ထားဝယ်လူငယ်သပိတ်ကော်မတီဝင် ၂ ဦး ဖမ်းဆီးခံရ

ထားဝယ်လူငယ်သပိတ်ကော်မတီဝင် ၂ ဦး ဖမ်းဆီးခံရ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်အတွင်းမှာ အာဏာသိမ်း စစ်ကောင်စီကို အကြမ်းမဖက်တဲ့ နည်းလမ်းနဲ့ ဆန့်ကျင်ကြောင်း သပိတ်တိုက်ပွဲတွေ ဆင်နွှဲနေတဲ့ လူငယ်သပိတ်ကော်မတီဝင် ၂ ဦးကို စစ်ကောင်စီတပ်က လာရောက် ဖမ်းဆီးသွားတယ်လို့ ထားဝယ်လူငယ်သပိတ်ကော်မတီက ထုတ်ပြန်ပါတယ်။

ထားဝယ်လူငယ်သပိတ်ကော်မတီဝင် တစ်ဦးဖြစ်တဲ့ ကိုအောင်ကိုကိုလွင်ကို စစ်ကောင်စီတပ်က ပြီးခဲ့တဲ့ စက်တင်ဘာ ၉ ရက်နေ့မှာ ထားဝယ်မြို့အတွင်း ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။

အဲဒီနောက် စစ်ကောင်စီတပ်ဟာ စက်တင်ဘာ ၁၀ ရက်နေ့ မနက်ပိုင်းမှာ ဖမ်းဆီးခံ ကိုအောင်ကိုကိုလွင်ကို ခေါ်ဆောင်လာပြီးနောက် ထားဝယ်မြို့ ဘုံကျွန်းရပ်ရှိ သပိတ်ကော်မတီဝင် တစ်ဦးဖြစ်တဲ့ ကိုဟိန်းဇေအောင်ကို ထပ်မံ ဖမ်းဆီးလိုက်တာပါ။

"ကိုအောင်ကိုကိုလွင်က မနေ့က လမ်းပိုင်းတစ်နေရာမှာ ဖမ်းခံထိတယ်သွားတယ်လို့ ထင်တယ်၊ သူ့ကိုမိပြီးတော့ ကိုဟိန်းဇေအောင်ကို သူနေအိမ်မှာ လာဖမ်းသွားတာ။ စကစ အဖွဲ့က ကိုအောင်ကိုကိုလွင်ကို ဖိအားပေးပြီး ကိုဟိန်းဇေအောင်နေအိမ်ကို လိုက်ပြခိုင်းတာ''လို့ ထားဝယ်လူငယ်သပိတ်ကော်မတီ တာဝန်ရှိသူတစ်ဦးက သံလွင်တိုင်းမ်ကိုပြောပါတယ်။

ထားဝယ်လူငယ်သပိတ်ကော်မတီဝင် ၂ ဦးဖမ်းဆီးခံရတာကြောင့် ဆက်စပ်သူတွေအနေနဲ့ အမြန်ဆုံးတိမ်းရှောင်ကြဖို့နဲ့ လုံခြုံတဲ့နေရာမှာ နေထိုင်ပေးကြဖို့ ထားဝယ်လူငယ်သပိတ်ကော်မတီက တိုက်တွန်းတာပါ။

ဖမ်းဆီးခံ ထားဝယ်လူငယ်ကော်မတီဝင်၂ ဦးကို စစ်ကောင်စီက ဘယ်နေရာမှာ ဖမ်းဆီးထိန်းသိမ်းထားလဲဆိုတာ မသိရသေးသလို မိသားစုဝင်တွေကလည်း စိုးရိမ်နေကြတာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ စစ်ကောင်စီဟာ ထားဝယ်မြို့နယ်အတွင်း လုံခြုံရေးတင်းကြပ်ထားသလို ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ ဆက်စပ်တဲ့သူတွေ အပါအဝင် စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားသူတွေကို ဖမ်းဆီးတာတွေ ပိုမို လုပ်ဆောင်လာတာပါ။

ထားဝယ်မြို့နယ်အတွင်းမှာတော့ ပြီးခဲ့တဲ့ သြဂုတ်လ တတိယအပတ်ကနေ စက်တင်ဘာ ၉ ရက်နေ့အထိ ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦး အပါအဝင် ဖမ်းဆီးခံရသူ ၃၀ ကျော်ထိရှိလာပြီး လူမသိ သူမသိ ဖမ်းဆီးခံရတာတွေလည်း ရှိနေတာ ဖြစ်ပါတယ်။

July 25, 2026
ကရင်ပြည်၊ ဖာပွန်ခရိုင်တွင် အင်အားထောင်ချီဖြင့် စစ်ကြောင်းထိုးနေသည့် စစ်တပ်စစ်ကြောင်းမှာ အထိနာကာ...
ဓာတ်ပုံ-CJ See less
July 24, 2026
အာဏာသိမ်း စစ်တပ် အသွင်ပြောင်း အစိုးရ သမ္မတ ဦးမင်းအောင်လှိုင်က စားသုံးဆီ လျှော့ချဖို့...
July 23, 2026
မော်လမြိုင် - စစ်တပ်အသွင်ပြောင်း အစိုးရလက်ထက်တွင် အခြေခံစားသောက်ကုန်ဖြစ်သော ကြက်ဥတစ်လုံးလျှင်...
July 21, 2026
မွန်ပြည်အတွင်း စစ်အုပ်စုက တရားမဝင်ကုန်ပစ္စည်းအဖြစ် သတ်မှတ်ထားသည့် ထိုင်းကုန်ပစ္စည်းများကို...