မုန်းမြို့နယ် ဒေသခံတွေ ကျေးရွာထဲက မထွက်ခွာရင် ရွာတွေကို မီးရှို့ဖျက်ဆီးမယ်လို့ စစ်ကောင်စီ ခြိမ်းခြောက်

မုန်းမြို့နယ် ဒေသခံတွေ ကျေးရွာထဲက မထွက်ခွာရင် ရွာတွေကို မီးရှို့ဖျက်ဆီးမယ်လို့ စစ်ကောင်စီ ခြိမ်းခြောက်

ကရင်အမျိုးသားအစည်းအရုံး (KNU) အုပ်ချုပ်နယ်မြေ မုန်းမြို့နယ်အတွင်းရှိ ကျေးရွာနှစ်ရွာက ဒေသခံရွာသားတွေကို စစ်ကောင်စီတပ်က မောင်းထုတ်နေပြီး မထွက်ခွာပါက နေအိမ်တွေကို မီးရှို့ဖျက်ဆီးမယ်လို့ ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း ကေအဲန်ယူက ထုတ်ပြန်ထားပါတယ်။

KNU ညောင်လေးပင်ခရိုင် မုန်းမြို့နယ်စီမံအုပ်ချုပ်နယ်မြေအတွင်းရှိ တမာခေါနဲ့ တောင်စုကျေးရွာက ရပ်မိရပ်ဖတွေကို စစ်ကောင်စီတပ်က စက်တင်ဘာ (၁၁) ရက်နေ့က ခေါ်ယူတွေ့ဆုံခဲ့ပြီး ကျေးရွာပြည်သူတွေအနေနဲ့ ရွာကနေထွက်ခွာဖို့ မထွက်ခွာခဲ့ပါက ဒေသခံတွေရဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးမယ်လို့ ခြိမ်းခြောက်လာခဲ့တာပါ။

စစ်ကောင်စီတပ်ရဲ့ ခြိမ်းခြောက်မှုကြောင့် စက်တင်ဘာ (၁၂) ရက်နေ့ကစပြီး လူဦးရေ (၃၃၄) ဦးရှိတဲ့ တမာခေါကျေးရွာက ဒေသခံပြည်သူလူထုတွေဟာ ထိတ်လန့်ကြောက်ရွံ့တာကြောင့် ရွာလုံးကျွတ်ထွက်ခွာပြီး စစ်တောင်းမြစ် အနောက်ဘက်ကမ်းရှိ နိုဘီးခီးကျေးရွာနဲ့ အနီးအနာက ကျေးရွာတွေကို ရွှေ့ပြောင်း နေထိုင်လာရပါတယ်။

တောင်စုကျေးရွာကတော့ ကေအဲန်ယူ-မုန်းမြို့နယ်တာဝန်ရှိခေါင်းဆောင်တွေက စီမံထိန်းသိမ်းဆောင်ရွက်ထားပြီး ရွာသားတွေအနေနဲ့ ကျေးရွာအတွင်းမှာသာ နေထိုင်စေခဲ့တယ်လို့ ကေအဲန်ယူထံကနေ သိရပါတယ်။

စစ်ကောင်စီရဲ့ အခုလို ပြည်သူလူထုအပေါ် မတရားဖိနှိပ်နေတဲ့အပေါ် စိတ်မကောင်း ဖြစ်ရပြီး ပြည်သူတွေအနေနဲ့ စိတ်ဓာတ်မကျဘဲ ဆက်လက် တောင့်ခံပေးဖို့ KNU ပြောခွင့်ရ ပဒိုစောတောနီးက တိုက်တွန်းတာပါ။

"ဒီတိုင်းပြည်မှာ နေတော့ ဒီလိုဟာတွေ ရင်ဆိုင်ရတာပဲလေ။ အဲဒါကြောင့်မို့လို့ ကျွန် တော်ပြောချင်တာကတော့ အခက်ခဲ ကြားထဲမှာလဲ စစ်ကောင်စီကလည်း ဒီလိုအုပ်ချုပ်ပုံ၊ အုပ်ချုပ်နည်းမျိုးနဲ့ လူသားဆန်စွာမရှိ တဲ့အပြင် သတ်ဖြတ်တာလည်း နေ့စဉ်နဲ့ အမျှပဲ။ ဒါပေမယ့်လည်း သူကဖြစ်ချင်တာက အစိုးရ၊ အစိုးရအင်္ဂါရပ်နဲ့ တစ်ချက်မှလည်း မလုပ်၊ လူထုတွေက ဒုက္ခရောက်နေတာ။ အဲဒီလိုအနေအထားမျိုးမှာ ကျွန်တော်တို့ ပြောချင်တာက ဘာမှစိတ်ဓာတ်ကျစရာမရှိ ဘူး။ကျွန်တော်တို့ ဆက်ပြီးတော့ လက်တွဲသွားမယ်" လို့ သူက ဆိုပါတယ်။

KNU ညောင်လေးပင်ခရိုင် တပ်မဟာ (၃) နယ်မြေအတွင်းမှာ စစ်ကောင်စီတပ်နဲ့ KNLA KNDO တပ်တွေအကြား နေ့စဉ်တိုက်ပွဲတွေဖြစ်ပွားလျက်ရှိပြီး ပြီးခဲ့တဲ့ဩဂုတ်လတစ်လအတွင်းမှာပင် စစ်ဘေးရှောင်ဦးရေ ၂၀၀၀၀ ကျော်ထိ တိုးလာခဲ့တာပါ။

လက်ရှိမှာတော့ ညောင်လေးပင်ခရိုင်အတွင်း စစ်တပ် အာဏာသိမ်းပြီးနောက် စစ်ဘေးရှောင်ပြည်သူဦးရေ ၈၀၀၀၀ ကျော်အထိရှိလာနေပြီး လူသားချင်းစာနမှု အကူအညီတွေ အများအပြားလိုအပ်လျက်ရှိနေတယ်လို့ ကေအဲန်ယူက ထုတ်ပြန်ထားပါတယ်။

July 25, 2026
ကရင်ပြည်၊ ဖာပွန်ခရိုင်တွင် အင်အားထောင်ချီဖြင့် စစ်ကြောင်းထိုးနေသည့် စစ်တပ်စစ်ကြောင်းမှာ အထိနာကာ...
ဓာတ်ပုံ-CJ See less
July 24, 2026
အာဏာသိမ်း စစ်တပ် အသွင်ပြောင်း အစိုးရ သမ္မတ ဦးမင်းအောင်လှိုင်က စားသုံးဆီ လျှော့ချဖို့...
July 23, 2026
မော်လမြိုင် - စစ်တပ်အသွင်ပြောင်း အစိုးရလက်ထက်တွင် အခြေခံစားသောက်ကုန်ဖြစ်သော ကြက်ဥတစ်လုံးလျှင်...
July 21, 2026
မွန်ပြည်အတွင်း စစ်အုပ်စုက တရားမဝင်ကုန်ပစ္စည်းအဖြစ် သတ်မှတ်ထားသည့် ထိုင်းကုန်ပစ္စည်းများကို...