သရက်ချောင်းမှာ စစ်ဆေးခံနေရတဲ့ ဒေသခံတစ်ဦးကို စစ်ကောင်စီတပ်က ပစ်ခတ်သတ်ဖြတ်ခဲ့

သရက်ချောင်းမှာ စစ်ဆေးခံနေရတဲ့ ဒေသခံတစ်ဦးကို စစ်ကောင်စီတပ်က ပစ်ခတ်သတ်ဖြတ်ခဲ့

တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ်၊ ဥတ္တူရွာကျေးရွာ၊ ထားဝယ်- သရက်ချောင်းလမ်းမအပေါ်မှာ ဆိုင်ကယ်တစ်စီးနဲ့ ရပ်တန့်စစ်ဆေးခံနေရတဲ့ ဒေသခံတစ်ဦးကို စစ်ကောင်တပ်က သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်လိုက်တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စက်တင်ဘာ ၁၁ ရက်နေ့ ညနေ ၅ နာရီလောက်မှာ စစ်ကောင်စီတပ်တွေက လမ်းသွားလမ်းလာတွေကို စစ်ဆေးနေချိန် ဆိုင်ကယ်နဲ့ မောင်းနှင်လာတဲ့ ရငဲကျေးရွာနေ အသက် ၃၀ အရွယ် ကိုသားငယ်ကို ရပ်တန့် စစ်ဆေး ခဲ့တာပါ။

အဲဒီနောက်မှာတော့ စစ်ကောင်စီတပ်က ကိုသားငယ်ကို ဆိုင်ကယ်ဘောက်ဖွင့်ခိုင်းရာ ဆိုင်ကယ်ဘောက်မဖွင့်ပေးလို့ဆိုပြီး သေနတ်နဲ့အနီးကပ် ပစ်သတ်လိုက်တာ ဖြစ်ပါတယ်။

"စကစ ဘက်က ဆိုင်ကယ်ဘောက်ဖွင့်ပေးဖို့ ပြောတာ မဖွင့်ပေးလို့ ပစ်လိုက်တာတဲ့၊ စကစ ဘက်ကတော့ ပစ်သတ်ပြီး ဒီအတိုင်းထွက်သွားကြတယ်၊ ရုပ်အလောင်းကို ဒီမနက်မှ သွားကောက်ရတာ"လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

သေနတ်နဲ့ပစ်သတ်ခံရတာကြောင့် ကိုသားငယ်ဟာ အခင်းဖြစ်ရာ နေရာမှာပဲ သေဆုံးခဲ့တာ ဖြစ်ပြီး ရုပ်အလောင်းကိုတော့ စက်တင်ဘာ ၁၂ ရက်နေ့ မနက်ပိုင်းမှာ လူမှုကယ်ဆယ်ရေးအဖွဲ့တွေက လာရောက် ကောက်ယူပြီး သရက်ချောင်းဆေးရုံသို့ ပို့ဆောင်ထားတာပါ။

သုတေသနအဖွဲ့ တစ်ခု ဖြစ်တဲ့ Southern Monitor အဆိုအရ တနင်္သာရီတိုင်းဒေသကြီးမှာ စစ်တပ် အာဏသိမ်းတဲ့ ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ကနေ အခုနှစ် စက်တင်ဘာ ပထမအပတ်အထိ အရပ်သားသေဆုံးသူ ၂၄၀ ကျော်ထိရှိလာတယ်လို့ ဆိုထားပါတယ်။

Most read this week

December 23, 2025
လူထုရဲ့ အခက်အခဲအကျပ်အတည်းတွေကို လွှတ်တော်ထဲ တင်ပြပေးမယ့် ကိုယ်စားလှယ်တွေဟာ...
Photo credit - social media
December 22, 2025
ရွှေ့ပြောင်းမြန်မာပြည်သူတွေဟာ အနာဂတ်အခြေအနေဆိုင်ရာ စိုးရိမ်မှုနဲ့ မျှော်လင့်မှုတွေမှာ...
Photo credit - CJ
December 20, 2025
မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်ကော်မရှင် ပြုလုပ်မယ့် အထွေထွေရွေးကောက်ပွဲ နီးလာတာနဲ့အမျှ ဒေသတွင်းမှာ...
December 19, 2025
မွန်ပြည်နယ်တောင်ပိုင်းက စစ်ရေးလှုပ်ရှားမှု အများဆုံးဒေသဖြစ်တဲ့ ရေးမြို့နယ်မှာ စစ်ကော်မရှင်က...