ကျိုက်ထိုမြို့နယ်က စစ်ရှောင်ပြည်သူ ဒေသခံ ၈၀၀၀ ကျော်အတွက် စားနပ်ရိက္ခာနဲ့ အဝတ်အထည် အကူအညီတွေ လိုအပ်နေ

ကျိုက်ထိုမြို့နယ်က စစ်ရှောင်ပြည်သူ ဒေသခံ ၈၀၀၀ ကျော်အတွက် စားနပ်ရိက္ခာနဲ့ အဝတ်အထည် အကူအညီတွေ လိုအပ်နေ

တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၁) ထိန်းချုပ်နယ်မြေ ကျိုက်ထိုမြို့နယ်က စစ်ရှောင်ပြည်သူ ဒေသခံ ၈၀၀၀ ကျော်အတွက် စားနှပ်ရိက္ခာနဲ့ အဝတ်အထည် အကူအညီတွေ လိုအပ်နေတယ်လို့ KNU သထုံခရိုင် တာဝန်ရှိသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၁၄ ရက်နေ့ကစပြီး ကျိုက်ထိုမြို့နယ်ထဲကို စစ်ကောင်စီတပ်က တပ်အင်အား ၃၀၀ လောက်နဲ့ စစ်ကြောင်းထိုးလာတဲ့အတွက် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် KNLA ပူးပေါင်းတပ်နဲ့ တိုက်ပွဲတွေ ဖြစ်ပွားနေတာပါ။

အဲဒီတိုက်ပွဲအတွင်း စစ်ကောင်စီတပ်က ပိန္နဲကုန်းကျေးရွာနဲ့ ရွှေဂဲရိုးကျေးရွာကို မီးရှို့ဖျက်ဆီးတာ၊ အနီးနားပတ်ဝန်းကျင် ကျေးရွာတွေထဲကို လက်နက်ကြီး ပစ်ခတ်တာကြောင့် ဒေသခံ ၈၀၀၀ ကျော်ဟာ နီးစပ်တောတောင်တွေနဲ့ ဘေးလွတ်ရာ နေရာတွေမှာ ထွက်ပြေးတိမ်းရှောင်နေရတာပါ။

လက်ရှိမှာ ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံတွေဟာ စားနပ်ရိက္ခာ၊ အဝတ်အထည် အပါအဝင် ဆေးဝါ အကူအညီတွေ လိုအပ်နေတယ်လို့ KNU သထုံခရိုင်မိတ်ဖက်ရေးရာ ကြီးကြပ်ကွပ်ကဲမှု ကော်မတီ ဥက္ကဋ္ဌ ဗိုလ်မှူးစောကျော်မြင့်က ပြောပါတယ်။

ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံတွေဟာ ကရင်အမျိုးသားအစည်းအရုံး KNU အပါအဝင် ကရင်အရပ်ဘက် အဖွဲ့အစည်းတွေက ကူညီတာတွေ ဆောင်ရွက်ပေးနေမယ့် မလုံလောက်မှုတွေနဲ့ ကြုံနေရတယ်လို့ ဆိုပါတယ်။

ကျိုက်ထိုမြို့နယ်ထဲမှာ စစ်ကောင်စီဘက်က စစ်ကြောင်းထိုးလာတဲ့အတွက် ပြီးခဲ့တဲ့ အောက်တိုဘာ ၁၄ ရက်ကနေ ၂၂ ရက်နေ့ထိ နှစ်ဖက် တိုက်ပွဲ ၁၃ ကြိမ် ထက်မနည်း ဖြစ်ပွားထားပြီး နှစ်ဖက် ထိခိုက်ကျဆုံးတာတွေလည်း ရှိနေပါတယ်။

December 23, 2025
လူထုရဲ့ အခက်အခဲအကျပ်အတည်းတွေကို လွှတ်တော်ထဲ တင်ပြပေးမယ့် ကိုယ်စားလှယ်တွေဟာ...
Photo credit - social media
December 22, 2025
ရွှေ့ပြောင်းမြန်မာပြည်သူတွေဟာ အနာဂတ်အခြေအနေဆိုင်ရာ စိုးရိမ်မှုနဲ့ မျှော်လင့်မှုတွေမှာ...
Photo credit - CJ
December 20, 2025
မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်ကော်မရှင် ပြုလုပ်မယ့် အထွေထွေရွေးကောက်ပွဲ နီးလာတာနဲ့အမျှ ဒေသတွင်းမှာ...
December 19, 2025
မွန်ပြည်နယ်တောင်ပိုင်းက စစ်ရေးလှုပ်ရှားမှု အများဆုံးဒေသဖြစ်တဲ့ ရေးမြို့နယ်မှာ စစ်ကော်မရှင်က...