လောင်းလုံးမြို့နယ်မှာ NLD ထောက်ခံသူတွေ အပါအဝင် ဒေသခံ ၁၂ ဦး ဖမ်းဆီးခံရ

လောင်းလုံးမြို့နယ်မှာ NLD ထောက်ခံသူတွေ အပါအဝင် ဒေသခံ ၁၂ ဦး ဖမ်းဆီးခံရ

တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ်မှာ နှစ်ရက်အတွင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ထောက်ခံသူတွေ အပါအဝင် ဒေသခံ ၁၂ ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက နေအိမ်တွေမှာ ဝင်ရောက် ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၁ ရက်နေ့ ည ၈ နာရီလောက်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၈၀ လောက်ဟာ ကား ၅ စီးနဲ့ ရောက်ရှိလာပြီးနောက် လောင်းလုံးမြို့ပေါ် ရပ်ကွက်ရှိ နေအိမ်တချို့မှာ ဧည့်စာရင်း အကြောင်းပြပြီး ဒေသခံတွေကို ဖမ်ဆီးသွားခဲ့တာပါ။

ဖမ်းဆီးခံရသူတွေဟာ လောင်းလုံးမြို့ပေါ် ရပ်ကွက်တွေဖြစ်တဲ့ က၊ ခ ၊ ဂ ရပ်ကွက်နေသူ NLD ပါတီထောက်ခံသူတွေ ဖြစ်တဲ့ ဦးမျိုးသိန်း၊ ဦးတင်သောင်း၊ ကိုဖိုးသောကြာအပါအဝင် ဒေသခံ ၉ ဦးကို ဖမ်းဆီးသွားခဲ့တာ ဖြစ်ပါတယ်။

အဲဒီနောက်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ အောက်တိုဘာ ၂၂ ရက်နေ့ မနက်ပိုင်းမှာလည်း လောင်းလုံးမြို့နယ် အောက်ရေဖြူကျေးရွာအုပ်စု ဒေသခံတွေ ဖြစ်တဲ့ ဦးဉာဏ်ဝင်း၊ ဦးအောင်ကျော်ငြိမ်းနဲ့ ဒေါ်မြင့်ဌေးတို့ကိုလည်း ထပ်မံ ဖမ်းဆီးသွားခဲ့တာပါ။

စစ်ကောင်စီဘက်က ဖမ်းဆီးသွားတဲ့သူတွေထဲမှာ CDM ဝန်ထမ်း တစ်ဦး ပါဝင်တယ်လို့ သိရပေမယ့် သံလွင်တိုင်းမ်အနေနဲ့ သီးခြားအတည်ပြုနိုင်တာ မရှိသေးပါဘူး။

စစ်ကောင်စီကတော့ သူတို့ ဖမ်းဆီးသွားတဲ့ ဒေသခံတွေဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေထံ ငွေကြေးထောက်ပံ့နေတယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ဖမ်းဆီးသွားခဲ့တာ ဖြစ်ပါတယ်။

လက်ရှိမှာ စစ်ကောင်စီဟာ ဖမ်းဆီးထားတဲ့ ဒေသခံတွေကို လောင်းလုံးမြို့မရဲစခန်းမှာ ချုပ်နှောင်ထားပြီး စစ်ဆေးမေးမြန်းတာတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

နိုင်ငံတဝန်းမှာတော့ စစ်တပ် အာဏာသိမ်းပြီးနောက် ပြည်သူ ၁၆၀၀၀ နီးပါး ဖမ်းဆီးခံထားရတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်မှုအသင်း (AAPP) က ထုတ်ပြန်ထားပါတယ်။

ဓာတ်ပုံ - KNU
May 4, 2026
ကရင်အမျိုးသားအစည်းအရုံး KNU အုပ်ချုပ်နယ်မြေတွေမှာ အခုရက်ပိုင်းအတွင်း အာဏာသိမ်း စစ်အစိုးရက...
ဓာတ်ပုံ-CJ
May 1, 2026
မွန်ပြည်နယ်မှာ အစိုးရအဖွဲ့သစ် အပြောင်းအလဲ ဖြစ်ပေါ်လာပေမယ့် လောင်းကစားဝိုင်းတွေကို အကြီးအကျယ်...
April 30, 2026
မွန်ပြည်နယ်မှာ လျှပ်စစ်ဓာတ်အား တိုးမြှင့်ပေးမယ်လို့ ပြည်ထောင်စု ဝန်ကြီး ပြောဆိုပြီးနောက်...
April 29, 2026
မွန်ပြည်နယ် ရေးမြို့နယ် ရေး-သံဖြူဇရပ်လမ်းပိုင်းမှာ အခုရက်ပိုင်းအတွင်း အာဏာဖီဆန်ရေး မလုပ်ထားတဲ့...