စစ်ကောင်စီတပ်မှ ပြည်သူပိုင် တိရိစ္ဆာန်တွေကို ခိုးယူသတ်ဖြတ်တာတွေ လုပ်ဆောင်နေ

စစ်ကောင်စီတပ်မှ ပြည်သူပိုင် တိရိစ္ဆာန်တွေကို ခိုးယူသတ်ဖြတ်တာတွေ လုပ်ဆောင်နေ

ဖရူဆိုမြို့၊ ထီးကူးဆို ရပ်ကွက်အတွင်းက ဒေသခံတွေရဲ့ နွားတွေကို စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ ရဲတပ်ဖွဲ့ တွေခိုးယူသတ်ဖြတ်တာတွေ လုပ်ဆောင်နေတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) က စက်တင်ဘာ ၂၄ ရက် မှာ သတင်းထုတ်ပြန်ထားပါတယ်။

ဒေသခံပြည်သူတွေရဲ့ နွားတွေကို ခိုးယူသတ်ဖြတ်ပြီး ဆိုင်ကယ်သုံးစီးနဲ့ သယ်ဆောင်နေကြတဲ့ စစ်ကောင်စီတပ်ဖွဲ့နဲ့ရဲတပ်ဖွဲ့ ၁၀ဦး ကို ယမန်နေ့ ည ၄ နာရီအချိန် KNDF တပ်ရင်း ၁၅ နဲ့ တပ်ရင်း ၄ တို့တွေ့ရှိပြီးနောက် မိနစ်အနည်းငယ်နှစ်ဖက်ထိတွေ့မှုဖြစ်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ခိုက်မှုကြောင့် စစ်ကောင်စီဖက်က ၎င်းတို့သယ်ဆောင်ခဲ့တဲ့ နွားအသေတွေနဲ့အတူ ဆိုင်ကယ်နှစ်စီးထားခဲ့ပြီး ဆုတ်ခွာထွက်ပြေးခဲ့ရတယ်လို့ ဆိုပါတယ်။

အဆိုပါ ထီးကူးဆို ရပ်ကွက်ဟာဆိုရင် စစ်ကောင်စီတပ်ရဲ့ ရမ်းတမ်းပစ်ခတ်မှု၊ ဖမ်းဆီးမှုတွေနဲ့ နှစ်ဖက်ထိတွေ့ တိုက်ပွဲတွေကြောင့် ဒေသခံတွေ တိမ်းရှောင်နေကြတာ တစ်နှစ်ကျော်ကြာမြှင့်နေပြီဖြစ်ပါတယ်။

စစ်ကောင်စီတပ်ဖွဲ့တွေကနေပြီး လူသူမရှိတော့တဲ့ နေအိမ်တွေကို ဖောက်ထွင်းဖျက်ဆီးတာတွေ၊ တန်ဖိုးရှိပစ္စည်းယူဆောင်တာတွေ၊ တိရိစ္ဆာန်တွေကို သတ်ဖြတ်စားသောက်တာတွေ နေ့စဉ် လုပ်ဆောင်လျက်ရှိနေတယ်လို့ကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ ဒေသခံတွေပြောကြားချက်အရ သိရပါတယ်။

August 8, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းကို စစ်အုပ်စုတပ်က လေကြောင်းတိုက်ခိုက်မှုများနှင့်...
August 7, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်းရှိ နေရာတစ်ခုကို စစ်အုပ်စုတပ်က လေယာဉ်ဖြင့် ဗုံးကြဲ...
August 6, 2026
စစ်အုပ်စုတပ်သည် ပြီးခဲ့သည့် မေလကတည်းက ဒီးမော့ဆိုမြို့အနီး၊ ဒေါငံခါးကျေးရွာဘက်သို့ လက်နက်ကြီး၊...
August 6, 2026
ကရင်နီပြည်တွင်းရှိ နေရာဒေသအသီးသီးတွင် ရက်သတ္တပတ်အတွင်း စက်သုံးဆီဈေးနှုန်းမှာ ကျပ် ၂,၀၀၀...