ရခိုင်တွင် ရေကြီးနေစဉ် ကျောက်ဖြူရေတပ်အနီး တိုက်ပွဲပြန်ဖြစ်

ရခိုင်တွင် ရေကြီးနေစဉ် ကျောက်ဖြူရေတပ်အနီး တိုက်ပွဲပြန်ဖြစ်

ရခိုင်ပြည်အတွင်း ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေချိန်တွင် ကျောက်ဖြူမြို့နယ် တောင်မော်ဦးရေတပ်အနီး၌ စစ်တပ်နှင့် အာရက္ခတပ်တော် (AA) တို့အကြား ဇူလိုင်လ ၁၁ ရက်နေ့မှစတင်ကာ တိုက်ပွဲများ ပြန်လည် ပြင်းထန်နေကြောင်း ဒေသခံများက ပြောသည်။

ဒေသခံ စစ်ရေးရင်းမြစ်တစ်ခုက “စစ်တပ်ဘက်က စစ်ကြောင်းထိုးလို့ ဖြစ်တာပါ။ သူတို့က အဝတောင်ရွာ စခန်းကနေ အင်အား ၁၀၀ ကျော်နဲ့ အာရက္ခတပ်တော် ထိန်းချုပ်တဲ့နေရာတွေကို စစ်ကြောင်းထိုး တိုးဝင်လာပြီး နှစ်ဖက်တိုက်ပွဲ ဖြစ်ကြတာပါ” ဟု ပြောသည်။

ရခိုင်ပြည်တွင် မိုးအဆက်မပြတ် ရွာသွန်းနေပြီး နေရာအများအပြား၌ ရေကြီးနေချိန်တွင် စစ်တပ်က ရှောင်တခင် ထိုးစစ်ဆင်လာခြင်းကြောင့် နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေခြင်းဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

“တိုက်ပွဲဖြစ်တာက မနေ့က ဇူလိုင် ၁၁ ရက် ညနေမှာ စဖြစ်ပါတယ်။ စစ်တပ်ဘက်က ထိုးစစ်ဆင်လာတော့ လည်း AA ကလည်း အသင့်ဆီးကြို တိုက်ခိုက်တယ်။ နှစ်ဖက်တိုက်ပွဲ အပြင်းအထန် ဖြစ်နေတယ်။”

စစ်တပ်သည် တောင်မော်ဦးစစ်မျက်နှာတွင် အကျအဆုံးများပြားခဲ့ပြီးနောက် တိုက်ပွဲများ ခေတ္တရပ်နားထားရာမှ ယမန်နေ့ညနေပိုင်းတွင် ပြန်လည်ထိုးစစ်ဆင်လာခြင်း ဖြစ်သည်။

ထိုသို့ တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာခြင်းကြောင့် လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးနှင့် ဒရုန်းအန္တရာယ် များဖြင့် ပြန်လည်ပစ်ခတ်လာမည်ကို စိုးရိမ်နေရကြောင်း ဒေသခံအမျိုးသားတစ်ဦးကလည်း နိရဉ္စရာသို့ ပြော သည်။

“သူတို့ဘက်က စစ်တပ်က ရှုံးရင် သတိထားရပါတယ်။ ကျေးရွာတွေနဲ့ စစ်ရှောင်စခန်းတွေကို လေကြောင်း၊ ရေကြောင်းကအပြင် ဒရုန်းပါ နေ့ရောညပါ တိုက်ခိုက်တယ်။ အဲဒါကြောင့် အခုတိုက်ပွဲ ပြန်ဖြစ်လာတော့ သတိထားဖို့ လိုတယ်” ဟု ၎င်းက ပြောသည်။

စစ်တပ်သည် ကျောက်ဖြူမြို့ရှိ တောင်မော်ဦးရေတပ်မှတစ်ဆင့် စနဲမြို့ကို သိမ်းပိုက်နိုင်ရန် အကြိမ်ကြိမ် ထိုးစစ်ဆင်ခဲ့သော်လည်း အကျအဆုံးများစွာဖြင့် ဆုတ်ခွာခဲ့ရပြီးနောက်၊ ယခုကဲ့သို့ မိုးအပြင်းအထန် ရွာသွန်း နေချိန်တွင် AA စိုးမိုးထားသည့် နယ်မြေများသို့ ထပ်မံထိုးစစ်ဆင် တိုက်ခိုက်လာခြင်း ဖြစ်သည်။

Most read this week

August 4, 2026
ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ်တွင် စစ်ဘေးရှောင်နေကြသည့် ရေလုပ်သားများသည် ပင်လယ်ပြင်တွင် ငါးရှာ...
August 3, 2026
ရခိုင်ပြည်၊ သံတွဲမြို့နယ်၊ ငပလီမြို့ရှိ ဂျိတ္တောရပ်ကွက်အပြင် ကျောက်ဖြူမြို့နယ်၊ စနဲမြို့ကိုလည်း...
August 1, 2026
ရခိုင်ပြည်၊ သံတွဲမြို့နယ်၊ ရွှေလှေကျေးရွာကို စစ်တပ်က လေကြောင်းမှ...
July 31, 2026
အာရက္ခတပ်တော် (AA) တပ်ဖွဲ့ဝင် တစ်ဦးတစ်ယောက်မျှ စစ်တပ်ထံ လက်နက်ချအလင်းဝင်သည့် ဖြစ်စဉ်မျိုး...