သရက်ချောင်းမှာ စစ်ဆေးခံနေရတဲ့ ဒေသခံတစ်ဦးကို စစ်ကောင်စီတပ်က ပစ်ခတ်သတ်ဖြတ်ခဲ့

သရက်ချောင်းမှာ စစ်ဆေးခံနေရတဲ့ ဒေသခံတစ်ဦးကို စစ်ကောင်စီတပ်က ပစ်ခတ်သတ်ဖြတ်ခဲ့

တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ်၊ ဥတ္တူရွာကျေးရွာ၊ ထားဝယ်- သရက်ချောင်းလမ်းမအပေါ်မှာ ဆိုင်ကယ်တစ်စီးနဲ့ ရပ်တန့်စစ်ဆေးခံနေရတဲ့ ဒေသခံတစ်ဦးကို စစ်ကောင်တပ်က သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်လိုက်တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စက်တင်ဘာ ၁၁ ရက်နေ့ ညနေ ၅ နာရီလောက်မှာ စစ်ကောင်စီတပ်တွေက လမ်းသွားလမ်းလာတွေကို စစ်ဆေးနေချိန် ဆိုင်ကယ်နဲ့ မောင်းနှင်လာတဲ့ ရငဲကျေးရွာနေ အသက် ၃၀ အရွယ် ကိုသားငယ်ကို ရပ်တန့် စစ်ဆေး ခဲ့တာပါ။

အဲဒီနောက်မှာတော့ စစ်ကောင်စီတပ်က ကိုသားငယ်ကို ဆိုင်ကယ်ဘောက်ဖွင့်ခိုင်းရာ ဆိုင်ကယ်ဘောက်မဖွင့်ပေးလို့ဆိုပြီး သေနတ်နဲ့အနီးကပ် ပစ်သတ်လိုက်တာ ဖြစ်ပါတယ်။

"စကစ ဘက်က ဆိုင်ကယ်ဘောက်ဖွင့်ပေးဖို့ ပြောတာ မဖွင့်ပေးလို့ ပစ်လိုက်တာတဲ့၊ စကစ ဘက်ကတော့ ပစ်သတ်ပြီး ဒီအတိုင်းထွက်သွားကြတယ်၊ ရုပ်အလောင်းကို ဒီမနက်မှ သွားကောက်ရတာ"လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

သေနတ်နဲ့ပစ်သတ်ခံရတာကြောင့် ကိုသားငယ်ဟာ အခင်းဖြစ်ရာ နေရာမှာပဲ သေဆုံးခဲ့တာ ဖြစ်ပြီး ရုပ်အလောင်းကိုတော့ စက်တင်ဘာ ၁၂ ရက်နေ့ မနက်ပိုင်းမှာ လူမှုကယ်ဆယ်ရေးအဖွဲ့တွေက လာရောက် ကောက်ယူပြီး သရက်ချောင်းဆေးရုံသို့ ပို့ဆောင်ထားတာပါ။

သုတေသနအဖွဲ့ တစ်ခု ဖြစ်တဲ့ Southern Monitor အဆိုအရ တနင်္သာရီတိုင်းဒေသကြီးမှာ စစ်တပ် အာဏသိမ်းတဲ့ ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ကနေ အခုနှစ် စက်တင်ဘာ ပထမအပတ်အထိ အရပ်သားသေဆုံးသူ ၂၄၀ ကျော်ထိရှိလာတယ်လို့ ဆိုထားပါတယ်။

May 5, 2026
နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို လျှို့ဝှက်နေရာမှာ ဖမ်းဆီးထားရာကနေ...
ဓာတ်ပုံ - KNU
May 4, 2026
ကရင်အမျိုးသားအစည်းအရုံး KNU အုပ်ချုပ်နယ်မြေတွေမှာ အခုရက်ပိုင်းအတွင်း အာဏာသိမ်း စစ်အစိုးရက...
ဓာတ်ပုံ-CJ
May 1, 2026
မွန်ပြည်နယ်မှာ အစိုးရအဖွဲ့သစ် အပြောင်းအလဲ ဖြစ်ပေါ်လာပေမယ့် လောင်းကစားဝိုင်းတွေကို အကြီးအကျယ်...
April 30, 2026
မွန်ပြည်နယ်မှာ လျှပ်စစ်ဓာတ်အား တိုးမြှင့်ပေးမယ်လို့ ပြည်ထောင်စု ဝန်ကြီး ပြောဆိုပြီးနောက်...