို စစ်ကောင်စီက ထပ်မံဖမ်းဆီး၊ ရခိုင်တွင် ဖမ်းဆီးခံထားရသူအရပ်သား ရာနှင့်ချီရှိလာ

မင်းပြားမှဒေသခံတစ်ဦးကို စစ်ကောင်စီတပ်က ယမန်နေ့ အောက်တိုဘာ ၂၆ ရက်နေ့ ညနေ ၅ နာရီခွဲခန့်တွင် ဖမ်းဆီးသွားခဲ့သည်ဟု သတင်းရရှိသည်။

ဖမ်းဆီးခံရသူသည် မင်းပြားမြို့နယ်၊ ခမောင်းတောကျေးရွာမှ ဦးအောင်မူချေ၏သား ကိုမောင်ဝေသန်း(၂၉) နှစ်ဖြစ်ပြီး ကြက်ခြံတွင် အလုပ်လုပ်နေသူဖြစ်ကြောင်း သိရသည်။

မင်းပြားမြို့နယ်၊ ပုလဲပေါက် နှင့် ကျွဲရှည်ပြင်ရွာကြားတွင် ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်ကြောင်း အမည်မဖော်လိုသူတစ်ဦးက ပြောသည်။

"အဲ့ဒီစစ်သားတွေဟာ (၅၄၁) တပ်ကပါ။ ပုလဲပေါက်ရွာကထွက်လာပြီး သူတို့နှစ်ယောက်လာတာကို ဖမ်းတာပါ။ နောက်တစ်ယောက်က ထွက်ပြေးလို့လွတ်သွားတယ်။ ကျန်တစ်ယောက် အဖမ်းခံလိုက်ရပါတယ်" ဟု ပြောသည်။

ဖမ်းဆီးခံရပြီးနောက် အဆိုပါစစ်ကြောင်းနှင့်အတူ (၅၄၁) တပ်ရင်းသို့ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ၎င်းက ဆက်ပြောသည်။

"သူက ပုလဲပေါက်နဲ့ ကျွဲရှည်ပြင်ကြားက ကြက်ခြံမှာ အလုပ်လုပ်နေတာလို့ သိရပါတယ်။  အခု  သူတို့နဲ့ အတူ(၅၄၁) တပ်ထဲကိုခေါ်သွားတယ်လို့ သိရပါတယ်"ဟု ပြောသည်။

လက်ရှိ ရခိုင်မှာ မင်းပြား၊ ကျောက်တော်၊ ကျောက်ဖြူ၊ ရမ်းဗြဲ၊ မြောက်ဦး နှင့်တခြား မြို့နယ်များတွင်လည်း အပြစ်မဲ့ ဒေသခံအရပ်သားများနှင့် ပရဟိတသမားများ၊ လူမှုရေးလှုပ်ရှားသူများကို ဆက်တိုက်ဖမ်းဆီးမှုများရှိနေပြီး ဖမ်းဆီးခံထားရသူ ရာချီရှိလာနေပြီဖြစ်ကြောင်း သိရသည်။

July 22, 2026
ရခိုင်ပြည်၏ မြို့တော်၊ စစ်တွေမြို့၊ ဆင်ကူးလမ်းရပ်ကွက်ရှိ ဆင်ကူးလမ်းကျောင်း စစ်ဘေးရှောင်စခန်းမှ...
July 20, 2026
ရခိုင်ပြည်၊ သံတွဲ၊ မအီနှင့် ပုဏ္ဏားကျွန်းမြို့များကို ဇူလိုင်လ ၁၉ ရက်နေ့ တစ်ရက်တည်းအတွင်း...
July 18, 2026
ဧရာဝတီတိုင်းအတွင်း ခိုလှုံနေကြသည့် ရခိုင်စစ်ဘေးရှောင်များနှင့် ရခိုင်မှတ်ပုံတင် (၁၁/---)...
July 17, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ် တောင်မော်ဦးရေတပ်အနီးတွင် အာရက္ခတပ်တော် (AA) နှင့် စစ်တပ်တို့အကြား...