မွန်ပြည်နယ်မှာ ရပ်/ကျေး ပြည်သူ့လုံခြုံရေးအဖွဲ့တွေ အမြန်ဆုံးဖွဲ့ဖို့ စစ်ကောင်စီ ဖိအားပေး

မွန်ပြည်နယ်မှာ ရပ်/ကျေး ပြည်သူ့လုံခြုံရေးအဖွဲ့တွေ အမြန်ဆုံးဖွဲ့ဖို့ စစ်ကောင်စီ ဖိအားပေး

မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်ကောင်စီက ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးတွေနဲ့ ခေါ်ယူတွေ့ဆုံပြီး ရပ်/ကျေး ပြည်သူ့ လုံခြုံရေးအဖွဲ့တွေကို အမြန်ဆုံးဖွဲ့စည်းကြဖို့ ဖိအားပေးလာတယ်လို့ ရပ်/ကျေးအုပ်ချုပ်ရေးမှူးတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၆ ရက်နေ့က မော်လမြိုင်မြို့ ပြည်နယ်ခန်းမမှာ ကျင်းပပြုလုပ်ခဲ့တဲ့ တွေ့ဆုံဆွေးနွေးပွဲ တစ်ခုမှာ စစ်ကောင်စီခန့် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းက ရပ်/ကျေးအုပ်ချုပ်ရေးမှူးတွေကို ခေါ်ယူပြီးနောက် ဖိအားပေးလာတာ ဖြစ်ပါတယ်။

အဲဒီတွေ့ဆုံပွဲမှာ နယ်မြေလုံခြုံရေး၊ တည်ငြိမ်ရေးနဲ့ ဥပဒေစိုးမိုးရေးဟာ အရေးကြီးပြီး ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးတွေ အနေနဲ့ လုံခြုံရေးစနစ်ကို အမြန်ဆုံးအကောင်အထည်ဖော် ဆောင်ရွက်ပေးကြဖို့ကို အဓိက ပြောဆိုခဲ့တယ်လို့ တွေ့ဆုံပွဲ တက်ရောက်ခဲ့တဲ့ ရပ်/ကျေးအုပ်ချုပ်ရေးမှူး တစ်ဦးက ပြောပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်၊ ပျူစောထီး၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးတွေနဲ့ စစ်အုပ်စုထောက်ခံသူ သတင်းပေးဒလန်တွေအပြင် စစ်ကောင်စီနဲ့ ပူးပေါင်းနေတဲ့သူတွေကို ပစ်ခတ်ရှင်းလင်းခံရတဲ့ အခြေအနေတွေ ရှိနေတာကြောင့် ပြည်သူလူထုပါဝင်တဲ့ ပြည်သူ့လုံခြုံရေးအဖွဲ့ ဖွဲ့စည်းဖို့ လက်တွေ့မှာ မဖြစ်နိုင်ဘူးလို့ သူက ဆိုပါတယ်။

လက်ရှိအခြေအနေအရ ပြည်သူ့လုံခြုံရေးအဖွဲ့ ဖွဲ့စည်းဖို့ အဆင်မပြေကြောင်း တွေ့ဆုံပွဲမှာ တင်ပြပြောဆိုခဲ့ပေမယ့် စစ်ကောင်စီကတော့ မဖြစ်မနေ လိုက်လံစည်းရုံးပြီး ဖွဲ့စည်းပေးဖို့ကိုသာ အကြိမ် ကြိမ် ပြန်လည်ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

မွန်ပြည်နယ်မှာ မြို့နယ်အဆင့်ဌာနဆိုင်ရာ(၂၁)ဌာနက ဝန်ထမ်းအကြီးအကဲတွေ ပါဝင်တဲ့ ဒေသဖွံ့ဖြိုးရေးလုပ်ပေး မယ့် စစ်ကြောင်းကြီး (၅)ကြောင်းလို့အမည်ပေးထားတဲ့ အဖွဲ့ဟာ စစ်တပ်နဲ့ ပူးပေါင်းဖို့နဲ့ နယ်မြေသတင်းတွေပေးဖို့၊ ပြည်သူလုံခြုံရေး အဖွဲ့တွေ အမြန်ဆုံးဖွဲ့စည်းပေးဖို့ကို ဆိုတဲ့အကြောင်းပြချက်နဲ့ ဒေသခံတွေကို ပြီးခဲ့တဲ့ စက်တင်ဘာလ ဒုတိယအပတ်က တည်းက လိုက်လံစည်းရုံးနေပါတယ်။

ဓာတ်ပုံ - KNU
May 4, 2026
ကရင်အမျိုးသားအစည်းအရုံး KNU အုပ်ချုပ်နယ်မြေတွေမှာ အခုရက်ပိုင်းအတွင်း အာဏာသိမ်း စစ်အစိုးရက...
ဓာတ်ပုံ-CJ
May 1, 2026
မွန်ပြည်နယ်မှာ အစိုးရအဖွဲ့သစ် အပြောင်းအလဲ ဖြစ်ပေါ်လာပေမယ့် လောင်းကစားဝိုင်းတွေကို အကြီးအကျယ်...
April 30, 2026
မွန်ပြည်နယ်မှာ လျှပ်စစ်ဓာတ်အား တိုးမြှင့်ပေးမယ်လို့ ပြည်ထောင်စု ဝန်ကြီး ပြောဆိုပြီးနောက်...
April 29, 2026
မွန်ပြည်နယ် ရေးမြို့နယ် ရေး-သံဖြူဇရပ်လမ်းပိုင်းမှာ အခုရက်ပိုင်းအတွင်း အာဏာဖီဆန်ရေး မလုပ်ထားတဲ့...