NUG ၊ CRPH နဲ့ PDF တွေထံ ငွေကြေး မထောက်ပံ့နိုင်ဖို့ စစ်ကောင်စီက မိုဘိုင်းငွေကြေး စစ်ဆေးရေးအဖွဲ့ ထပ်ဖွဲ့

NUG ၊ CRPH နဲ့ PDF တွေထံ ငွေကြေး မထောက်ပံ့နိုင်ဖို့ စစ်ကောင်စီက မိုဘိုင်းငွေကြေး စစ်ဆေးရေးအဖွဲ့ ထပ်ဖွဲ့

စစ်ကောင်စီက တော်လှန်ရေးအင်အားချိနဲ့စေဖို့ ရည်ရွယ်ပြီး NUG၊ CRPH နဲ့ PDF တို့ထံ ငွေကြေးမလှူ ဒါန်းနိုင်စေဖို့အတွက် စစ်ထောက်လှမ်းရေး၊ CID၊ စသုံးလုံး၊ ဗဟိုဘဏ်နဲ့ ဌာနဆိုင်ရာတွေ ပါဝင်တဲ့ မိုဘိုင်းငွေရေးကြေးရေး စစ်ဆေးရေး အဖွဲ့ကို ဖွဲ့စည်းထားတယ်လို့ စစ်ကောင်စီလက်အောက်ခံ ပြည်ထဲရေးဝန်ကြီးဌာနနဲ့ နီးစပ်သူတွေထံမှ သိရပါတယ်။

အဲဒီ အဖွဲ့ကို မကြာသေးခင်ရက်ပိုင်းအတွင်းက အမိန့်ကြော်ငြာစာအမှတ် (၁၃၉/၂၀၂၂) နဲ့ ဖွဲ့စည်းခဲ့တာဖြစ်ပြီး မိုဘိုင်းငွေရေး ကြေးရေးဝန် ဆောင်မှုလုပ်ငန်းတွေကို စုံစမ်းစစ်ဆေးနိုင်ဖို့ ( ၁၁) ဦးပါ ကော်မ တီကို ဖွဲ့စည်းခဲ့တာပါ။

ဒီအဖွဲ့မှာတော့ စစ်ကောင်စီ အမျိုးသားလုံခြုံရေးအဖွဲ့၊ ပြည်ထဲရေးဝန်ကြီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ မှုခင်းရဲတပ်ဖွဲ့၊ ဥပဒေ ရေးရာ ဝန်ကြီးဌာန၊ ပို့ဆောင်ရေးနဲ့ဆက်သွယ်ရေးဝန်ကြီးဌာန၊ လူဝင်မှု ကြီး ကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန၊ ငွေရေးကြေးရေးဆိုင်ရာစုံစမ်း‌ထောက်လှမ်းရေး အဖွဲ့ (FIU) နဲ့ ဗဟိုဘဏ်တို့ ပါဝင်ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။

မိုဘိုင်းလ်ငွေရေးကြေးရေး စုံစမ်းစစ်ဆေးရေးအဖွဲ့ဟာ ငွေဝင်ငွေထွက်များတဲ့ Kpay နဲ့ wavepay စတဲ့ မိုဘိုင်းလ်ငွေလွှဲ ငွေထုတ် အကောင့် တွေကို စစ်ဆေးသွားမှာဖြစ်ပြီး ဗဟိုဘဏ်အနေနဲ့ အဲဒီအဖွဲ့က စစ်ဆေးချင်တဲ့ မိုဘိုင်းလ်ငွေလွှဲ/ထုတ် အကောင့်တွေရဲ့ အချက် အလက်တွေကို ထုတ်ပေးတာ၊ အကောင့် ပိတ်တာတွေကို လုပ်ဆောင်မှာ ဖြစ်ပါတယ်။

ငွေကြေးထောက်ပံ့သူတွေကို စုံစမ်းစစ်ဆေးတာ‌တွေ နောက်ကြောင်းလိုက်တာနဲ့ ဖမ်းဆီးတာ ချိတ်ပိတ်တာတွေကို တွေကိုတော့ စစ်ထောက်လှမ်းရေး၊ ငွေကြေး ထောက်လှမ်းရေးနဲ့ CID တို့က လုပ်ဆောင်မှာဖြစ်ပါတယ်။

လတ်တလောသတင်းတွေအရ မိုဘိုင်းငွေရေးကြေးရေးစစ်ဆေးရေးအဖွဲ့မှာ ဗဟိုဘဏ်မှ ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာလင်းအောင်ကို ဥက္ကဋ္ဌ နဲ့ စစ်ထောက်လှမ်းရေးဗိုလ်မှုးချုပ်က အတွင်းရေးမှူးအဖြစ် ဆောင်ရွက်ပြီး ထောက်လှမ်ရေး အင်အားအများအပြားနဲ့ ဆောင်ရွက်မှာဖြစ်တယ်လို့လည်း သိရပါတယ်။

စစ်ကောင်စီခေါင်းဆောင်ဟာ စစ်ထောက်လှမ်းရေးအကြီးအကဲဟောင်း ဦးခင်ညွန့်နဲ့ မကြာသေးခင်ကမှ တွေ့ဆုံခဲ့တာကြောင့် အခုလို မိုဘိုင်းငွေရေးကြေးရေးစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းလာတာဟာ ဦးခင်ညွန့်ရဲ့ အကြံပေးမှုတွေကြောင့်ဖြစ်လာတာလို့လည်း ပြောဆို သုံးသပ်မှုတွေလည်း ရှိနေတာပါ။

ပြီးခဲ့တဲ့ အောက်တိုဘာ ဒုတိအပတ်ထဲမှာပဲ စစ်ကောင်စီဟာ NUG၊ CRPH၊ CDM နဲ့ PDF စတဲ့ တော် လှန်ရေးအင်အားစုတွေဆီကို လှူဒါန်းလို့မရအောင် wave pay / kapy acc အကောင့်အတော်များများကို ကို ပိတ်သိမ်းခဲ့သလို ငွေကြေးထောက်ပံ့သူတွေကို ဖမ်းဆီးပြီး နှစ်ရှည် ထောင် ဒဏ်နဲ့ သေဒဏ်ချမှတ်ခဲ့တာတွေ လုပ်ဆောင်ခဲ့ပါတယ်။

July 17, 2026
စစ်တပ်လွှမ်းမိုးမှုနှင့် ဗဟိုချုပ်ကိုင်မှုအားကြီးသည့် အာဏာရှင်စနစ်၊ အရင်းခံ...
July 16, 2026
မြန်မာ့အကျပ်အတည်းနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် ဖိလစ်ပိုင်...
July 15, 2026
မွန်ပြည်အတွင်းရှိ မြို့နယ်အချို့တွင် စားအုန်းဆီရောင်းချပေးမည်ဟုဆိုကာ အိမ်ထောင်စုစာရင်းများ...
July 11, 2026
မွန်ပြည်၊ ကျိုက်မရောဗဟို အကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသားများကို ထောင်အာဏာပိုင်များက...