အစဉ်အလာမပြတ် ကယားရိုးရာ အဲဒိုပေါ်မှီ (ခေါ်) ဒီးကူပွဲ ပြုလုပ်

အစဉ်အလာမပြတ် ကယားရိုးရာ အဲဒိုပေါ်မှီ (ခေါ်) ဒီးကူပွဲ ပြုလုပ်

ဖရူဆိုမြို့နယ် အနောက်ဘက် စစ်ဘေးရှောင် တစ်နေရာမှာ နှစ်စဉ် အစဉ်အလာမပျက် ကျင်းပလာခဲ့ကြတဲ့ ကယားရိုးရာ အဲဒိုပေါ်မီ (ခေါ်) ဒီးကူပွဲကို စက်တင်ဘာလ ၂၅ ရက်နေ့က အကျဉ်းချုံး ကျင်းပပြုလုပ်ခဲ့ပါတယ်။

“ကျမတို့က ဒီရိုးရာကို ပယ်ဖျက်လို့မရတဲ့ အတွက်ကြောင့်ပေါ့နော်။ ကျမတို့ အဓိက တန်ဖိုးထားတဲ့ အရာမလို့ ဘယ်လိုပဲ ကြုံရပါစေ ဒီရိုးရာကို ရအောင်လုပ်လိုက်တယ်” လို့ ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။

နှစ်စဥ် နှစ်တိုင်း ကယားရိုးရာ အဲဒိုပေါ်မီ ပွဲကို သြဂုတ်၊ စက်တင်ဘာလအတွင်း ကျေးရွာတွေမှာ ခမ်းခမ်းနားနား ကျင်းပပြုလုပ်လေ့ရှိပေမယ့် အာဏာသိမ်းပြီးနောက်ပိုင်း ဒေသတွင်းတိုက်ပွဲတွေကြောင့် ဒေသခံတွေဟာ စစ်ရှောင်ကြရပြီး ရောက်ရာအရပ်မှာ အကျဉ်းချုံးသာ ပြုလုပ်ရပါတော့တယ်။

“ဒီးကူ တစ်ပင်ကို ၅ ရွက်ကနေ ၃ ရွက်ခူးရပါတယ်။ အနည်းဆုံးတော့ နှစ်ရွက်ပေါ့၊ တစ်ပင်ထဲကို အများကြီးခူးလိုက်တဲ့ ဓလေ့မရှိဘူး အရွက်လှရင်တော့ ၅ ရွက်အထိ ခူးလို့ရတယ်ပေါ့၊ ဘာကြောင့် ဒီလိုခူးရလဲဆိုတော့ ရိုးရာတစ်ခုလိုလဲ ဖြစ်တယ်၊ ကျနော် ကိုယ်တိုင်ခူးရင်တော့ အနည်းဆုံး ၁ ရွက် ၃ ရွက် ၅ ရွက် မဂဏန်းနဲ့ သွားရတဲ့ သဘောမျိုးပေါ့နော်”လို့ စစ်ရှောင်ရပ်မိရပ်ဖ အမျိုးသားတစ်ဦးက ပြောပါတယ်။

အာဏာသိမ်းမှုမတိုင်ခင် မြို့နယ်အလိုက် ကျေးရွာအလိုက် ရိုးရာကို အများသိရှိလာအောင် ခမ်းခမ်းနားနား ကျင်းပခဲ့ကြပေမယ့် လက်ရှိချိန်မှာတော့ မကျင်းပ နိုင်ကြတော့ပါဘူး။

တိုက်ပွဲကလည်း မကြာခဏဖြစ်ပွားနေတဲ့အတွက် ပွဲကျင်းပတဲ့အချိန်မှာလည်း စိုးရိမ်မှုနဲ့ပြုလုပ်ခဲ့ရပြီး ရပ်နီးရပ်ဝေးက အသိမိတ်ဆွေ၊ ဆွေမျိုးတွေကို ဖိတ်ခေါ်ခြင်းမပြုကြတော့ဘဲ ရပ်ရွာအတွင်း အကျဉ်းချုံးပြုလုပ်ကြသလို စစ်ရှောင်စခန်းတွေမှာလည်း ရိုးရာမပြတ်အောင် ထိန်းသိမ်းတဲ့အနေနဲ့ ဒီးကူပွဲကို ကျင်းပနေကြတာဖြစ်ပါတယ်။

May 1, 2026
ကရင်နီပြည်၊ ဖားဆောင်းမြို့နယ်၊ မော်ချီးဒေသမှာ ယခုရက်ပိုင်းအတွင်း ခဲစျေး ထပ်မံကျဆင်းနေတာကြောင့်...
ပုံဟောင်းအသုံးပြုထားသည်။ ( Photo - RFA )
April 30, 2026
ကဆုန်လပြည့်နေ့ အထိမ်းအမှတ်အနေဖြင့် မြန်မာနိုင်ငံတဝှမ်းက အကျဉ်းထောင်အသီးသီးမှာ အကျဉ်းကျခံနေတဲ့...
April 30, 2026
မိုးဦးမိုးဖျား စတင်ရွာသွန်းလာချိန်နဲ့အတူ ကရင်နီပြည်ရှိ လယ်သမားများက စိုက်ပျိုးရာသီသစ်အတွက်...
အမှတ် ၁ - အယ်လ်ဖာစစ်ဒေသ/ မိုးဗြဲနယ် ထုတ်ပြန်သည့် စစ်ရေးပြအခမ်းအနားကို တွေ့ရစဉ်
April 29, 2026
မိုးဗြဲဒေသက ကရင်နီလက်နက်ကိုင်တပ်ဖွဲ့တွေကြား ပစ်ခတ်မှုကြောင့် ၉ဦး သေဆုံးသွားတဲ့အမှုကို...