မြဝတီမှာ စစ်ကောင်စီရဲ့ ဖမ်းဆီးမှုတွေကြောင့် ငွေလဲလုပ်ကိုင်သူတွေ လုပ်ငန်း ရပ်နားထားရ

မြဝတီမှာ စစ်ကောင်စီရဲ့ ဖမ်းဆီးမှုတွေကြောင့် ငွေလဲလုပ်ကိုင်သူတွေ လုပ်ငန်း ရပ်နားထားရ

ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ်၊ မြဝတီမှာ စစ်ကောင်စီက ဘတ်ငွေလဲလှယ်နေတဲ့သူတွေကို လိုက်လံဖမ်းဆီးနေတာကြောင့် လုပ်ငန်းရပ်နားထားရတယ်လို့ ငွေလဲလုပ်ကိုင်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဘတ်ငွေဈေးနှုန်း အဆမတန် မြင့်တက်လာပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့လက်အောက်ခံအဖွဲ့တွေက ပြီးခဲ့တဲ့သြဂုတ်လအတွင်း ငွေလဲလုပ်ငန်း လုပ်ကိုင်သူတချို့ကို လိုက်လံဖမ်းဆီးခဲ့ပြီးနောက် ငွေလဲလုပ်ကိုင်သူတွေ လုပ်ငန်း ရပ်နားလာကြတာ ဖြစ်ပါတယ်။

"ဟိုတစ်ခါ ဖမ်းဆီးပြီးကတည်းက လိုင်စင်မရှိတဲ့သူတွေက ဆိုင်ဖွင့်ပြီး ငွေလဲတာမျိုးတွေမရှိတော့ဘူး။ ပိတ်ထားရတာပေါ့။ အရင်ကတော့ လိုင်စင်မရှိပေမယ့်လည်း နားလည်မှုနဲ့ဖွင့်ထားသူတွေက အများကြီးပဲ၊ အခုကတော့ တော်တော်များများ ရပ်ထားကြတယ်”လို့ ငွေလဲလုပ်လုပ်ကိုင်သူတစ်ဦးက ပြောပါတယ်။

မြဝတီမြို့မှာ တရားဝင်လိုင်စင်ရှိပြီး ငွေလဲလုပ်ငန်းလုပ်ကိုင်သူ ၁၁ ဦးသာရှိပြီး လိုင်စင်မရှိဘဲ ငွေလဲလုပ်ငန်း လုပ်ကိုင်နေသူ ရာနဲ့ချီရှိနေတာ ဖြစ်ပါတယ်။

ဒါပေမယ့် ပြီးခဲ့တဲ့ သြဂုတ်လ ၁၃ ရက်နေ့က တရားမဝင် ငွေလဲလုပ်ငန်း လုပ်ကိုင်တယ်လို့ဆိုပြီး စစ်ကောင်စီက ငွေလဲလုပ်ငန်း လုပ်ကိုင်သူ ၇ ဦးကို ဖမ်းဆီးပြီးနောက် ငွေလဲလုပ်ငန်းတွေ ရပ်နားထားကြတာ ဖြစ်ပါတယ်။

ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ်၊ မြဝတီမြို့မှာတော့ ရွှေ့ပြောင်းလုပ်ကိုင်သူတွေနဲ့ ဈေးသည်တွေဟာ ဘတ်ငွေနဲ့ကျပ်ငွေ လဲလှယ်ဖို့ လိုင်စင်မရှိတဲ့ ငွေလဲခုံတွေကိုသာ အဓိက အားကိုးနေရတာပါ။

လက်ရှိမှာတော့ ငွေလဲလုပ်ငန်းတွေ ပိတ်ထားတာကြောင့် ရွှေ့ပြောင်းသွားလာသူတွေနဲ့ဈေးသည်တွေမှာ ငွေလဲဖို့ အခက်ခဲတွေရှိနေပြီး ငွေလဲ ရာခိုင်နှုန်းတွေလည်း အရင်ကထက် ပိုမိုပေးဆောင်လဲလှယ်နေရတယ်လို့ ဆိုပါတယ်။

ထိုင်းငွေကြေးဟာ စစ်တပ် အာဏာသိမ်းတဲ့ တစ်နှစ်ခွဲကာလအတွင်း တစ်ဘတ်ကို မြန်မာကျပ်ငွေ ၁၀၀ နီးပါးထိ ဈေးနှုန်း မြင့်တက်လာနေတာ ဖြစ်ပါတယ်။

July 25, 2026
ကရင်ပြည်၊ ဖာပွန်ခရိုင်တွင် အင်အားထောင်ချီဖြင့် စစ်ကြောင်းထိုးနေသည့် စစ်တပ်စစ်ကြောင်းမှာ အထိနာကာ...
ဓာတ်ပုံ-CJ See less
July 24, 2026
အာဏာသိမ်း စစ်တပ် အသွင်ပြောင်း အစိုးရ သမ္မတ ဦးမင်းအောင်လှိုင်က စားသုံးဆီ လျှော့ချဖို့...
July 23, 2026
မော်လမြိုင် - စစ်တပ်အသွင်ပြောင်း အစိုးရလက်ထက်တွင် အခြေခံစားသောက်ကုန်ဖြစ်သော ကြက်ဥတစ်လုံးလျှင်...
July 21, 2026
မွန်ပြည်အတွင်း စစ်အုပ်စုက တရားမဝင်ကုန်ပစ္စည်းအဖြစ် သတ်မှတ်ထားသည့် ထိုင်းကုန်ပစ္စည်းများကို...