လွိုင်ကော်အကျဉ်းထောင်မှာ ဆေးကုသခွင့်မရလို့ နိုင်ငံရေးအကျဉ်းသားတစ်ဦး သေဆုံး

လွိုင်ကော်အကျဉ်းထောင်မှာ ဆေးကုသခွင့်မရလို့ နိုင်ငံရေးအကျဉ်းသားတစ်ဦး သေဆုံး

ကယားပြည်နယ်၊လွိုင်ကော်အကျဉ်းထောင်မှာ ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား ကိုမောင် ငယ်ဟာ ကောင်းမွန်တဲ့ ဆေးကုသခွင့်မရတာကြောင့် ပြီးခဲ့တဲ့ အောက်တိုဘာလ(၁၃) ရက်နေ့မှာ သေဆုံးသွားတယ်လို့ မိသားစုနဲ့ နီးစပ်သူတစ်ဦးက သံလွင်တိုင်းမ် ကိုပြောပါတယ်။

အသက်(၂၁) နှစ်အရွယ် ကိုမောင်ငယ်ဆိုသူဟာ အရင်တည်းက TB ရောဂါအခံရှိသူဖြစ်ပြီး စစ်ကောင်စီရဲ့ ဖမ်းဆီးခံရပြီးနောက် ဆေးဝါးကုသမှုမရတဲ့အတွက် သေဆုံးသွားခဲ့ရတာ ဖြစ်ပါတယ်။

သေဆုံးသွားတဲ့ နိုင်ငံရေးအကျဉ်းသား ကိုမောင်ငယ်ရဲ့ ရုပ်အလောင်းကိုလည်း စစ်ကောင်စီက မိသားစုထံ ပြန်ထုတ်ပေး တာမရှိခဲ့ဘူးလို့ သိရပါတယ်။

ကိုမောင်ငယ်ကို ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်က လွိုင်ကော်မြို့က စစ်ဆေးရေးဂိတ်တစ်ခုမှာ ဖုန်းအစစ်ခံရ ချိန် မှာ PDF တွေရဲ့ ပုံတွေ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်ကောင်စီက ဖမ်းဆီးခဲ့တာပါ။

အဲဒီနောက် စစ်ကောင်စီက သူ့ကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂ နဲ့ထောင်ဒဏ် (၅) နှစ် ချမှတ်ခဲ့ပြီးနောက် လွိုင်ကော်အကျဉ်းထောင်ထဲမှာ သေဆုံးခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက် ကရင်နီပြည်မှာ နိုင်ငံရေးပုဒ်မအသီးသီးနဲ့ ဖမ်းဆီးခံရပြီး အမိန့်ချခံရသူ (၁၄၀) ဦးရှိပြီး တရားရင်ဆိုင်နေရတဲ့သူ (၁၀၇) ဦးနဲ့ စစ်ကောင်စီလက်ထဲမှာ သေ ဆုံးသူ(၇) ဦးအထိ ရှိလာတယ်လို့ တိုးတက်သော ကရင်နီပြည်သူ့အင်အားစုရဲ့ အချက်အလက်တွေအရ သိရပါတယ်။

July 21, 2026
မွန်ပြည်အတွင်း စစ်အုပ်စုက တရားမဝင်ကုန်ပစ္စည်းအဖြစ် သတ်မှတ်ထားသည့် ထိုင်းကုန်ပစ္စည်းများကို...
July 20, 2026
မွန်ပြည်အတွင်း စက်သုံးဆီများ မပြတ်လပ်စေရန် စီမံဆောင်ရွက်ထားကြောင်း စစ်အုပ်စုခန့် လျှပ်စစ်၊...
July 17, 2026
စစ်တပ်လွှမ်းမိုးမှုနှင့် ဗဟိုချုပ်ကိုင်မှုအားကြီးသည့် အာဏာရှင်စနစ်၊ အရင်းခံ...
July 16, 2026
မြန်မာ့အကျပ်အတည်းနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် ဖိလစ်ပိုင်...