ကျိုက်ထိုမြို့နယ်က စစ်ရှောင်ပြည်သူ ဒေသခံ ၈၀၀၀ ကျော်အတွက် စားနပ်ရိက္ခာနဲ့ အဝတ်အထည် အကူအညီတွေ လိုအပ်နေ

ကျိုက်ထိုမြို့နယ်က စစ်ရှောင်ပြည်သူ ဒေသခံ ၈၀၀၀ ကျော်အတွက် စားနပ်ရိက္ခာနဲ့ အဝတ်အထည် အကူအညီတွေ လိုအပ်နေ

တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၁) ထိန်းချုပ်နယ်မြေ ကျိုက်ထိုမြို့နယ်က စစ်ရှောင်ပြည်သူ ဒေသခံ ၈၀၀၀ ကျော်အတွက် စားနှပ်ရိက္ခာနဲ့ အဝတ်အထည် အကူအညီတွေ လိုအပ်နေတယ်လို့ KNU သထုံခရိုင် တာဝန်ရှိသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၁၄ ရက်နေ့ကစပြီး ကျိုက်ထိုမြို့နယ်ထဲကို စစ်ကောင်စီတပ်က တပ်အင်အား ၃၀၀ လောက်နဲ့ စစ်ကြောင်းထိုးလာတဲ့အတွက် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် KNLA ပူးပေါင်းတပ်နဲ့ တိုက်ပွဲတွေ ဖြစ်ပွားနေတာပါ။

အဲဒီတိုက်ပွဲအတွင်း စစ်ကောင်စီတပ်က ပိန္နဲကုန်းကျေးရွာနဲ့ ရွှေဂဲရိုးကျေးရွာကို မီးရှို့ဖျက်ဆီးတာ၊ အနီးနားပတ်ဝန်းကျင် ကျေးရွာတွေထဲကို လက်နက်ကြီး ပစ်ခတ်တာကြောင့် ဒေသခံ ၈၀၀၀ ကျော်ဟာ နီးစပ်တောတောင်တွေနဲ့ ဘေးလွတ်ရာ နေရာတွေမှာ ထွက်ပြေးတိမ်းရှောင်နေရတာပါ။

လက်ရှိမှာ ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံတွေဟာ စားနပ်ရိက္ခာ၊ အဝတ်အထည် အပါအဝင် ဆေးဝါ အကူအညီတွေ လိုအပ်နေတယ်လို့ KNU သထုံခရိုင်မိတ်ဖက်ရေးရာ ကြီးကြပ်ကွပ်ကဲမှု ကော်မတီ ဥက္ကဋ္ဌ ဗိုလ်မှူးစောကျော်မြင့်က ပြောပါတယ်။

ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံတွေဟာ ကရင်အမျိုးသားအစည်းအရုံး KNU အပါအဝင် ကရင်အရပ်ဘက် အဖွဲ့အစည်းတွေက ကူညီတာတွေ ဆောင်ရွက်ပေးနေမယ့် မလုံလောက်မှုတွေနဲ့ ကြုံနေရတယ်လို့ ဆိုပါတယ်။

ကျိုက်ထိုမြို့နယ်ထဲမှာ စစ်ကောင်စီဘက်က စစ်ကြောင်းထိုးလာတဲ့အတွက် ပြီးခဲ့တဲ့ အောက်တိုဘာ ၁၄ ရက်ကနေ ၂၂ ရက်နေ့ထိ နှစ်ဖက် တိုက်ပွဲ ၁၃ ကြိမ် ထက်မနည်း ဖြစ်ပွားထားပြီး နှစ်ဖက် ထိခိုက်ကျဆုံးတာတွေလည်း ရှိနေပါတယ်။

July 17, 2026
စစ်တပ်လွှမ်းမိုးမှုနှင့် ဗဟိုချုပ်ကိုင်မှုအားကြီးသည့် အာဏာရှင်စနစ်၊ အရင်းခံ...
July 16, 2026
မြန်မာ့အကျပ်အတည်းနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် ဖိလစ်ပိုင်...
July 15, 2026
မွန်ပြည်အတွင်းရှိ မြို့နယ်အချို့တွင် စားအုန်းဆီရောင်းချပေးမည်ဟုဆိုကာ အိမ်ထောင်စုစာရင်းများ...
July 11, 2026
မွန်ပြည်၊ ကျိုက်မရောဗဟို အကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသားများကို ထောင်အာဏာပိုင်များက...