KNU အုပ်ချုပ်နယ်မြေမှာ တစ်လအတွင်း တိုက်ပွဲ ၃၀၀ ကျော် ဖြစ်ပွားခဲ့

KNU အုပ်ချုပ်နယ်မြေမှာ တစ်လအတွင်း တိုက်ပွဲ ၃၀၀ ကျော် ဖြစ်ပွားခဲ့

ကရင်အမျိုးသားအစည်းအရုံး(KNU) ကော်သူးလေ အုပ်ချုပ်နယ်မြေမှာ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် KNLA ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ KNDO နဲ့ စစ်ကောင်စီလက်အောက်ခံတပ်တွေကြား ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်း နှစ်ဖက်တိုက်ပွဲပေါင်း ၃၃၃ ကြိမ် ဖြစ်ပွားခဲ့တယ်လို့ KNU က ထုတ်ပြန်ပါတယ်။

အဲဒီတိုက်ပွဲတွေအတွင်း အာဏာသိမ်း စစ်ကောင်စီတပ်နဲ့ ကရင်နယ်ခြားစောင့်တပ်(BGF) ဘက်က တပ်ဖွဲ့ဝင် ၃၆၀ ဦး သေဆုံးပြီး ၂၆၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တာပါ။

တိုက်ပွဲအတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ KNDO ဘက်က ရဲဘော် ၇ ဦး ကျဆုံးပြီး ၃၇ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

စက်တင်ဘာလထဲမှာ စစ်ကောင်စီတပ်ရဲ့ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာ၊ ကျေးရွာတွေထဲ လက်နက်ကြီးနဲ့ ရည်ရွယ်ချက် ရှိရှိ ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် ဒေသခံပြည်သူ(၆)ဦးသေဆုံးပြီး (၁၁)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNU ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

နှစ်ဖက်တိုက်ပွဲတွေ ပိုမို ပြင်းထန်ခဲ့တဲ့ KNU ညောင်လေးပင်ခရိုင်ထဲမှာတော့ စစ်ကောင်စီတပ်က လူ့အခွင့်အရေးချိုးဖောက် မှု ပိုမို ကျူးလွန်လာခဲ့တယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG) ပြောခွင့်ရ စောနန္ဒဆူးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

KNU ညောင်လေးပင်ခရိုင် တပ်မဟာ(၃)နယ်မြေထဲမှာ စစ်ကောင်စီတပ်ရဲ့ လူ့အခွင့်အရေး ချိုးဖောက် ဆောင်ရွက် မှုကြောင့် ပြီးခဲ့တဲ့ မေလကနေ စက်တင်ဘာလအထိ ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံ ၁ သိန်း နီးပါးထိ ရှိလာခဲ့သလို ဒေသခံ (၁၆)ဦးသေဆုံးပြီး (၂၁)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့အပြင် ဖမ်းဆီးညှဉ်းဆဲခံရသူ (၉၄)ဦး ရှိခဲ့တယ်လို့ KNU တပ်မဟာ(၃) က ထုတ်ပြန်ထားပါတယ်။

July 21, 2026
မွန်ပြည်အတွင်း စစ်အုပ်စုက တရားမဝင်ကုန်ပစ္စည်းအဖြစ် သတ်မှတ်ထားသည့် ထိုင်းကုန်ပစ္စည်းများကို...
July 20, 2026
မွန်ပြည်အတွင်း စက်သုံးဆီများ မပြတ်လပ်စေရန် စီမံဆောင်ရွက်ထားကြောင်း စစ်အုပ်စုခန့် လျှပ်စစ်၊...
July 17, 2026
စစ်တပ်လွှမ်းမိုးမှုနှင့် ဗဟိုချုပ်ကိုင်မှုအားကြီးသည့် အာဏာရှင်စနစ်၊ အရင်းခံ...
July 16, 2026
မြန်မာ့အကျပ်အတည်းနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် ဖိလစ်ပိုင်...