သံတွဲနှင့်တောင်ကုတ်ဒေသခံ (၇) ဦးကို ၁၇(၁)ဖြင့်အမှုဖွင့်ဟု ပြည်နယ်စစ်ကောင်စီထုတ်ပြန်

သံတွဲနှင့်တောင်ကုတ်ဒေသခံ (၇) ဦးကို ၁၇(၁)ဖြင့်အမှုဖွင့်ဟု ပြည်နယ်စစ်ကောင်စီထုတ်ပြန်

ရခိုင်ပြည်၊ သံတွဲနဲ့ တောင်ကုတ်မြို့နယ်က ဒေသခံ (၇) ယောက်ကို မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇(၁)ဖြင့်အမှုဖွင့်ထားကြောင်း သတင်းရရှိသည်။

ထိုသို့ မတရားအသင်းပုဒ်မ ၁၇(၁) ဖြင့် အမှုဖွင်ရခြင်းမှာ ရက္ခိုင့်တပ်တော် အေအေကို ငွေကြေးကောက်ခံထောက်ပံ့သလို စစ်ကောင်စီတပ် လှုပ်ရှားမှုများကို သတင်းပေးပို့၍ဖြစ်ကြောင်း ရခိုင်ပြည်နယ်စစ်ကောင်စီ၏ သတင်းများကို ပုံမှန်ထုတ်ပြန်ပေးနေသည့် ရခိုင့်သတင်းစဉ်တွင် သတင်း ဖော်ပြသည်။

အမှုဖွင့်ခံထားရသူများမှာ သံတွဲမြို့နယ် ဆင်ခေါင်းရွာက ဦး ညီပုချေ၊ ကိုနေမျိုးအောင်၊ အင်းဒိုင် ကြီးရွာက ဦးကျော်ကျော်နိုင်(ခေါ်) ကြဆိပ်နဲ့ ကွေ့ချောင်းအုပ်စု လယ်တီရွာက ဦးမောင်မှတ်တို့ဖြစ်ကြသည်။

တောင်ကုတ်မြို့နယ် အမှုဖွင့်ခံရသူများမှာ  မှန်နီရွာက ဒေါ်ခင်လှ၊ ရန်ခေါ်ရွာကျေးရွာက ကိုဖြိုးမင်းဇော်နှင့်  သင်ပန်းရွှေကျေးရွာက ကိုကျော်ကျော်နိုင်တို့ ဖြစ်ကြောင်း သိရသည်။  

ယခုကဲ့သို့ အရပ်သားပြည်သူများကို သံသယဖြင့် ဖမ်းဆီးပြီး အမှုဖွင့်တရား စွဲဆိုမှုများ ပြုလုပ်နေခြင်းမှာ အရပ်သားများကို အကြောက်တရား လွှမ်းမိုးအောင်နှင့် ရက္ခိုင့်တပ်တော် အပေါ် ထောက်ခံမှု ကျဆင်းလာအောင် ပြုလုပ်နေခြင်းဖြစ်ကြောင်း ဒေသအတွင်း နိုင်ငံရေး လေ့လာသူတစ်ဦးက ပြောသည်။

ရခိုင်ပြည်တွင် စစ်ကောင်စီတပ်က အရပ်သား ၁၅၀ နီးပါးကိုးဖမ်းဆီးထားပြီး ပုဒ်မအမျိုးမျိုးတပ်ကာ အမှုဖွင့် တရား စွဲဆိုထားသလို တချို့မှာလည်း မိသားစုနှင့်တွေ့ခွင့်မရဘဲ အဆက်အသွယ် ပြတ်နေသည့်အတွက် မိသားစုဝင်များက စိုးရိမ်နေကြကြောင်း သိရှိရသည်။

April 7, 2026
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်မှတဆင့် ရခိုင်ပြည်အတွင်းသို့ သယ်ဆောင်သည့်စက်သုံးဆီများသည်...
April 4, 2026
ကျော်သီဟ — ရခိုင်ပြည်တွင် ပြီးခဲ့သည့်မတ်လအတွင်း အကြမ်းဖက်စစ်ကော်မရှင်တပ်၏ လေကြောင်းအသုံးပြုကြဲ၍...
April 3, 2026
ကျော်သီဟ — နိုင်ငံခြားဖြစ် အရက်နှင့် ဘီယာများကို အာရက္ခတပ်တော်(AA)က သင်္ကြန်ကာလအတွင်း...
April 2, 2026
ခိုင်လူလှ (ရိုးမမြေ) — ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ မသုန်ကျေးရွာအနီးရှိ ကပစ (၁၆ )...