ထားဝယ်နည်းပညာတက္ကသိုလ် ကျောင်းသား ၂ ဦး ထပ်မံ ဖမ်းဆီးခံရ

ထားဝယ်နည်းပညာတက္ကသိုလ် ကျောင်းသား ၂ ဦး ထပ်မံ ဖမ်းဆီးခံရ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့မှာ အခုရက်ပိုင်းအတွင်း ထားဝယ်နည်းပညာတက္ကသိုလ်ကျောင်းသား ၂ ဦး ထပ်မံ ဖမ်းဆီးခံခဲ့ရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၂ ရက်နေ့က ထားဝယ်မြို့၊ ခုံဝင်းဒပ်ရပ်ကွက်ရှိ ကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်နေတဲ့ ဖမ်းဆီးခံနိုင်ငံရေး အကျဉ်းသားဟောင်း တစ်ဦးဖြစ်တဲ့ နည်းပညာတက္ကသိုလ်ကျောင်းသား ကိုမျိုးမင်းဦးကို စစ်ကောင်စီတပ်က အင်အားအများ အပြား သုံးပြီး ထပ်မံဖမ်းဆီးခဲ့တာပါ။

ကိုမျိုးမင်းဦးဟာ ပြီးခဲ့တဲ့နှစ်တုန်းက စစ်အာဏာရှင် ဆန့်ကျင်ကြောင်း ဆန္ဒပြပွဲမှာ ပါဝင်ခဲ့တဲ့အတွက် ၅ လကျော်ကြာ ဖမ်းဆီးခံခဲ့ရပြီး လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွတ်လာပြီးနောက် ထပ်မံ ဖမ်းဆီးခံလိုက်ရတာပါ။

ဒါ့အပြင် ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၁ ရက်နေ့တုန်းကလည်း ထားဝယ်မြို့၊ ကြက်စာပြင်ရပ်ကွက်နေ ထားဝယ် နည်းပညာတက္ကသိုလ်ကျောင်းသား ကိုအောင်ဝေယံထွန်းကို စစ်ကောင်စီတပ်က နေအိမ်မှာ လာရောက် ဖမ်းဆီးသွားတာပါ။

ဖမ်းဆီးသွားတဲ့ ထားဝယ်နည်းပညာတက္ကသိုလ်ကျောင်းသား ၂ ဦးကိုတော့ ထားဝယ်မြို့မရဲစခန်းမှာ ဖမ်းဆီးပြီး စစ်ဆေးမေးမြန်း တာတွေ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

ထားဝယ်မြို့နယ်မှာ ပြီးခဲ့တဲ့နှစ်ပတ်အတွင်း ထားဝယ်လူငယ် သပိတ်ကော်မတီဝင်တွေ အပါအဝင် ဒေသခံ ၃၀ ထက်မနည်း ဖမ်းဆီးခံထားရပြီး အများစုကိုတော့ စစ်ကောင်စီက စစ်ကြောရေးကို ပို့ဆောင်ထားတာပါ။

လက်ရှိမှာတော့ စစ်ကောင်စီဟာ ထားဝယ်မြို့နယ်အတွင်း လုံခြုံရေး တင်းကြပ်ပြီး ပိတ်ဆို့ရှာဖွေ စစ်ဆေးတာတွေ လုပ်ဆောင် နေသလို မကြာခဏ သန်ခေါင်းစာရင်း အကြောင်းပြချက်နဲ့ ဖမ်းဆီးထားတာတွေ ဆက်တိုက်လုပ်ဆောင်လာတာ ဖြစ်ပါတယ်။

May 5, 2026
နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို လျှို့ဝှက်နေရာမှာ ဖမ်းဆီးထားရာကနေ...
ဓာတ်ပုံ - KNU
May 4, 2026
ကရင်အမျိုးသားအစည်းအရုံး KNU အုပ်ချုပ်နယ်မြေတွေမှာ အခုရက်ပိုင်းအတွင်း အာဏာသိမ်း စစ်အစိုးရက...
ဓာတ်ပုံ-CJ
May 1, 2026
မွန်ပြည်နယ်မှာ အစိုးရအဖွဲ့သစ် အပြောင်းအလဲ ဖြစ်ပေါ်လာပေမယ့် လောင်းကစားဝိုင်းတွေကို အကြီးအကျယ်...
April 30, 2026
မွန်ပြည်နယ်မှာ လျှပ်စစ်ဓာတ်အား တိုးမြှင့်ပေးမယ်လို့ ပြည်ထောင်စု ဝန်ကြီး ပြောဆိုပြီးနောက်...