လေးကေကော်မြို့သစ်မှာ တကျော့ပြန် တိုက်ပွဲတွေ ပြန်လည် ဖြစ်ပွားနေ

လေးကေကော်မြို့သစ်မှာ တကျော့ပြန် တိုက်ပွဲတွေ ပြန်လည် ဖြစ်ပွားနေ

ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၆) နယ်မြေဖြစ်တဲ့ လေးကေကော်မြို့သစ်မှာ နယ်မြေကျူးကျော်ဖို့ ကြိုးစားနေတဲ့ စစ်ကောင်စီတပ်ဖွဲ့နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းတပ်တို့ကြား တကျော့ပြန် တိုက်ပွဲတွေ ပြန်လည် ဖြစ်ပွားနေတယ်လို့ ကော်ဘရာစစ်ကြောင်းက ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၁၁ ရက်နေ့ ညပိုင်းကစပြီး လေးကေကော်မြို့သစ်ရှိ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်ရင်း (၂၇)၊ ကော်ဘရာစစ်ကြောင်း တပ်ခွဲ (၁) လုံခြုံရေးတာဝန်ယူထားတဲ့ ရပ်ကွက် (၆) မှာ နယ်မြေကျူးကျော်ဖို့ကြိုးစားနေတဲ့ စစ်ကောင်စီတပ်ဖွဲ့နဲ့ ထိတွေ့တိုက်ပွဲတွေ ပြန်လည် ဖြစ်ပွားခဲ့တာပါ။

အဲဒီတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က လက်နက်ကြီး၊လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပေမယ့် ကော်ဘရာ စစ်သည်တော်တွေဘက်က တစ်စုံတစ်ရာထိခိုက်မှုမရှိဘဲ စစ်ကောင်စီဘက်ကတော့ ထိခိုက်သေဆုံးမှုရှိနိုင်ပြီး ထိခိုက်မှုအရေအတွက် အတိအကျကို စိစစ်စုံစမ်းလျက်ရှိတဲ့အတွက် အတည်မပြုနိုင်သေးဘူးလို့ ကော်ဘရာစစ်ကြောင်းက ဆိုထားပါတယ်။

"လေးကေကော်ဘက်မှာတော့ ဒီလက်နက်ကြီးပစ်ခတ်မှုတွေကတော့ ဒါတစ်ပတ်နီးပါးလောက်ရှိပြီဗျ။ မနေ့ကတော့ ထိတွေ့မှုပြန်ပြီးတော့ ဖြစ်တာပေါ့နော်။ လက်ရှိက ကော်ဘရာစစ်ကြောင်း တာဝန်ယူထားတဲ့ နေရာတွေကို သူတို့ဘက်ပေါင်းစုံကနေပြီးတော့ ထိုးစစ်ဆင်ဖို့ကြိုးစားတဲ့ အခြေအနေပေါ့နော်"လို့ ကော်ဘရာစစ်ကြောင်း ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

ဒါ့အပြင် စက်တင်ဘာ ၁၂ ရက်နေ့မှာလည်း မြဝတီ-ဝေါ်လေ ကားလမ်းမပေါ်ရှိ ကျော်ဝါးဘိုးကုန်းမှာ အခြေပြုထားတဲ့ စစ်ကောင်စီတပ်ဖွဲ့က လက်နက်ကြီးတွေနဲ့ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် တပ်ရင်း (၂၇)၊ ကော်ဘရာစစ်ကြောင်း ပူပေါင်းတပ်ဖွဲ့တွေဆီကို ရမ်းသမ်းပစ်ခတ်တာတွေလုပ်ဆောင်ခဲ့တာပါ။

ကော်ဘရာစစ်ကြောင်းလုံခြုံရေးရယူထားတဲ့ နေရာတွေကို စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ရမ်းသမ်း ပစ်ခတ်မှုတွေ ရှိတဲ့အတွက် ဒေသခံပြည်သူတွေ၊ မြဝတီ-ဝေါ်လေ ကားလမ်းအသုံးပြုသူတွေ အနေနဲ့ အထူးသတိထားသွားလာကြဖို့ ကော်ဘရာစစ်ကြောင်းက အသိပေးထုတ်ပြန်ထားပါတယ်။

လေးကေကော်မြို့သစ်မှာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလကစပြီး KNLA ပူးပေါင်းအဖွဲ့နဲ့ စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာ ဖြစ်ပြီး အဲဒီတိုက်ပွဲတွေကြောင့် ဒေသခံ သောင်းနဲ့ချီ နီးစပ်ရာ တောတောင်တွေနဲ့ ထိုင်း-မြန်မာနိုင်နယ်စပ် သောင်းရင်းမြစ်ဘေးမှာ ခိုလှုံနေရတာ ဖြစ်ပါတယ်။

July 25, 2026
ကရင်ပြည်၊ ဖာပွန်ခရိုင်တွင် အင်အားထောင်ချီဖြင့် စစ်ကြောင်းထိုးနေသည့် စစ်တပ်စစ်ကြောင်းမှာ အထိနာကာ...
ဓာတ်ပုံ-CJ See less
July 24, 2026
အာဏာသိမ်း စစ်တပ် အသွင်ပြောင်း အစိုးရ သမ္မတ ဦးမင်းအောင်လှိုင်က စားသုံးဆီ လျှော့ချဖို့...
July 23, 2026
မော်လမြိုင် - စစ်တပ်အသွင်ပြောင်း အစိုးရလက်ထက်တွင် အခြေခံစားသောက်ကုန်ဖြစ်သော ကြက်ဥတစ်လုံးလျှင်...
July 21, 2026
မွန်ပြည်အတွင်း စစ်အုပ်စုက တရားမဝင်ကုန်ပစ္စည်းအဖြစ် သတ်မှတ်ထားသည့် ထိုင်းကုန်ပစ္စည်းများကို...