KNU သထုံခရိုင်က တစ်လအတွင်း တိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၀ နီးပါး သေဆုံး

KNU သထုံခရိုင်က တစ်လအတွင်း တိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၀ နီးပါး သေဆုံး

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၁) သထုံခရိုင်မှာ ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်း ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၈ ဦး သေဆုံးပြီး ၄၁ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ KNU က အောက်တိုဘာ ၇ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

စက်တင်ဘာလအတွင်း ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ (၁ ) ပူးပေါင်းတပ်တွေနဲ့ အာဏာသိမ်း စစ်ကောင်စီ လက်အောက်ခံတပ်တို့အကြား ထိတွေ့တိုက်ပွဲ (၃၉) ကြိမ်ဖြစ်ပွားခဲ့တာပါ။

နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဆီကနေMA (၂) လက်၊ ကျည်ဘောက် (၈) ခု၊ ကျည်ဆံ (၃၉၀) တောင့်နဲ့ ခြောက်လုံးပြူး အတို (၁) လက်တို့ကို KNLA ပူးပေါင်းတပ်တွေက သိမ်းဆည်းရမိခဲ့သလို တိုက်ပွဲအတွင်း စစ်ကောင်စီ စစ်ကား ၁၀ ပျက်စီးခဲ့တာ ဖြစ်ပါတယ်။

စစ်ကောင်စီတပ်တွေရဲ့ နေ့စဉ် လက်နက်ကြီး၊ လက်နက်ငယ်နဲ့ ကျေးရွာအတွင်းသို့ ရမ်းသမ်းပစ်ခတ်တာတွေကြောင့် အရပ်သားလူနေအိမ် (၄) လုံးနဲ့ ကား (၁) စီးပျက်စီးခဲ့ပြီး အရပ်သားတွေ မွေးမြူထားတဲ့ ကျွဲ၊ နွားတွေလည်း ထိမှန်သေဆုံးတာတွေ ရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် KUN သထုံခရိုင် တပ်မဟာ (၁) အုပ်ချုပ်နယ်မြေအတွင်း ကျူးကျော် တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်စခန်းတွေ စခန်းပြုပြင်ဖို့နဲ့ ထပ်မံတိုးချဲ့ဖို့ ဒေသခံပြည်သူလူထုတွေဆီကနေ သစ်၊ ဝါးတွေ အဓမ္မ တောင်းယူတာတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။

စက်တင်ဘာလထဲမှာတော့ KNU သထုံခရိုင်ထံ စစ်ကောင်စီတပ်သား ၂ ဦး လက်နက်နဲ့တကွ အလင်းဝင်ခဲ့သလို နှစ်ဖက်တိုက်ပွဲအတွင်း KNLA၊ KNDO နဲ့ မိတ်ဖက်တော်လှန် ရေးတပ်ဘက်က ရဲဘော် ၅ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။

July 21, 2026
မွန်ပြည်အတွင်း စစ်အုပ်စုက တရားမဝင်ကုန်ပစ္စည်းအဖြစ် သတ်မှတ်ထားသည့် ထိုင်းကုန်ပစ္စည်းများကို...
July 20, 2026
မွန်ပြည်အတွင်း စက်သုံးဆီများ မပြတ်လပ်စေရန် စီမံဆောင်ရွက်ထားကြောင်း စစ်အုပ်စုခန့် လျှပ်စစ်၊...
July 17, 2026
စစ်တပ်လွှမ်းမိုးမှုနှင့် ဗဟိုချုပ်ကိုင်မှုအားကြီးသည့် အာဏာရှင်စနစ်၊ အရင်းခံ...
July 16, 2026
မြန်မာ့အကျပ်အတည်းနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် ဖိလစ်ပိုင်...